ထို့အပြင် မြောက်ကိုရီးယားသည် သေးငယ်ထိရောက်သော နျူကလီးယားဗုံးတစ်လုံးကို ထုတ်လုပ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်နေကြောင်းလည်း တောင်ကိုရီးယား စစ်ဘက်အရာရှိက ပြောကြားသည်။ မြောက်ကိုရီးယား၏ နျူကလီးယားအရေး လတ်တလော လှုပ်ရှားဆောင်ရွက်မှုများအပေါ် မည်သို့တုန့်ပြန်မည်ဆိုခြင်းမှာ တောင်ကိုရီးယား၏ ပထမဆုံး ရွေးကောက်ခံအမျိုးသမီးသမ္မတ ဘတ်ဂျွန်ဟေးအတွက် ဖြေရှင်းရမည့် ကိစ္စရပ်ကြီးတစ်ခု ဖြစ်လာကြောင်း သတင်းများက သုံးသပ်ကြသည်။ ဘတ်ဂျွန်ဟေးသည် လာမည့် ဖေဖေါ်ဝါရီ ၂၅ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည် ဖြစ်သည်။
Source: The Asahi Shimbun

No comments:
Post a Comment