Friday, February 1, 2013

လှိုင်သာယာမြို့နယ် Star Light ကုမ္ပဏီပိုင်မြေတွင် လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွား

လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်းလမ်းမကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေတွင် ဖေဖော်ဝါရီ ၁ ရက်ညပိုင်းကစတင်ကာ
လူအုပ်စုလိုက်မြေနေယာဝင်ရောက်ဦးယူမြေကွက်ရိုက်မှုများဖြစ်ပွားလျက်ရှိရာ ယနေ့ညနေပိုင်းအထိ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းများနှင့် မြေလာရောက်ဦးယူသူများကြား ပြသာကို ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ယင်းနေရာသို့သွားရောက်သတင်းယူနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။
မြေဦးသူများက ကိုယ့်သဘောနှင့်ကိုယ် တဲတစ်ကွက်စာ ၀ါးတိုင်များစိုက်ထူကာ ကြိုးများသွယ်တန်းနေရာယူထားခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများက ၀ါးတိုင်းများကိုပြန်စွဲနှုတ်သဖြင့် အပြန်အလှန်အညင်းပွားနေခြင်းဖြစ်သည်။
"ခုလေးပဲ ဓားတွေနဲ့ထခုတ်ကြတယ်။ လူတွေလည်းရုတ်ရုတ်ဖြစ်နေယ်။ ရဲတွေတော့ထပ်ရောက်လာပြီ။ ရဲတွေစည်ပင်တွေကတော့ရပ်ကြည့်နေတာပဲ" ဟု 7 Day သတင်းထောက်ကပြောသည်။
မြေနေရာလာဦးနေသူများအားမေးမြန်းရာတွင် "မနေ့ညတုန်းက လိုင်းခန်းတွေဘက်မှာသတင်းကြားလို့ တစ်နေရာလောက်ရမလားလာယူကြတာ။ ဒီနေရာမှာဘယ်သူလာစဦးလဲဆိုတာမသိဘူး။ အကွက်ကလည်းကိုယ်တွေအဆင်ပြေသလိုပဲရိုက်လိုက်ကြတာလေ။ ခဏလောက်ဖြစ်ဖြစ်ဒီမှာတဲထိုးနေရရင် အိမ်လခများသက်သာမလားလို့" ဟု ဆိုသည်။

ဓာတ်ပုံ- ငြိမ်းငြိမ်းနိုင်

7DaysJournal

No comments:

Post a Comment