Wednesday, August 5, 2015

ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ခဲ့သည့် ဒေါက်တာညိုညိုသင်းကို ပါတီအချို့ ကမ်းလှမ်းဟုဆို

အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်းတွင် ကျန်ရစ်ခဲ့ပြီးနောက် ပါတီအချို့က ကမ်းလှမ်းမှုများ ပြုလုပ်လာ ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။
လာမည့် အထွေထွေရွေး ကောက်ပွဲတွင် အင်န်အယ်လ်ဒီမှ နေ၍ ပြည်သူ့လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားခဲ့သော်လည်း တာဝန်ပေးခံရ သော ကိုယ်စားလှယ်စာရင်းတွင် ဒေါက်တာညိုညိုသင်း မပါဝင်ခဲ့ ပေ။ ‘‘ကိုယ်စားလှယ်စာရင်းမှာ မပါဘူး ဆိုတဲ့နောက်မှာ ပါတီ တော်တော်များများက ဝိုင်းအား ပေးကြတယ်။ ကမ်းလှမ်းမှုတွေ လည်း ပြုလုပ်ခဲ့ကြတယ်’’ ဟု လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တာဝန်ထမ်း ဆောင်နေသော ဒေါက်တာညိုညို သင်းက ပြောသည်။သို့သော် ၎င်းအနေဖြင့် အင် န်အယ်လ်ဒီပါတီကိုယ်စားလှယ် လောင်းစာရင်းမှ ချန်လှပ်ခံထားရ ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မှု ပြု၊ မပြု မစဉ်းစားရသေးဟု ဆို သည်။

ကိုယ်စားလှယ်လောင်းစာ ရင်းမှ ကျန်ခဲ့ရသည့် အကြောင်း ရင်းကို သိရှိနားလည်ထားခြင်းမရှိ ၍ ဆက်သွယ်မေးမြန်းလာခြင်း ကို ဖြေကြားရှင်းပြရန် အခက် အခဲရှိနေသဖြင့် ကိုယ်စားလှယ် လောင်းစာရင်းမှ ကျန်ခဲ့ရသည့်အ ကြောင်းအချက်သိရှိနိုင်ရန် သြ ဂုတ် ၄ ရက်တွင် ပါတီသို့ စာပေးပို့ မေးမြန်းထားသည်ဟု ဆိုသည်။
လက်ရှိတွင် ပါတီကိုယ်စား လှယ်လောင်း စာရင်း၌ ပါဝင်ခြင်း မရှိသော်လည်း အကြောင်း ကြောင်းကြောင့် ပြန်လည်ပြင် ဆင်၍ ထည့်သွင်းပြီးတာဝန်ပေး လာပါက အင်န်အယ်လ်ဒီပါတီနှင့် ပင် ပူးပေါင်းလုပ်ဆောင်ရန် အ ဆင်သင့်ရှိသည်ဟု  ပြောကြား သည်။
သို့သော် ၎င်းမှာ ယခုအချိန် အထိ အင်န်အယ်လ်ဒီပါတီဝင် မဟုတ်သေးကြောင်း သြဂုတ် ၃ ရက်တွင် ပါတီရုံးသို့ စာသွား ရောက်တင်ခဲ့ရာမှ သိရှိခဲ့ရသည် ဟု ဆက်လက်ပြောကြားသည်။
ဒေါက်တာ ညိုညိုသင်းမှာ ၁၉၈၉ မှစ၍ သင်္ဃန်းကျွန်းမြို့နယ် အင်န်အယ်လ်ဒီ ပါတီလူငယ်အ ဖြစ် ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ရွေး ကောက်ပွဲအောင်နိုင်ရေးတာဝန် ယူလှုပ်ရှားခဲ့သည်။ ၂၀၁၀ ရွေး ကောက်ပွဲတွင် ဒီမိုကရက်တစ်ပါ တီ(မြန်မာ)မှ ရွေးကောက်ပွဲဝင် ရောက်အနိုင်ရရှိခဲ့သဖြင့် တိုင်းဒေ သကြီးလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၂ တွင် ယင်းပါတီမှ နုတ်ထွက်ခဲ့ သည်။ အင်န်အယ်လ်ဒီပါတီအနေ ဖြင့် ရွေးကောက်ပွဲအတွက် ကိုယ် စားလှယ်လောင်းစာရင်းထုတ်ပြန် ခဲ့ရာ ဒေါက်တာညိုညိုသင်းအပါ အဝင် ထင်ရှားသော နိုင်ငံရေးသ မားများ၊ အသိပညာရှင်၊ အတတ် ပညာရှင်အချို့ ကျန်ရစ်ခဲ့ရမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်ခံရမှု များရှိခဲ့သည်။
ယင်းပါတီ၏ဗဟိုအလုပ်အ မှုဆောင် ဦးဝင်းမြင့်က ကိုယ်စား လှယ်လောင်းရွေးချယ်မှုကို ပညာ ရှင်အဖွဲ့နှင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေး စီအီးစီအဖွဲ့တို့က ပါတီမူဝါဒများနှင့်အညီ စိစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်၍ ပြန်လည် ပြင်ဆင်ရန်မရှိနိုင်ကြောင်း ပြောကြားထားသည်။
7 day

