Saturday, March 23, 2013

ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား

Photo: ဘာလင် အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား
Saturday,, March 23, 2013

ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်းသည်
လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။ ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံး
သွားခဲ့ကြောင်းလည်း သိရသည်။ 

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အိုလံပစ် အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ ပျက်ကျရာ လေယာဉ်မှူး တစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။
ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်းသည် လေ
ထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။

ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံးသွားခဲ့ကြောင်း
လည်း သိရသည်။ နောက်ထပ် ဆိုးရွားစွာ ဒဏ်ရာရသူ (၂)ယောက်ရှိပြီး အခြားသူများမှာမူ အတန်ငယ် ထိခိုက်မှုများ ရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က
ပြောကြားခဲ့သည်။ ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် ရှိနေစဉ် ဒလက်များ အပြန်အလှန် ထိခိုက် ငြိမိခဲ့ရာမှ ပျက်ကျခြင်းဟု ဆိုသည်။

ထိုနှစ်စင်းစလုံး ထိုအချိန်တွင် မြေပေါ် ဆင်းသက်နေဆဲဖြစ်ပြီး ယင်းအနေအထား၌ ချိတ်မိသွားခြင်းဟု ဂျာမန်ရဲတပ်ဖွဲ့ ပြောရေး
ဆိုခွင့်ရ အရာရှိ မိုက်ခ်ဂွာရာက ပြောကြားခဲ့သည်။ ထိုဖြစ်စဉ် အပြီး
တွင် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ အလျင်အမြန် တင်ပို့ခဲ့ကြောင်းလည်း သိရသည်။ 

ရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်နှစ်စင်း အဘယ်ကြောင့် နီးကပ်စွာ ဆင်းသက်ဖြစ်ခဲ့ကြောင်းကို ဖော်ထုတ်ရန် ကြိုးစားနေသလို လက်ရှိ အနေအထားတွင် ရဟတ်ယာဉ် ပျက်ကျသည့် အခြေအနေ အသေး
စိတ်ကို စုံစမ်းနေဆဲဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network ကြာသပတေးနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် နှစ်စင်း သည်  လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများ က ဆိုသည်။ ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်တစ်စင်း၏ ပိုင်းလော့မှ သေ ဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
ဂျာမနီနိုင်ငံ၊ဘာလင်မြို့ရှိ အိုလံပစ်အားကစားရုံတွင် ရဟတ်ယာဉ်နှစ်စင်း တိုက်မိ၍ပျက်ကျရာ လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရှိ ရသည်။
ကြာသပတေးနေ့မနက်ပိုင်းက ရဲတပ်ဖွဲ့ပိုင်ရဟတ်ယာဉ် နှစ်စင်း သည် လေထဲ ပျံဝဲနေရင်း မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲများက ဆိုသည်။

ဖြစ်စဉ်အတွင်း ရဟတ်ယာဉ် တစ်စင်း၏ ပိုင်းလော့မှ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။ နောက်ထပ် ဆိုးရွားစွာ ဒဏ်ရာရသူ (၂)ယောက်ရှိပြီး အခြားသူများမှာမူ အတန်ငယ် ထိခိုက်မှုများ ရှိခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် ရှိနေစဉ် ဒလက်များ အပြန်အလှန် ထိခိုက် ငြိမိခဲ့ရာမှ ပျက်ကျခြင်းဟု ဆိုသည်။

ထိုနှစ်စင်းစလုံး ထိုအချိန်တွင် မြေပေါ် ဆင်းသက်နေဆဲဖြစ်ပြီး ယင်းအနေအထား၌ ချိတ်မိသွားခြင်းဟု ဂျာမန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မိုက်ခ်ဂွာရာက ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင် ဒဏ်ရာရရှိသူ များအား နီးစပ်ရာ ဆေးရုံများသို့ အလျင်အမြန်တင်ပို့ခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့သည် ရဟတ်ယာဉ်နှစ်စင်း အဘယ်ကြောင့် နီးကပ်စွာ ဆင်းသက်ဖြစ်ခဲ့ကြောင်းကို ဖော်ထုတ်ရန် ကြိုးစားနေသလို လက်ရှိ အနေအထားတွင် ရဟတ်ယာဉ် ပျက်ကျသည့် အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဟု သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment