Tuesday, February 19, 2013

တရားပွဲမှာ အလကားရခဲ့တဲ့ ထီလက်မှတ် (၁၀)သိန်းပေါက်၊ ထီတိုက်ပေးသူက (၁)သိန်းဟုတ်တယ်ပြောပြီး (၉)သောင်းခွဲပေး၊ ရဲနဲ့အုပ်ချုပ်ရေးက ခေါ်စစ်တော့မှ ပြန်ပေး


နေပြည်တော်-ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၄)လမ်းတွင် တည်ဆောက်ထားသော မစိုးရိမ် ကျောင်းတိုက်ဝန်းအတွင်းတွင် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၂၉/၃၀/၃၁ ညများ၌ တရားပွဲ များကို (၃)ညတိုင်တိုင် ကျင်းပခဲ့ရာ ပျဉ်းမနားမြို့၊ တိုင်းချစ်လျှပ်စစ်စတိုးနှင့် မိုးယံရွှေလမင်း ထီကိုယ်စားလှယ် ဦးဖိုးနီက တရားလာရောက်နာယူကြသောသူများကို ထီ(၁၀)ဆောင်တွဲ (၁၅)တွဲအား တစ်ညလျှင် (၅)တွဲနှုန်း
ကံစမ်းမဲဖောက်လှူဒါန်းခဲ့ရာ ဒုတိယညတွင် လှူဒါန်းခဲ့သော ထီလက်မှတ် (ဗ-၇၃၅၈၃၀ မှ ၇၃၅၈၃၉ ထိ) (၁၀)ဆောင်တွဲမှ ထီဆုငွေ  ကျပ်(၁၀)သိန်းကို ဦးမင်းဒင်ရပ်ကွက်နေသူ ဒေါ်လှကြည်မှ ကံအားလျော်စွာ ဆွတ်ခူးရရှိခဲ့ကြောင်း ထီဖွင့်ပြီး နောက်နေ့တွင် မိုးယံရွှေလလမင်းထီဆိုင်တွင် ကြော်ငြာသင်ပုန်းတွင် ကြေညာထားသော်လည်း ကံထူးရှင်မှာ ထီပေါက်နေသည်ကို မသိ၍ အိမ်နီးနားချင်းဖြစ်သူ ဦး——အား ထီတိုက်ခိုင်းရာ ဦး——-မှ ထီ(၁)သိန်းဆုပေါက်နေကြောင်း၊ ငွေကျပ် (၉၅၀၀၀ိ/-) ပေးမည်ဟုဆို၍ ငွေ(၁)သိန်း ချက်ချင်းပေးပြီး ထီလက်မှတ်ကို ယူသွားကြောင်း၊ ထိုသတင်းအား မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စကားစပ်မိခဲ့ရာမှ အုပ်ချုပ်ရေးမှူးနှင့် နယ်မြေတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ သိရှိသွားကာ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထီလက်မှတ်ယူဆောင်သွားသူကို စစ်ဆေးခဲ့ရာ အဖြစ်မှန်ကို ၀န်ခံခဲ့ပြီး ထီလက်မှတ်ကို ရောင်းစားပြီးဖြစ်ကြောင်းသိရှိရ၍ ထီပေါက်ခဲ့သူ ဒေါ်လှကြည်အား ငွေကျပ် (၈၅၀၀၀၀ိ/-) (ရှစ်သိန်းငါးသောင်းတိတိ)ပြန်လည်ပေးအပ်စေခဲ့ရာ ကံထူးရှင် ဒေါ်လှကြည်မှ ငွေ(၈)သိန်းသာ ပြန်ယူပြီး (၅၀၀၀၀ိ/-)ကို ထီတိုက်ပေးခဲ့သူ ဦး—–အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါကံထူးရှင် ဒေါ်လှကြည်မှာ အိမ်ငှားနေရပြီး အ၀တ်လျှော်လုပ်ငန်းဖြင့် ဘ၀ရပ်တည်နေရသူဖြစ်ကြောင်း ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
မြင့်အောင် (နေပြည်တော်)
HotNewsJournal

No comments:

Post a Comment