Tuesday, February 19, 2013

မကျန်ခဲ့စေချင်လို့ ဖိတ်ခေါ်လိုက်ပါတယ်သူငယ်ချင်း

သူငယ်ချင်း ဖရန်စစ်နော်ပါ။ မင်းငါ့ကိုမှတ်မိပါ့မလား။ တစ်ချိန် တုန်းက မြန်မာ့တပ်မတော်ကရဲ ဘော်လေးစိုးသန်းနိုင်ပါ။ ၁၉၈၅ တုန်းက မင်းရယ်၊ ငါရယ်၊ ခင် အောင်ကြီးရယ်မိုးကောင်းဈေးထဲ မှာ လူပျိုလှည့်နေတုန်း မိုင်းကွဲ တော့ ကံသီလို့လွတ်ခဲ့ကြတယ် လေ။ အဲဒီအဖြစ်ကို မျက်မြင် တွေ့ခဲ့ရတဲ့မင်းဟာရေစင်ကြီး အောက်မှာဒူးထောက်ပြီး ““သား တော်တို့ကချင်တိုင်းရင်းသားတွေ ရဲ့ လက်ထဲကို တောင်ယာလုပ်ဖို့ ပေါက်ပြားနဲ့
ဓားမတွေပဲပေးပါ။ သေမင်းတမန်သေနတ်တွေ မရောက်လာပါစေနဲ့၊ လသာည တောင်ယာတဲက ကချင်ရိုးရာ ပုလွေသံနဲ့ ဘုရားကျောင်းက ဓမ္မ တေးသံတွေပဲကြားပါရစေ၊ သေ နတ်သံ၊ မိုင်းသံတွေမကြားပါရစေ နဲ့၊ ကချင်လူမျိုးစုတွေရဲ့မျက် ရည်တွေကို ကိုယ်တော့်လက်နဲ့ သုတ်ပေးပါ။ ကချင်မြေထာဝရ ငြိမ်းချမ်းခွင့်ကို ကိုယ်တော်ရှင်ပေး သနားတော်မူပါ””လို့ ဆုတောင်း တော့ ငါတို့က ဘေးနားကနေ အာမင်လို့တောင် ပြောခဲ့သေး တယ်လေ။ အဲဒီနေ့က ငါတို့မင်းနဲ့ လမ်းခွဲပြီး တပ်ခွဲကို ပြန်ပြေးကြ တယ်။ ရန်သူကိုရှာဖို့ ကမန်းက တန်းသေနတ်ထုတ်ပြီးထွက်အလာ ရဲဘော်တွေကို အလိုလိုက်ပြီး ချစ် သလောက်စစ်စည်းကမ်းနဲ့ပတ် သက်လာရင် ခွင့်မလွှတ်တတ်တဲ့ ကျော်ဟိန်းနဲ့တူတဲ့2ICဗိုလ်မှူးခင် မောင်သန်းကစစ်ဦးထုပ်မဆောင်း တဲ့ ငါတို့ကို နားရင်းအုပ်မလို့လုပ် သေးတာကိုတောင် ပြန်အမှတ်ရ မိသေးတယ်ကွာ။
သူငယ်ချင်းရေ။ မင်းရဲ့ဆု တောင်းကတော့ မပြည့်ရှာပါဘူး။ ကချင်မင်္ဂလာဆောင်မှာ မိုင်းကွဲ တယ်၊မပခတိုင်းမှူးဂေါက်ကွင်းက အပြန်လုပ်ကြံခံရတာတွေဆက်ဖြစ် ခဲ့တယ်။ဒီလိုနဲ့မင်းနဲ့ငါမတွေ့တော့ တဲ့နောက်ပိုင်းတစ်နေ့မင်းရဲ့အစ်မ နဲ့တွေ့တော့ နန်းဟိုင်ရွာမှာ ဆု ဆောင်းရေးဆွဲတော့ မင်းပါသွား ကြောင်း မျက်ရည်စတွေနဲ့ ပြော လာရှာတယ်။ မင်းတို့သူငယ် ချင်းတွေစစ်ပွဲမှာထိပ်တိုက်တွေ့ ရင် ဘယ်လိုလုပ်မလဲတဲ့။ ငါ့ရင် ထဲမှာ မချိဘူး သူငယ်ချင်းရာ။ မင်းရဲ့အစ်မကိုတော့ ““ကျွန်တော် တို့ဘယ်တော့မှ ထိပ်တိုက်တွေ့ မှာမဟုတ်ဘူးလို့၊ မင်းတစ် ယောက်သာ ကိုယ့်လူမျိုးနဲ့ကိုယ့် တပ်ဖွဲ့ဝင်တွေကို ပြန်မသတ်မိ အောင် ဆုတောင်းပေးပါတယ်”” လို့ပြောခဲ့သည်။
