Tuesday, February 5, 2013

ခရမ်းချဉ်သီးက နှလုံးဖောက်ပြန်မှုဖြစ်နိုင်ခြေ လျော့နည်းစေနိုင်

ခရမ်းချဉ်သီးတွင် ပါဝင်သော ဓာတုသတ္တိများက နှလုံးေ ဖာက်ပြန်မှု ဝေဒနာ ခံစားရနိုင်ခြေကို လျော့နည်းစေကြောင်း သုတေသီများက ထောက်ခံ ပြောဆို လိုက်သည်။ ခရမ်းချဉ်သီး အခွံတွင် ပါရှိသည့် ဓာတ်ပစ္စည်းများကို ထည့်သွင်းထားသည့် Ateronon ဆေးတောင့်သည်
ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအတွင်း သွေးခဲမှုကို တားဆီးရာတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း သိရှိရသည်။ နောက်ထပ် အသစ်တွေ့ရှိမှုများအရလည်း သွေးကြောများ၏ အလုပ်လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးသလို သွေးစီးဆင်းမှုကို မြန်ဆန်အောင် Aterononက ကူညီပေးကြောင်း ဖော်ထုတ်လာနိုင်သည်။ ယင်းသည် ခရမ်းချဉ်သီးနှင့် အထင်ကရ ကျန်းမာရေး အထောက်အကူပြုမှု ညွှန်ကိန်းတစ်ရပ်ကို ပထမဆုံးအကြိမ် ခိုင်ခိုင်မာမာ ဆက်စပ် တွေ့ရှိလာခြင်း ဖြစ်သည်။



သုတေသီများက အဆိုပါ ဆေးတောင့်လေးများသည် ကမ္ဘာပေါ်တွင် လူပေါင်းများစွာကို နှလုံးဝေဒနာဖြင့် သေဆုံးရခြင်းမှ တားဆီးပေးနိုင်မည်ဟု မျှော်လင့်နေသည်။ နေ့စဉ်နေ့တိုင်း ခရမ်းသီး (၆)ပေါင်မျှ စားသောက်ခြင်းကို မည်သူမျှ ဆန္ဒရှိမည် မဟုတ်သော်လည်း အဆိုပါ ဆေးတောင့်လေးများကိုမူ လွယ်ကူစွာ မြိုချရန် ဝန်လေးမည် မဟုတ်ဟု ပညာရှင်များက ပြောကြားခဲ့သည်။ ထိုဆေးတောင့်လေးများတွင် ခရမ်းချဉ်သီး အခွံ၌ အဓိက တွေ့ရသည့် Lycopeneခေါ် ဓာတ်ပစ္စည်းတစ်မျိုး ကြွယ်ဝစွာ ပါဝင်နေပြီး ယင်းသည် သွေးကြောများအတွင်း အဆီစုခြင်းကို ချေဖျက်တားဆီးပေးသည့် ဂုဏ်သတ္တိ ရှိနေကြောင်း သိရသည်။
Planet.com.mm

No comments:

Post a Comment