Sunday, March 24, 2013

ပုသိမ်-မုံရွာ ကားလမ်းတွင် ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက် ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြောက်မျှားကုန်းကျေးရွာအနီးတွင် မတ်၂၃ ရက် ညနေက ယာဉ် တိမ်းမှောက် မှုဖြစ်ပွားခဲ့ရာလူ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။
ချောင်းသာမှ ပခုက္ကူသို့ ဦး---(၄၂)နှစ် မောင်းနှင်လာသော ၈င/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည် မင်းလှမြို့နယ်၊ မြောက်မျှားကုန်းကျေးရွာအနီး၊ ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ်(၂၄၂/၆) အနီး သို့ ရောက်ရှိစဉ် ယာဉ်မောင်း ဦး-- အိပ်ငိုက်၍ ယာဉ်မှာ လမ်းယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက် သွားခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက် မှုကြောင့်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျား ၃ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၁၀ ဦးတို့တွင် ဖူးရောင်ပေါက်ပြဲပွန်းပဲ့နာကျင်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မင်းဘူးဆေးရုံသို့ ပို့အပ်ပြီးရေနံမရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment