Sunday, February 3, 2013

THE LADIES ဂျာနယ်မှ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများ စုဆောင်းအသုံးပြုဆဲ ဆိုသည့် အစီရင်ခံစာ သတင်းတွင် ဓာတ်ပုံလိမ်လည် ဖော်ပြ


ယနေ့ နေ့လည်ပိုင်းတွင် တူ၊တူမလေး နှစ်ယောက် ဂျာနယ်ကိုင်ပြီး လာမေးကြသည်။ ဒီကလေးစစ်သားတွေ က တကယ်လားတဲ့။ သတင်းကို ဖတ်ကြည့်လိုက်တော့ မြန်မာ့တပ်မတော်မှ ကလေးစစ်သားများ စုဆောင်း အသုံး ပြု ဆဲဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ရပ်၏ အစီရင်ခံစာ ဖော်ပြ ဆိုသည့် သတင်းခေါင်းစဉ် ဖြင့် လူ့အခွင့်အရေး အုပ်စု တစ်စု၏ သတင်းအား ရေးသားထားသည်။

သတင်းပါ အချက်များမှာ အစိုးရမှ တရားဝင် ဖြေရှင်းခဲ့ပြီး ဖြစ်ယုံသာမက နိုင်ငံတော်မှ တာဝန်ကြီး ထမ်းဆောင် သူများမှ ရှင်းလင်းပြီး ဖြစ်သည်များကို တစ်ဖက်သတ် အမြင်ဖြင့် ရေးသားထားသည်များကို ဖော်ပြခြင်း ဖြစ်သည်။ ထိုထဲတွင်မှ ဓာတ်ပုံမှာ အဖြူအမည်းဖြင့် ကလေးစစ်သားများ လေ့ကျင့်နေသည့်ပုံ ဖြစ်နေသည်။ ကလေးများ ကိုင်ဆောင်သည့် သေနတ်များမှ လွဲ၍ ကျန်သည့် ၀တ်စုံအနေအထား၊ ဖိနပ်၊ ဦးထုပ်များမှာ မြန်မာ့ တပ်မတော်နှင့် ခပ်ဆင်ဆင် ဖြစ်ချိန်တွင် တပ်မတော် သေနတ်များအကြောင်း မသိသည့် ပြည်သူများအဖို့ အထင်အမြင် လွဲမှားနိုင်ပေသည်။

ထိုသတင်းများထဲတွင်မှ နိုင်ငံမြောက်ပိုင်း၌ ကချင်လက်နက်ကိုင်များနှင့် စစ်ဆင်နေဆဲဖြစ်သည့် မြန်မာတပ်မ တော်သည် စစ်သားများ တပ်ပြေးမှုနှုန်းမြင့်မားခြင်းကြောင့် လူသစ်များ စုဆောင်းရရှိရန် အဆက်မပြတ်လိုအပ် နေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည် ဆိုသည့် အချက်အားလည်း ရေးသားခဲ့သည်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အလွဲအသုံးချ၍ တပ်မတော်ကို အပုပ်ချ ဝေဖန်သည့် အရေးအသားများကို မဟုတ်မှန်သည့် ဓာတ်ပုံ အသုံးပြု၍ ရေးသားခြင်းကို တာဝန်ရှိသူများ တစ်ခုခု ဆောင်ရွက်သင့်ပေသည်။

အကြောင်းအရာနှင့် ပတ်သက်၍ မိတ်ဆွေ တပ်ရင်းမှူး တစ်ဦးအား မေးကြည့်ရာ တပ်မတော် တပ်ရင်းများ အနေဖြင့် စစ်သားစုဆောင်းရေး တပ်သို့ တပ်သားသစ်များ ပို့ဆောင်ရာတွင် အသက်ပြည့်ပြီး မှတ်ပုံတင် လိုအပ် သည်၊ အသက်ပြည့်ပြီး မှတ်ပုံတင်သာမက မိဘအုပ်ထိန်းသူကိုယ်တိုင်(သို့မဟုတ်) ခိုင်လုံသည့် ကိုယ်ပိုင်ဆန္ဒပြု သည့် စာများ လိုအပ်ပြီး၊ ကျန်းမာကြံ့ခိုင်မှုများကို လက်တွေ့ စစ်ဆေးပြီး လက်ခံကြောင်း ၊ တပ်ရင်းတိုင်းမှ အရာရှိများကို ခေါ်ယူ၍ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်သည့် သင် တန်းများကို တက်ရောက်ထားရကြောင်း၊ ကလေးသူငယ်များကို တပ်ရင်းတွင် အသုံးပြုပါက ထောင်ဒဏ် အထိ ကျခံရကြောင်းတို့ကို ရှင်းပြပေးခဲ့သည်။

လက်တွေ့တွင်မူ နယ်စပ် တိုင်းရင်းသားလက်နက်ကိုင် တပ်များတွင် ကလေးစစ်သားများ အသုံးပြုနေကြောင်း၊ ကချင်ပြည်နယ်တွင် လူသစ်များ အဓမ္မစုဆောင်းနေကြောင်းတို့ကို မြင်တွေ့ကြားသိနေသော်လည်း အဆိုပါ ဂျာနယ်တွင် ဖော်ပြခြင်းမရှိပေ။
oppositeyes  facebook

No comments:

Post a Comment