ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ ဖော်ထုတ်ရန် အတွက် အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့်
ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည် ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။ လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။ ။
မြ၀တီ
No comments:
Post a Comment