3 comments:

  1. ဆရာမ ဒုသမ္မတ အိမ်မက်ကတော့ ပျက်ပါပြီ။ဆရာမကိုယ်တိုင်ရောပြန်စဉ်းစားကြည့် ပါ ကိုယ်ပြောလာတာတွေ
    ကပြည်သူကိုအကျိုးရှိမရှိ နာမည်ကြီးချင်ဇောနဲ့ ပြောယင်ဒီလိုပဲခံရတတ်တယ်။နောက်ဆရာမလိုပဲခံရမဲ့ သူတွေ၇ှိသေးတယ်။မြန်မာစကားပုံရှိတယ်ဆရာမ `ဟောင်လွန်ယင်လည်းလူမလေးဘူး ကိုက်လွန်းယင်လည်းအဆိပ်ကြွေးခံရတတ်တယ်´။ဘာမှမလုပ်ပဲနေပါတော့ ဗျာ ဘင်ဂါလီပညာရေးဥပဒေ
    ကနေကုလားပေးထားတာလေးနဲ့ ငြိမ်ငြိမ်နေပါတော့ ။ထိုင်ရှက်ယင် လုံချည်မကျွတ်ဘူး ထရှက်ယင်လုံချည်ပါကျွတ်လိမ့် မယ်။ဆရာမမို့ သာမရှက်တတ်တယ်ဒုသမ္မတရာထူးတဲ့ ။အပြောအဆိုလေးလည်းပြင်ပါ။ကျောင်းသားဘ၀ကဆရာမကိုအရမ်းဆွဲချင်တာပဲ ဒါပေမယ့် ဆရာမအပြောအဆိုကြောင့် စိတ်ကုန်ခဲ့ ရတယ်။

    ReplyDelete
  2. ဟုတ်တယ် အဖွားကြီးကသမ္မတ သူကဒုသမ္မတ အိမ်မက်မက်နေတာ။ လူထုထဲဆင်းပြီးကိုယ့် ဘ၀ကိုယ်မလေ့ လာဘူး။ပြောချင်ရာလျှောက်ပြော သတ္တိရှိယင် ရန်ကုန်မြစ်တဖက်ကမ်းသွားကြည့် လေ။

    ReplyDelete
  3. NLDကစောက်ရှုးမှမဟုတ်တာ သိန်းလွင်ကိုတောင်ထုတ်ပစ်တာ သူကိုဘာကြောင့် လက်ခံရမှာလည်း။ဘင်ဂါလီပညာရေးဥပဒေရဲ့ အကျိုးလေ။ဇဗူဒီပါလက်ယာတောင်ကျွန်း
    ဒီဘ၀တင်ကိုအကျိုးပေးတာမှတ်ထား။

    ReplyDelete