ဒီလိုနဲ့ ငါလည်း KNU က ပြန်ခေါ်လို့ တောထဲပြန်ရောက် သွားရာက နောက်ဆုံးမျိုးဆက် သစ်တော်လှန်ရေးပြောက်ကျား တပ်ဦး(မပတ)ဗိုလ်မှူးဘ၀နဲ့ အလင်းဝင်ခဲ့တယ်။ အလင်းဝင် ပြီးနောက်ပိုင်းမှာ လောကဓံနဲ့ ရိုက်နှက်မှုကြောင့် သောက မျက်ရည်တွေကျခဲ့ရပေမဲ့ ကြံ့ကြံ့ ခံပြီး ငါတတ်ခဲ့တဲ့ ဆေးပညာနဲ့ ကျေးလက်နေပြည်သူတွေကို အတတ်နိုင်ဆုံး စောင့်ရှောက် ပေးနေတယ်။ သူတို့ကြည်ဖြူစွာ နဲ့ ကျွေးတာကိုစား၊ ပေးတာကို ယူပြီး အမျိုးသားနိုင်ငံရေးအလုပ် ကို ထမ်းဆောင်နေရတဲ့ အခုဘ၀ ကိုပဲ ကျေနပ်နေမိတယ်ကွာ။
သူငယ်ချင်းရေ။ ငါကသာ ငါ့နယ်မြေမှာ သေနတ်ကိုစွန့်ပြီး နားကျပ်ကိုကိုင်စွဲထားပေမဲ့ မင်း တို့ကတော့ ကချင်လူထုကောင်း စားရေးဆိုပြီး လက်နက်ကိုင် တော်လှန်နေတာ တကယ်တော့ မှားနေတယ်သူငယ်ချင်း၊ တစ် ဖက်နဲ့တစ်ဖက်ဖြစ်ကြတဲ့ လက် နက်ကိုင်ပဋိပက္ခမှာ အရင်ဆုံး ဒုက္ခရောက်ကြမှာ မင်းတို့လူမျိုး စုတွေပဲမဟုတ်လား။ မင်းရဲ့အစ် မကို ငါပြောခဲ့သလိုဆုတောင်း လည်း မပြည့်ပါဘူးကွာ။ ကြားရ တဲ့သတင်းတွေက မင်းတို့ကြောင့် မင်းတို့လူမျိုးစုတွေသေကြေရသလို မင်းတို့ KIA ဗဟိုက အရာခံဗိုလ် ဇန်လွန်ကိုလည်း ကချင်ဘာသာ နဲ့ လွှင့်တဲ့ FNI ရေဒီယို နားထောင်ဖို့ရဲဘော် တွေကို စည်းရုံးလို့ဆိုပြီး သေဒဏ် ပေးလိုက်တယ်တဲ့။ ငါတို့လည်း တောထဲမှာနေရတုန်းက မြန်မာ့ အသံရေဒီယိုနားမထောင်ရဘဲ နိုင်ငံခြားအသံလွှင့်သတင်းတွေကို သာ နားထောင်ခိုင်းတဲ့ KNU လူကြီးတွေနဲ့နေခဲ့ရဖူးပါတယ်။ ဒါပေမဲ့ မြန်မာ့အသံနားထောင် လို့ သိသွားရင်လည်း သေဒဏ် တော့မပေးပါဘူးကွာ။
သူငယ်ချင်းရေ။ ပြည်သူက လက်မခံတဲ့သူတွေဟာ တစ်ချိန် ကျရင် ကျဆုံးရမှာဓမ္မတာပါပဲ။ ဗကပ၊ တာလီဘန်၊ ဆဒမ်၊ ကဒါ ဖီ၊ မားကို့စ်တို့အဖြစ်ကို မင်းသိမှာ ပါ။ သူတို့ကြောင့် ပြည်သူတွေ ဘယ်လောက် နစ်နာခဲ့ရသလဲ။ မင်းတို့လည်း တိုင်းရင်းသားအစု အဖွဲ့လေးနဲ့ မြန်မာ့တပ်မတော်ကို တိုက်နေတာ ဘယ်သူတွေနစ်နာ နေသလဲဆိုတာ ပြန်စဉ်းစားသင့် ပါပြီ။ နှစ်ပေါင်း (၆၀)ကျော်တိုက် လာတဲ့ KNU တောင် သဘော ထားတင်းမာတာတွေ လျှော့ချပြီး တူတာတွေကို ညှိနှိုင်းနေတာ အခုဆိုလုံးဝနီးပါးပြည်နယ်မှာ အေးချမ်းနေတာ မင်းလည်းကြား မှာပေါ့။ လက်နက်ကိုင်တော်လှန် ရေးလမ်းစဉ်ဟာ ကျန်းမာရေး၊ ပညာရေးနဲ့လမ်းပန်းဆက်သွယ် ရေးကို နိမ့်ကျစေတာငြင်းလို့မရ ပါဘူး။ တပ်မတော်ဆိုတာတိုင်း ပြည်တစ်ခုမှာ မရှိမဖြစ်တဲ့ အဖွဲ့ အစည်းတစ်ခုပါကွာ။ တစ်ချိန်က တပ်မတော်အင်အားမရှိခဲ့လို့ ထီး သုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံဝဖြစ်ခဲ့ပြီးတို့တိုင်းပြည်သူ့ ကျွန်ဘ၀နှစ်ပေါင်းရာကျော် ရောက်ခဲ့ရတယ်။ အခုပြည်သူ တွေဟာ ကျည်ဆံတစ်တောင့် ဘယ်လောက်တန်လဲသိနေပြီကွ။ အဲဒီလက်နက်တွေကို ဘယ်သူမှ အလကားမပေးဘူးဆိုတာလည်း သိတယ်။ တိုင်းပြည်သယံဇာတ ဆုံးရှုံးတာလဲသိနေပြီ ပြည်သူတွေ မညံ့တော့ဘူး။
သူငယ်ချင်းရေ၊ အခုအရပ် သားအစိုးရဟာ ဘယ်နိုင်ငံ၊ ဘယ် အဖွဲ့အစည်း၊ ဘယ်သူပြောလို့မှ ပြည်တွင်းစစ်မီးရပ်စဲအောင်  ငြိမ်း ချမ်းရေးလုပ်နေတာမဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်လို့လုပ်နေတယ် ဆိုတာ ယုံစမ်းပါ။ အာဏာရှင် နိုင်ငံဘ၀ကနေ ဒီမိုကရေစီနိုင်ငံ ဘ၀ကို ငြိမ်းချမ်းစွာ ပွင့်လင်းမြင် သာစွာ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံဆိုလို့ ကမ္ဘာမှာ တို့နိုင်ငံပဲ ရှိတယ်ဆိုတာ မင်းယုံစမ်းစေချင် တယ်။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်နေ တဲ့အချိန်မှာ မင်းတို့တစ်ဖွဲ့ပဲ ကျန် တော့တယ်ဆိုရင်လည်း မမှားပါ ဘူး။
သူငယ်ချင်းရေ၊ အဖိုးတန် ကျွန်းပင်ကြီးနဲ့တူတဲ့ တို့တိုင်းပြည် ကို ခုတ်မယ့်ပုဆိန်တွေမင်းတို့ အနားမှာရှိနေတယ်။ အဲဒီပုဆိန်ရဲ့ အသုံးချခံအဖိုးမတန်တဲ့သစ်သား ရိုးမဖြစ်ပါစေနဲ့လို့ မင်းတို့ရဲ့ ကရုဏာရှင်ကိုယ်တော်ထံမှာ ငါ ဆုတောင်းပေးရင်း ၂၀၁၅ ရွေး ကောက်ပွဲအတွက် တစ်ဖွဲ့တည်း ကျန်တဲ့မင်းတို့ကို မကျန်ခဲ့စေချင် လို့ ဖိတ်ခေါ်လိုက်တယ်သူငယ် ချင်း။

ဘုန်းစစ်
Hot News journal

No comments:

Post a Comment