Friday, February 8, 2013
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ စီစဉ်မှု့ အပေါ် ပြည်သူများ၏ အမြင်များ
မြန်မာပြည်သူများအကြား ရေပန်းစားလှသော ဆက်သွယ်ရေး ၀န်ကြီး အဖြစ် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ မှ  စီစဉ်မှု့ အပေါ်ပြည်သူများ၏ အမြင်ကို စုစည်း  ဖေါ်ပြလိုက်ပါသည်.
ဆက်သွယ်ရေး  ၀န်ထမ်းတစ်ဦး
ကျွန်တော်တို့   ၀န်ကြီးဌာန အနေနဲ့တော့ နံမည် ပို ကောင်းလာမယ် ထင်ပါတယ်။ အရင်တုန်းက လူတွေ က  ငွေကြေး အရှုပ်အရှင်းတွေ ရှိတယ်လို့  မီဒီယာတွေမှာ တွေမှာ ဝေဖန်ခံနေရတယ်လေ
 ဌာန နံမည်ပျက်တာပေါ့ဗျာ ၊ အခု လူကြီး အသစ် မူဝါဒ အသစ်တွေ နဲ့ လုပ်ရတော့မယ်ထင်တယ်''  လို့ ပြောသွားပါသည်။
 Moblie ဖုန်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ " ကျွန်တော်တို့    အနေနဲ့တော့ အခြား ပြည်သူတွေ နည်းတူ လွယ်ကူစွာ ဆက်သွယ်ရေး အတွက် SIM Card တန်ဖိုးတွေ၊ တယ်လီဖုန်းပြောဆိုခတွေ အိမ်
နီးချင်း နိုင်ငံမျး နည်းတူ ကျဆင်းအောင် ၀န်ကြီး အသစ်က လုပ်ပေးလိမ့်မယ် လို့ ယူဆပါတယ်
  ဟု ပြောကြားသွားပါသည်။
လူတိုင်း မပြောနဲ့  မိသားစုတိုင်းမှတောင် ဖုန်းမကိုင်နိုင်သေးဘူး၊ ထောင်ဂဏန်း၊သောင်းဂဏန်း အနည်းငယ်လောက်ဆို လောက် ဆို လူတိုင်း နီးပါး ကိုင်လာနိုင်မှာပါ'
ဟု ပြောဆိုသွားပါသည်။
 အင်တာနက် ဆိုင်ဖွင့်ထားသော လူငယ်တစ်ဦးကမူ  " အင်တာနက် လိုင်းတွေ ဒီထက် ကောင်းလာဖို့နဲ့    ဈေးနှုန်းကျအောင် လုပ်ပေးပါလို့   ပြောသွားပါတယ်ခင်ဗျာ
 လွှတ်တော် ကိုယ်စားလှယ် တပ်မတော်သား တစ်ဦးကမူ  " ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက လေတပ်ကို ခေတ်မှီအောင် လုပ်ခဲ့တာ လေ၊ စည်းကမ်းလဲ ကောင်းတယ်၊ အရှုပ်အရှင်းလဲ မရှိဘူး၊နည်းပညာ ပိုင်းဆိုင်ရာလည်း လေတပ်မှာက communication နည်းပညာ က အဆင့်မြင့်မြင့် သုံးနိုင်တယ်။လေတပ်က လူတွေက  နည်းပညာပိုင်း အမြင်ရော၊ အတတ်ပညာပိုင်းဆိုင်ရာမှာ နီးစပ် ကျွမ်းကျင်တဲ့ သူများတယ်' ဟု ပြောဆိုသွားပါတယ် ခင်ဗျာ၊
  အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လိုက် ရင် ဈေးနှုန်း မှာ မြင့် နေပြီး အရည်အသွေးပိုင်းမှာ နိမ့်ကျနေသော အင်တာနက် နှင့်   Mobile ဖုန်း လိုင်းများ ကို  ပြုပြင် ပြောင်းလဲရန် နှင့်  ဆက်သွယ်ရေး ဥပဒေ အချို့ကို  ဖျက်သိမ်းပြီး ခေတ်နှင့် လျော်ညီသော ၊ ပြည်သူကို အကာအကွယ်ပေးနိုင်သော ဆက်သွယ်ရေး ဥပဒေ အသစ် ရေးစွဲ  ပြဌာန်းရန်သည် ဆက်သွယ်ရေး ၀န်ကြီး အသစ်ကို စိန်ခေါ်နေသော အလုပ်များဖြစ်သည်ဟု သုံးသပ်ရပါသည်၊
မြန်မာ့ သားကောင်း မီဒီယာမှ စီစဉ်တည်းဖြတ်သည်။
3 comments:
  1. အရပ်သားထဲကပဲရွှေးသင့်ပါတယ်။NLDထဲ
    က ရွှေးသင့်ပါတယ်။အတိုက်အခံကိုရွှေးချယ်
    ခြင်းအားဖြင့် လာဘ်ပေးလာဘ်ယူတားဆီးရေး
    ကလုပ်စရာမလိုပဲရပ်တန့်သွားလိမ်မယ်။
    စစ်တပ်ကလူဆိုရင် အဘ အမ အကိုကြီး
    ညီလေးတွေထောက်ထားစရာတွေများနေအုံး
    မယ်။NLDကိုပဲရွေးလိုက်
    ReplyDelete
  2. ဆက်သွယ်ရေးမှာအောက်ခြေကတက်တဲ့လုပ်သက်ရင့်ဝန်ထမ်းတွေကဘယ်ရောက်ကုန်လို့လဲအားအားရှိဒီစစ်တပ်ထဲကပဲထည့်နေတယ်သိဘူးလုပ်ချင်တာလုပ်ဖုန်းဈေးတော့ချဒါပဲ
    ReplyDelete
  3. အရပ်ဖက်ကဘဲတက်တက်၊တပ်ဖက်ကဘဲလာလာ၊ဆောင်ရွက်သင့်တာဆောင်ရွက်၊ပြင်သင့်တာကိုပြင်၊အရေးယူသင့်တာကိုမယူရင်ထူးမခြားပတ်ပျိုးဘဲဆက်ခင်းနေဦးမှာဘဲ။ လပ်ပေးလပ်ယူဆိုတာ၁၀စုနှစ်၂ခုထဲမှာ CULTURE ဖြစ်နေပြီဆိုတာသတိထားကြပါ။
    ReplyDelete