Wednesday, February 27, 2013

ကြောက်မက်ဖွယ် လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ KIA ခေါင်းဆောင် ကြိုးစားနေ


့ကေအိုင်အေ ဌာနချုပ် လိုင်ဇာမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က  ထိပ်တန်း အစည်းအဝေး တစ်ခုလုပ်ခဲ့ ကြောင်း အဆိုပါအစည်းအဝေးသို့  ဂမ်ရှောင် အပါအ၀င် ကေအိုင်အေက တပ်မှူးတွေနဲ့ ဗဟိုက
တာဝန်ရှိတဲ့ သူတွေ တက်ရောက်ခဲ့ကြောင်းသိရပါတယ်၊ အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်က  အစိုးရ တပ်ဆီကို လက်နက်ချ အလင်းဝင်ဖို့ ကြိုးစားခဲ့တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် တွေ အပြစ်ပေးရေးကိစ္စဖြစ်ပါတယ်။
အစည်းအဝေးတွင်  KIA ခေါင်းဆောင် ဂမ်ရှောင် မှ  ကေအိုင်အေ ကို စွန့်ခွာပြီး မိဘနေရပ်ဆီမှာ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လိုတဲ့အတွက် အစိုးရတပ်ဆီမှာ လက်နက်ချ အလင်းဝင်လိုတဲ့ ကေအိုင် တပ်ဖွဲ့ဝင် ၄၅ ဦးကို သေဒဏ်ပေးရန် အမိန့်ပေး ခဲ့တယ် လို့ သိရပါတယ်။ ၄၅ ဦးထဲကနေ  ကနေ ၃ ဦး ပြန်လွတ် သွားပြီး လွတ်သွားတဲ့ ၃ ဦးထဲမှာ ပလောင် တပ်ဖွဲ့က စစ်ကူ လွှတ်ထားတဲ့သူ ၁ ဦး ပါကြောင်း၊ လွတ်သွားတဲ့ ၃ ဦးကို တွေ့တဲ့ နေရာမှာ တစ်ခါတည်း သတ်ပစ်ရန်  ဖမ်းမိထားတဲ့ ၄၂ ဦး ကိုလည်း  ရက်စက်စွာ သေဒဏ် ပေးလို့ အမိန့် ပေးခဲ့ပါတယ်။
အစည်းအဝေး တက်လာတဲ့ တပ်မှူးတွေက ဒီလို အပြစ်ပေးရင် တပ်ဖွဲ့ဝင် တွေအချင်းချင်း စည်းလုံးညီညွတ်ရမှာ ဖြစ်ကြောင်း၊ ဒီလို အပြစ်ပေး အရေးယူလိုက်ရင် တပ်ဖွဲ့ဝင်တွေ အချင်းချင်း စိတ်ဝမ်းကွဲကုန်ပြီး တစ်ဦးနဲ့တစ်ဦး အယုံအကြည် ကင်းမဲ့သွားနိုင်ကြောင်း၊ အရေးယူ ခံရမယ့် တပ်ဖွဲ့ဝင်တွေ ထဲမှာ ကေအိုင်အို လူကြီးတချို့ရဲ့ ဆွေမျိုးတွေလည်း ပါဝင်နေတဲ့အကြောင်း၊ အရေးယူ ခံရတဲ့ ဆွေမျိုးသားချင်းတွေဟာ နာကြည်းမှုကြောင့် လက်တုံ့ပြန်လာခဲ့ရင် အခြေအနေဟာ ဒီထက် ပိုဆိုးသွားနိုင် ကြောင်း ချင့်ချိန်ဆွေးနွေး ကန့်ကွက်တင်ပြ ခဲ့ပေမယ့်ဂမ်ရှောင်က    မင်းတို့လဲ အဲကောင်တွေ လို ဖြစ်ချင်တာလားဟု ကြိမ်းမောင်း သွားခဲ့ကြောင်း သိရသည်။
ထို့အပြင် အစိုးရ တပ်နှင့် စစ်ပွဲအတွင်း မီဒီယာသမား ပုံစံဖြင့် KIA ရဲ့ စစ်သတင်းများ လာယူခဲ့သော မီဒီယာ သမားများကို စာရင်းပြုစုထားရန် နှင့်  မကြာမီ လိုင်ဇာသို့ လာရောက်ခဲ့သော နေမျိုးဇင် အဖွဲ့ထဲတွင် KIA ကို ဒုက္ခပေးလာနိုင်သည့် လူအချို့ ပါလာနိုင်ကြောင်း  ပြောဆိုသွားခဲ့ပါသည်.။
မကြာခင် ရက်ပိုင်းအတွင်းကလည်း အစိုးရ တပ်မတော်က ထုတ်လွှင်တဲ့ ရေဒီယို FM လိုင်းကို နားထောင်တဲ့ အတွက်  ကချင် တိုင်းရင်းသာ အချို့ကို  အပြစ်ပေး အရေးယူခဲ့ကြောင်း သိရပါသည်။
မြန်မာ့သားကောင်း




No comments:

Post a Comment