Sunday, March 24, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုတင်သတင်းထုတ်ပြန်ခြင်း မရှိဘဲ အီရတ်သို့ သွားရောက်

Photo: အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုတင်သတင်းထုတ်ပြန်ခြင်း
မရှိဘဲ အီရတ်သို့ သွားရောက်
Sunday, March 24, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယနေ့တွင်
အီရတ်နိုင်ငံသို့ ကြိုတင်သတင်းထုတ်ပြန်ထားဘဲ သွားရောက်
ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံကို ဖြတ်ကျော်၍ အီရန်တို့ လေကြောင်းပျံသန်းနေမှု
များတွင် ဆီးရီးယားသို့ တင်ပို့မည့် လက်နက်များ ပါဝင်မှု ရှိ၊မရှိ
သေချာစစ်ဆေးရန် အီရတ်ဝန်ကြီး နူရီအယ်မာလီကီကို နိုင်ငံခြား
ရေးဝန်ကြီးက တိုက်တွန်းပြောကြားသွားမည်ဟု အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဝါရှင်တန်အစိုးရသည် အီရတ်နိုင်ငံပေါ်မှ ဖြတ်သန်း၍ အီရန်
လေယာဉ်များ နေ့စဉ်ပျံသန်းနေကြသော်လည်း အီရတ်အစိုးရ
သည် လွန်ခဲ့သည့် နှစ် ဇူလိုင်လမှစ၍ စစ်ဆေးမှုနှစ်ခုသာ လုပ်ဆောင်ခဲ့ကြောင်းသိရသည်ဟု ၎င်းအရာရှိက ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးဟာ ဝန်ကြီးချုပ်မာလီကီနှင့် တိုက်ရိုက်
တွေ့ဆုံပြီး အီရန်လေယာဉ်များ ဖြတ်ကျော်ပျံသန်းနေမှုများကို
ရပ်တန့်ရန်မှာ အလွန် အရေးကြီးကြောင်းနှင့် နယ်စပ်ဝင်လမ်း
ကြောင်းများ၊ အနိမ့်ဆုံးအနေနှင့် ပျံသန်းမှုတစ်ခုစီကို တစ်ကြိမ် စစ်ဆေးသင့်ကြောင်း စတာတွေ ပြောဆိုသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းအရာရှိက နိုင်ငံခြားရေးဝန်ကြီးသည် ဆီးရီးယား အနာဂတ် အရေးနှင့်ပတ်သက်၍ အီရန်ပါဆွေးနွေးမည်ဆိုလျှင် ဆီးရီးယား
သမ္မတ အာ ဆတ်ကို ထောက်ပံ့နေသည့် လက်နက်များ တင်ပို့ သယ်ဆောင်နေသည့် အီရန်လေယာဉ်များ အီရတ်နိုင်ငံပေါ်မှ
ဖြတ်ကျော်ခွင့်ပေးနေသ၍ ထိရောက်မှုရှိမည် မဟုတ်ကြောင်း
ပြောဆိုလိမ့်မည်ဟု ပြောကြားသည်။

အီရတ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း ရှီအိုက်အုပ်စု၊ ဆွန်နီအုပ်စုနှင့် ကားဒစ်ရှ်အုပ်စုဟူ၍ ကွဲပြားပြီး အငြင်းပွားပဋိပက္ခဖြစ်နေကြောင်း
သိရသည်။ အီရတ်အစိုးရအဖွဲ့သည်လည်း ရွေးကောက်ပွဲကို ဧပရယ်၂၀တွင်ပြုလုပ်ရန် ရွှေ့ဆိုင်းကြောင်း လွန်ခဲ့သော ရက် သတ္တပတ်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်း
ဖက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

အမေရိကန် လာရောက်လည်ပတ်ခြင်းသည်လည်း တင်းမာမှု
များသာ တိုးလာစေမည်ဟု ယုံကြည်နေကြကြောင်း သိရသည်။

Ref:Reuters
The Myanma Ageအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယနေ့တွင် အီရတ်နိုင်ငံသို့ ကြိုတင်သတင်းထုတ်ပြန်ထားဘဲ သွားရောက် ခဲ့ကြောင်း သိရသည်။ အီရတ်နိုင်ငံကို ဖြတ်ကျော်၍ အီရန်တို့ လေကြောင်းပျံသန်းနေမှုများ တွင် ဆီးရီးယားသို့ တင်ပို့မည့် လက်နက်များ ပါဝင်မှု ရှိ၊မရှိ သေချာ စစ်ဆေးရန် အီရတ်ဝန်ကြီး နူရီအယ်မာလီကီကို နိုင်ငံခြားရေးဝန်ကြီး က တိုက်တွန်းပြောကြားသွားမည်ဟု အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဝါရှင်တန်အစိုးရသည် အီရတ်နိုင်ငံပေါ်မှ ဖြတ်သန်း၍ အီရန်လေယာဉ်များ နေ့စဉ်ပျံသန်းနေကြသော် လည်း အီရတ်အစိုးရသည် လွန်ခဲ့သည့် နှစ် ဇူလိုင်လမှစ၍ စစ်ဆေးမှုနှစ်ခုသာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်ဟု ၎င်းအရာရှိက ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးဟာ ဝန်ကြီးချုပ်မာလီကီနှင့် တိုက်ရိုက်တွေ့ဆုံပြီး အီရန်လေယာဉ် များ ဖြတ်ကျော် ပျံသန်းနေမှုများကို ရပ်တန့်ရန်မှာ အလွန်အရေးကြီးကြောင်းနှင့် နယ်စပ်ဝင်လမ်းကြောင်းများ၊ အနိမ့်ဆုံး အနေနှင့် ပျံသန်းမှုတစ်ခုစီကို တစ်ကြိမ် စစ်ဆေးသင့်ကြောင်း စတာတွေ ပြောဆိုသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းအရာရှိက နိုင်ငံခြားရေးဝန်ကြီးသည် ဆီးရီးယားအနာဂတ်အရေးနှင့်ပတ်သက်၍ အီရန် ပါဆွေးနွေးမည် ဆိုလျှင် ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ပံ့နေသည့် လက်နက်များ တင်ပို့ သယ်ဆောင်နေသည့် အီရန်လေယာဉ်များ အီရတ်နိုင်ငံပေါ်မှ ဖြတ်ကျော်ခွင့်ပေးနေသ၍ ထိရောက်မှု ရှိမည် မဟုတ်ကြောင်း ပြောဆိုလိမ့်မည်ဟု ပြောကြားသည်။

အီရတ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း ရှီအိုက်အုပ်စု၊ ဆွန်နီအုပ်စုနှင့် ကားဒစ်ရှ်အုပ်စုဟူ၍ ကွဲပြားပြီး အငြင်းပွားပဋိပက္ခဖြစ်နေကြောင်း သိရသည်။ အီရတ်အစိုးရအဖွဲ့သည်လည်း ရွေးကောက်ပွဲကို ဧပရယ်၂၀တွင်ပြုလုပ်ရန် ရွှေ့ဆိုင်းကြောင်း လွန်ခဲ့သော ရက် သတ္တပတ်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခြင်း ကြောင့် ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် လာရောက်လည်ပတ်ခြင်းသည်လည်း တင်းမာမှုများသာ တိုးလာစေမည်ဟု ယုံကြည် နေကြကြောင်း သိရသည်။

Ref:Reuters
The Myanma Age

No comments:

Post a Comment