Thursday, March 7, 2013

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ဘန်တချွန်ကျေးရွာအုပ်စုတွင် တောမီးလောင်မှုကြောင့် ရာဘာပင် ၅၀၀၀၀ ကျော် ပျက်ဆီးဆုံးရှုံး

w1-7-3-1တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ဘန်တချွန်ကျေးရွာအုပ်စု၊၁၀မိုင်ကျေးရွာနှင့် ၁၄မိုင်ကျေးရွာရှိ ရာဘာခြံများတွင် မတ်လ ၃ ရက်နေ့မှစ၍ မီးစတင်လောက်ကျွမ်းလျက်ရှိပြီး မတ်လ ၆ ရက်နေ့အထိ
မီးငြိမ်းခြင်းမရှိသေးဘဲ နေရာအနည်းငယ်၌ လောင်းကျွမ်းမှုရှိနေဆဲဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ရာဘာအပင် ၅၀၀၀၀ ကျော်၊ဧက ၂၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
"အခု စလောင်တဲ့မီးကတော့ ၁၀မိုင်ကျေးရွာပိုင်တဲ့ ပါဆယ်ပါညန်းလို့ခေါ်တဲ့ ရွာဘက်က လာတယ်လို့ ထင်ပါတယ်။ ၂လပိုင်း ၁၅ရက်လောက်ကစပြီး အဲဒီဘက်ကခြံတစ်ခြံက တောခုတ် မီးရှို့တယ်လို့ကြားပါတယ်။ မီးကြွင်းမီးကျန်ရှိလား မရှိလားတော့ မသိဘူး၊ ၃လပိုင်းမရောက်ခင်မှာဘဲ ၁၀မိုင်ကျေးရွာပိုင်တဲ့ ပါဆယ်ရွာ၊ ပါညန်းရွာ၊ ၇ကွင်းရွာ၊ ၈ကွင်းရွာတွေက ဥယျာဉ်ခြံတော်တော်များများ မီးလောင်သွားတယ်။ ၁၄မိုင်ရွာပိုင်တဲ့ တောင်ကြောကို တောမီးအဖြစ် အရှိန်ကောင်းကောင်းနဲ့ လောင်လာတဲ့အတွက်  ရော်ဘာခြံတွေ မထိခိုက်အောင် ခြံပိုင်ရှင်များက အလုပ်သမားများခေါ်ယူပြီး ငြိမ်းသတ်ခဲ့ပေမယ့်လည်း အချည်းနှီးပါပဲ၊ မီးက အားကြီးတော့ ဘယ်လိုမှ ငြိမ်းသတ်လို့ မလွယ်ပါဘူး၊ လေကပင့် သစ်ပင်ခြောက်မြင့်မြင့်တွေအထိ မီးစွဲလောင်သွားပြီးတော့ အဲဒီကမီးခဲတွေ လွင့်ကုန်ပြီး ဟိုရောက်ဒီရောက်နဲ့ ရောက်ကုန်ပြီး ခြံတွေနေရာအနှံ့ လောင်ကုန်တော့ မီးတားလမ်းတွေရှိလည်း မထိရောက်တော့ပါဘူး" ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
w1-7-3-2
"၁၄မိုင်ပိုင် ရော်ဘာခြံအတွင်းကို ၃လပိုင်း ၃ရက်နဲ့ ၄ရက်(၂)ရက် ဆက်တိုက် လောင်လိုက်တော့ အပင်ရေ (၅၀၀၀၀)ကျော်၊ ဧက(၂၀၀)ကျော်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၄၀၀၀)ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မီးကနေ့ဘက်မှာ တငွေ့ငွေ့နဲ့ နည်းနည်းသာလောင်ပြီး ညဘက်မှာ တစ်ဟုန်ထိုးလောင်တော့ ငြိမ်းသတ်ရတာ ခဲယဉ်းသွားတာပေါ့။ အခုလည်း မီးကမငြိမ်းသေးပါဘူး။ ဟိုနည်းနည်း ဒီနည်းနည်းလောင်နေတုန်းပါပဲ။ တစ်ချို့တွေ့တဲ့သူတွေက ဘန်းကချွန်ရွာ တောင်ကြောဘက် ဆင်းသွားတယ်လို့ ပြောပါတယ်ဟု" ၎င်းကပင် ဆက်လက်ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment