Saturday, February 16, 2013

ဖေ့ဘွစ်အဟက်ခံရ သို့သော် user များ၏အချက်အလက်ပါမသွားခဲ့


ဆန်ဖရန်စစ္စကို ဖေဖော်ဝါရီ ၁၆

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူမှုဆက်ဆံရေးကွန်ယက်ဖြစ်သည့် ဖေ့ဘွစ်အား ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း user များ၏ သတင်းအချက်အလက်များရယူသွားနိုင်ခြင်းမရှိခဲ့ဟု ဖေ့ဘွစ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

“ကျနော်တို့ရဲ့ကိုယ်ပိုင် အင်ဂျင်နီယာ အဖွဲ့ တခြားကုမ္ပဏီတွေက လုံခြုံရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေနဲ့ အတူပူးပေါင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ဒီတိုက်ခိုက်မှုအကြောင်းကို လေ့လာစုံစမ်းပြီး အလားတူတိုက်ခိုက်နိုင်တာတွေကို ဘယ်လိုတားဆီးမလဲဆိုတာ လေ့လာနေပါတယ်”ဟု ဖေ့ဘွစ်၏ ဘလော့ခ်ပေါ်တွင်ရေးသားထားသည်။

ပြီးခဲ့သည့်ဇန်န၀ါရီလအတွင်းကထိုးဖောက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ယင်းတိုက်ခိုက်မှုအရ အလွန်ရှုပ်ထွေးသိမ့်မွေ့သော တိုက်ခိုက်မှုဖြစ်ကာ အခြားကုမ္ပဏီများလည်း ဖောက်ထွင်းခံခဲ့ရကြောင်း ဖေ့ဘွစ်က ဆိုသည်။
အဆိုပါသတင်းသည် ရင်းနှီးမြုပ်နှံသူများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး ဤသတင်းထုတ်ပြန်ကြေညာသည့်ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖေ့ဘွစ်၏ ရှယ်ယာတန်ဖိုးသည် ၁၀ဆင့်ကျဆင်းလာပြီး ဆက်လက်ကျဆင်းဖွယ်ရှိ သည်ဟု သိရသည်။

ဇန်န၀ါရီလအတွင်းက အမေရိကန်နိုင်ငံမှ နယူးယောက်တိုင်းမ် သတင်းစာနှင့် ဝေါလ်စထရိ ဂျာနယ်တို့ကလည်း တရုတ်ဟက်ကာများ၏တိုက်ခိုက်မှုခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့ကြသည်။

KYL
popular

No comments:

Post a Comment