Wednesday, February 20, 2013

“ဟံသာဝတီဝင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူများ စီတန်းလှည့်လည် ခွင့် တောင်းဆို”

ဟံသာဝတီကားဝင်းပြောင်းရွှေ့မှုနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်သူများမှ စီတန်းလှည့်လည်ခွင့်ပါ တောင်းဆိုထားကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းဆိုထားပါတယ်။ ခွင့်ပြုမိန့်ကျကျ မကျကျ ကျွန်တော်တို့ကတော့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု အဆိုပါ ကားဝင်းမပြောင်းရွှေ့ရေး ကော်မတီမှ ဦးမင်းကိုကပြောသည်။


ယင်းကဲ့သို့ စီတန်းလှည့်လည်ခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ခွင့်ပြုမိန်မ့ တောင်းခံထားဆဲသာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြို့တော်ခန်း မရှေ့ဖြစ်စေ ရန်ကုန်တိုင်း လွှတ်တော်သို့ ဖြစ်စေ စီတန်းလှည့်လည်ခွင့် ရရှိရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိပါက ယခုလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

PNews
popular

1 comment:

  1. ခွင့်ပြုမိန့်ကျကျ မကျကျ လုပ်မှာပဲဆိုရင် တစ်ဖက်ကလည်း မင်းတို့ ကျေနပ်နပ် မကျေနပ်နပ် လုပ်မှာပဲလို့ပြောမှာပေါ့။ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိရခြင်းပဲ မဟုတ်ဘူးလား။ ပြည်သူက ထင်သလိုလုပ်ရင် အာဏာပိုင်ကလည်း ထင်သလိုလုပ်မှာပေါ့။ အာဏာရှင်စနစ်ကိုမုန်းပါတယ်ဆိုပြီး ပြည်သူက အာဏာရှင်လုပ်ချင်တာလား။

    ReplyDelete