Tuesday, February 19, 2013

ကားဈေး အနည်းငယ်တက်၊ တလ ပျှမ်းမျှ အစီး ၅၀၀ ခန့် ရောင်းရဟုဆို

ရန်ကုန် (မဇ္ဈိမ)။   ။ ပြီးခဲ့သည့် သီတင်းပါတ်အတွင်း မော်တော်ကား ဈေးများ အနည်းငယ် တက်လာပြီး ဟံသာဝတီ ကားပွဲစားတန်းတွင် တလလျှင် ပျှမ်းမျှ ကားစီးရေ ၅၀၀ ခန့် ရောင်းချခဲ့ရေ ကြာင်း မြန် မာနို င်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း-ဗဟို- ရန်ကုန်က ဆိုသည်။

“ဒီအပတ်ထဲမှာ လေလံဈေး အနည်းငယ် တက်လာသလို ဂျူတီကြေးကလည်း ၄-၅ သိန်းလောက် တက်လာတာ
ကြောင့် ပြည်တွင်း မော်တော်ယာဉ် ဈေးနှုန်းအနေနဲ့ ကားတစီးကို ကျပ် ၅ သိန်းကနေ ၁၀ သိန်းလောက်အထိ
ဈေးတက်လာပါတယ်” ဟု ယင်းအသင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းဦး က ဆိုသည်။

လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာ ၂၀၀၇ မော်ဒယ်လ် အင်ဂျင်ပါဝါသေး၊ ပရိုဘောက်၊ တိုရိုတာ
ဘက်တာ၊ ဟွန်တာဖစ်၊ တိုရိုတာဘစ်၊ ဆူဇူးကီးဆွဖ်၊ နစ်ဆန်း-အေဒီဘင် စသည့် ကားငယ်များဖြစ်သည်ဟု ဆိုသည်။

“စလစ်ဈေးတွေကိုလည်း အနည်းငယ် တက်တယ်။ အရင်က ရိုးရိုးစလစ်ကို ၈၁ သိန်း၊ အခွန်ဆောင်ပြီး စလစ်ဆို ၈၆ သိန်းပဲ ရှိရာက အခု ရိုးရိုးစလစ် ၈၈ သိန်း၊ အခွန်ဆောင်ပြီး စလစ်ဆို ၉၄ သိန်းအထိ ဈေးတက်လာပါတယ်” ဟု ဝါရင့် ကားပွဲစား ဦးမြင့်သန်း က ပြောသည်။

အလားတူ အေအေစလစ် ဈေးများလည်း ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ဈေးနှုန်းများ တက်လာကြောင်း သိရသည်။

“တက္ကစီ တွေမှာ ဘီဘီတွေ ပါဝင်နေပါပြီ။ အေအေ တက္ကစီကားတွေလည်း အခုရက်ပိုင်း ကျပ်သိန်း ၁၀၀-၁၁၀ ထိ ဈေးတိုးပြောလာကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန် ကားအရောင်းပြခန်းများ၏ ရောင်းအားမှာလည်း တလလျှင် ကားစီးရေ ၁၅၀ ခန့် ရှိနေကြောင်း ကားတင်သွင်းသူများထံမှ သိရသည်
Mizzima

No comments:

Post a Comment