Sunday, March 24, 2013

ရမည်းသင်းမြို့နယ်၊ ရွာတန်း ကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွား သော်လည်း အချိန်မှီ ထိန်းသိမ်းနိုင်

Photo: ရမည်းသင်းမြို့နယ်၊ ရွာတန်း ကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွား သော်လည်း အချိန်မှီ ထိန်းသိမ်းနိုင် 
Sunday, March 24, 2013

ရမည်းသင်း မြို့နယ်၊ ရွာတန်း ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အထိ ဆူပူ အကြမ်းဖက် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ်ရာ အိမ်ခြေ ၅၀ လုံး၊ ဘာသာရေး ကျောင်းတစ်ကျောင်း၊
ထို့အတူ ရွှေဒါး သာစည် ကျေးရွာ အတွင်း ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ဆူပူ အကြမ်းဖတ် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ် ခဲ့ရာ အိမ်ခြေ ၂ လုံး၊ အမဲခြောက် စက်ရုံ တစ်ရုံ ပျက်စီး
သွားခဲ့ကြောင်း သတင်း ရရှိသည်။

အခင်း ဖြစ်ပွားရာ နေရာသို့ တပ်မတော်နှင့် ပြည်သူ့ ရဲများ ပူးပေါင်းသော လုံခြုံရေး တပ်ဖွဲ့ များ အချိန်မီ ရောက်ရှိ သွားသည့် အတွက် တည်ငြိမ်မှု ရရှိကြောင်း သတင်း ရရှိသည်။

အလားတူ ရမည်းသင်း မြို့နယ် ရွာတန်း ကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာ
တို့၌ ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ နိုင်သူ (၂၂) နှစ်၊ အောင်မျိုးလွင် (၂၂) နှစ်၊ မှိုင်းကြီး (၂၂) နှစ် ၊ ဖိုးဇော် (၃၅) နှစ် ၊ ဝင်းမိုး (၂၅) နှစ်၊ အောင်နန်းတင် (၂၃)နှစ် ၊ မိုးကောင်း (၂၃) နှစ်၊ မြင့်သိန်း (၄၀) နှစ်၊ နိုင်လင်း (၁၈)နှစ်၊ မျိုး မြင့်အောင် (၂၉)နှစ်၊ ဘိုရှိုင်း (၁၅)နှစ်၊ လှဦး (၄၀)နှစ်၊ တင်အောင် (၄၅)နှစ် ၊ မျိုးဇော်ထွန်း (၂၁) ၊ ဇေယျာ မောင်မောင် (၁၈) နှစ်၊ သန်းဇော်(၃၉)နှစ်၊ နန်းမျိုးအောင်(၁၈) နှစ်တို့ (၁၇) ဦး အား မတ်လ (၂၄) ရက် နံနက် (၂) နာရီ ခွဲတွင် ရမည်းသင်း ရဲစခန်း၌ ဖမ်းဆီး ထိန်းသိမ်း ထား ကြောင်း သိ ရသည်။

တရား ဥပဒေ စိုးမိုးရေး အတွက် အဆိုပါ ထိန်းသိမ်း ထားသူများအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲ
ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီရမည်းသင်း မြို့နယ်၊ ရွာတန်း ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အထိ ဆူပူ အကြမ်းဖက် သူများမှ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ရာ အိမ်ခြေ ၅၀ လုံး၊ ဘာသာရေး ကျောင်းတစ်ကျောင်း၊ ထို့အတူ ရွှေဒါးသာစည်ကျေးရွာ အတွင်း ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ဆူပူအကြမ်းဖတ်သူများမှ မီးရှို့ဖျက်ဆီး မှုများ ပြုလုပ်ခဲ့ရာ အိမ်ခြေ ၂ လုံး၊ အမဲခြောက် စက်ရုံတစ်ရုံပျက်စီး
သွားခဲ့ကြောင်း သတင်း ရရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ တပ်မတော်နှင့်ပြည်သူ့ရဲများ ပူးပေါင်းသော လုံခြုံရေးတပ်ဖွဲ့များ အချိန်မီ ရောက်ရှိသွားသည့်အတွက် တည်ငြိမ်မှုရရှိကြောင်း သတင်းရရှိသည်။

အလားတူ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာနှင့် ရွှေဒါးသာစည်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွင်ပါဝင်ခဲ့သည်ဟုယူဆရသူ နိုင်သူ(၂၂)နှစ်၊ အောင်မျိုးလွင်(၂၂)နှစ်၊ မှိုင်းကြီး(၂၂)နှစ်၊ ဖိုးဇော်(၃၅)နှစ်၊ ဝင်းမိုး(၂၅)နှစ်၊ အောင်နန်းတင်(၂၃)နှစ်၊ မိုးကောင်း(၂၃)နှစ်၊ မြင့်သိန်း (၄၀)နှစ်၊ နိုင်လင်း(၁၈)နှစ်၊ မျိုး မြင့်အောင်(၂၉)နှစ်၊ ဘိုရှိုင်း(၁၅)နှစ်၊ လှဦး(၄၀)နှစ်၊ တင်အောင်(၄၅)နှစ်၊ မျိုးဇော်ထွန်း(၂၁)၊ ဇေယျာမောင်မောင်(၁၈)နှစ်၊ သန်းဇော်(၃၉)နှစ်၊ နန်းမျိုးအောင်(၁၈) နှစ်တို့ (၁၇) ဦး အား မတ်လ(၂၄)ရက် နံနက်(၂)နာရီ ခွဲတွင် ရမည်းသင်း ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရ သည်။

တရားဥပဒေစိုးမိုးရေးအတွက် အဆိုပါထိန်းသိမ်းထားသူများအားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment