Wednesday, February 20, 2013

နေပြည်တော် ကုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ စီမံကိန်းအား ရပ်ဆိုင်းရန်လက်ခံပြီး ယင်းစီမံကိန်းများမှ ထွက်ရှိလာမည့် ကျပ် ၁၂ ဘီလျံနီးပါးကို အခြေခံ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြုပြင်ရန်နှင့် တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည်


Biweekly-1-feb20ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကု ဌာနအဆောင်အား တွေ့ရစဉ်
နေပြည်တော် ကုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ စီမံကိန်းအား ရပ်ဆိုင်းရန်လက်ခံပြီး ယင်းစီမံကိန်းများမှ ထွက်ရှိလာမည့် ကျပ် ၁၂ ဘီလျံနီးပါးကို အခြေခံ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးပြုပြင်ရန်နှင့် တောင်ကြီးဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က "ဆေးရုံကြီးလေးရုံ ဒီနားမှာ ဆောက်တယ်ဆိုတာက အရင်အစိုးရ လက်ထက်ကတည်းက ရန်ကုန်၊ မန္တလေးနဲ့ အဆင့်အတန်းတူအောင် ဒီမှာရှိတဲ့ ဆေးရုံတွေကို ဆောက်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဒီတာဝန်ကိုလည်း မယူရသေးဘူး။ တော်တော်ငယ်တဲ့ အပိုင်းမှာရှိတော့ အသေးစိတ်တော့ အရင်ဆရာကြီးတွေလောက် မသိပါဘူး။ ဒါ့ကြောင့် လတ်တလော အခြေအနေမှာ ဒက္ခိဏသီရိဆေးရုံက မြို့နယ်ဆေးရုံဖြစ်တဲ့အတွက် သူ့ကိုမြို့နယ်ဆေးရုံအနေနဲ့ ဆက်ထားပြီး ကုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးလေးရုံကို မလိုအပ်သေးဘူး ဆိုရင်လည်း ကျွန်တော်တို့ လက်ခံနိုင်ပါတယ်။ အဲဒီအချိန်မှာ ဒီပိုလာတဲ့ ပိုက်ဆံကို မဖြတ်ဘဲ ကျန်းမာရေးဌာနအတွက် လိုတာလေးတွေကို ဆက်သုံးခွင့် ရချင်ပါတယ်။ အထူးသဖြင့် သုံးပိုင်းမှာ အသုံးပြုချင်ပါတယ်။ တစ်ပိုင်းက အခြေခံကျန်းမာရေး အတွက်ပါ။ အောက်ခြေ ၇၀ ရာခိုင်နှုန်းသော ပြည်သူလူထုနေတဲ့နေရာမှာ ကျွန်တော်တို့ စောင့်ရှောက်နိုင်ဖို့ဆိုရင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စတွေမှာ သုံးချင်ပါတယ်။ နောက်တစ်ခုက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ဆင်နိုင်ဖို့ တစ်အုပ်စုနဲ့ တောင်ကြီးဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ဖို့အတွက် တစ်အုပ်စု အဲဒီနေရာတွေမှာ အသုံးပြုနိုင်ရန် တင်ပြအပ်ပါတယ်" ဟု ပြောကြားသည်။

ဆေးရုံကြီးလေးရုံ ဒီနားမှာ ဆောက်တယ်ဆိုတာက အရင်အစိုးရ လက်ထက်ကတည်းက ရန်ကုန်၊ မန္တလေးနဲ့ အဆင့်အတန်းတူအောင် ဒီမှာရှိတဲ့ ဆေးရုံတွေကို ဆောက်ခဲ့တယ်လို့ ကျွန်တော်အနေနဲ့ ယူဆပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ဒီတာဝန်ကိုလည်း မယူရသေးဘူး။ တော်တော်ငယ်တဲ့ အပိုင်းမှာရှိတော့ အသေးစိတ်တော့ အရင်ဆရာကြီးတွေလောက် မသိပါဘူး  .   .   .
ယခင် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် နေပြည်တော်ခုတင် ၅၀၀ ဆံ့ ဗဟိုအမျိုးသမီး ဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သုံးဘီလျံ၊ နေပြည်တော် ခုတင် ၅၀၀ ဆံ့ ကလေးဆေးရုံကြီး တည်ဆောက်ရန်အတွက် ကျပ် သုံးဘီလျံနီးပါး၊ နေပြည်တော် ခုတင် ၅၀၀ ဆံ့ အရိုးအထူးကုဆေးရုံ တည်ဆောက်ရန်အတွက် ကျပ် သုံးဘီလျံ၊ နေပြည်တော် ပင်စင်စား တပ်မတော် အငြိမ်းစားဆေးရုံ တည်ဆောက်ရန်အတွက် ကျပ်သန်း ၁၀၀၊ နေပြည်တော် ဒက္ခိဏသီရိ ဆေးရုံတည်ဆောက်ရန်အတွက် ကျပ်သန်း ၆၀၀ ကို ဘတ်ဂျက်တောင်းခံထားကြောင်း သိရသည်။
ထိုသို့ နေပြည်တော်ဆေးရုံများ တည်ဆောက်ခြင်းအတွက် ဘတ်ဂျက်တောင်းခံခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့ပြီး ယင်းစီမံကိန်းများကို ဆောင်ရွက်မည့်အစား တည်ရှိပြီးသား ဆေးရုံ၊ ဆေးခန်းများတွင်သာ ဆေးဝါးများ၊ သူနာပြုများ ပြည့်စုံစွာ ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
EMG

No comments:

Post a Comment