Tuesday, March 19, 2013

ဓါတုပစ္စည်းသုံး အသီးအရွက်များ စားသုံးပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်

ဓါတုပစ္စည်းသုံး အသီးအရွက်များ စားသုံးပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်

မတ် ၁၉ ရက်၊ ၂၀၁၃

ဓါတုဗေဒပစ္စည်း အသုံးပြုထားသည့် အသီးအရွက်များအား စားသုံးမိပါကအစာအဆိပ်သင့်ခြင်း ၊ဟော်မုန်းရောဂါနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိရသည်။

“အသီးအရွက်တွေမှာက ပိုးသတ်ဆေးတွေမကုန်ဘဲ ကပ်ပါလာနိုင်သေးတယ်လေ၊ ပြီးတော့ရောင်းပန်းလှအောင် ဆိုပြီး ဓါတုဆေးသုံးတဲ့သူတွေလည်း ရှိလာတယ်၊ဘာပဲဖြစ်ဖြစ် ကိုယ်က စားတဲ့ အခါမှာ အထူး ဂရုစိုက်သင့်တယ်”ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ၀င်းဝင်းမြင့်ကဆိုသည်။
 
ပိုးသတ်ဆေးများ သာမက မမှည့်သည့် သစ်သီးများကို မှည့်အောင်ဆေးများအသုံးပြုခြင်း၊ ဆိုးဆေးများ အသုံးပြုခြင်းနှင့် အရွယ်အစားကြီးရန်ဓါတုဆေးအသုံးပြုခြင်းများလည်းရှိကြောင်း သိရသည်။

 ‘အသီးအရွက် ဆေးတဲ့ အရည်ဆိုပြီးတော့ သက်သက်လာတာရှိတယ်၊ အဲဒါကဈေးကြီးတော့လူတိုင်း မတတ်နိုင်ကြဘူး ၊ ရေနဲ့ဆေးတာကတော့ လူတိုင်းလုပ်နိုင်တယ်လေ၊အသီးအရွက်တွေကို စားခါနီးမှာ အနည်းဆုံး ရေနဲ့ ၃ခါ၊၄ ခါဆေးသင့်တယ် ’ ဟုဒေါက်တာဝင်းဝင်းမြင့်မှဆိုသည်။

ထိုဓါတုဗေဒ ပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်း၊ ကင်ဆာရောဂါနှင့်ဟော်မုန်းဆိုင်ရာ ရောဂါများဖြစ်နိုင်သည့်အပြင် စားသုံးသူများ၏မျိုးရိုးဗီဇကိုလည်း ထိခိုက်မှုရှိကြောင်းကိုလည်း သိရသည်။

ဟင်းသီးဟင်းရွက်များတွင် ဓါတုပစ္စည်းများသာမက ရောဂါပိုးများလည်းပါဝင်လာနိုင်သဖြင့် ရေဖြင့် သေချာ စွာဆေးပြီးမှ စားသုံးခြင်းသည်အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း သိရသည်။

အသီးအရွက်များကို ရေမဆေးဘဲစားသုံးပါက E.Coli ကဲ့သို့ အစာအဆိပ်သင့်စေသည့်ရောဂါပိုးများ ၀င်ရောက်ပြီး ၀မ်းရောဂါများဖြစ်ပွားနိုင်ကြောင်းကိုလည်းသိရသည်။

၂၀၁၃ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ဖရွာတွင်ဖေဖေါ်ဝါရီလ အတွင်းက ဓါတုဗေဒဆေးများပါဝင်သောဟင်းသီးဟင်းရွက်များကိုစားသုံးမိခြင်းကြောင့် ပုဂ္ဂလိကစက်ရုံဝန်ထမ်း (၃၂)ဦး အစာ အဆိပ်သင့်မှုဖြစ်ပွားကာ (၂) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ယခုအခါတွင် ထိုကဲ့သို့ ကင်ဆာဖြစ်စေနိုင်သောဓါတုဗေဒ ပစ္စည်းများကိုရှောင်ရှားလိုသူများအတွက် ပိုးသတ်ဆေး နှင့် ဓါတုဗေဒ ဆေးဝါးများအသုံးမပြုဘဲ စိုက်ပျိုးထားသော(Organic) အသီးအရွက်များ ဈေးကွက်အတွင်းသို့ရောက်ရှိနေသည်ဟုသိရသည်။

သို့သော် လူထု၏အခြေခံကျန်းမာရေး ဗဟုသုတနည်းပါးသည့်အပြင် ဈေးကွက်အတွင်းအဆိုပါ  (Organic) အသီးအရွက်များဝင်ရောက်မှုမှာည်းပါးနေသေးကြောင်းသိရှိရသည်။

Myit Makha Mediagroup
ဓါတုဗေဒပစ္စည်း အသုံးပြုထားသည့် အသီးအရွက်များအား စားသုံး မိပါကအစာအဆိပ်သင့်ခြင်း ၊ဟော်မုန်းရောဂါနှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိ ရသည်။

“အသီးအရွက်တွေမှာက ပိုးသတ်ဆေးတွေမကုန်ဘဲ ကပ်ပါ လာနိုင်သေးတယ်လေ၊ ပြီးတော့ရောင်းပန်း လှအောင် ဆိုပြီး ဓါတုဆေးသုံးတဲ့သူတွေလည်း ရှိလာတယ် ၊ဘာပဲဖြစ်ဖြစ် ကိုယ်ကစားတဲ့အခါမှာ အထူး ဂရုစိုက်သင့်တယ်”ဟု အာဟာရဆိုင်ရာ အထူးကု ဆရာ ၀န်ကြီး ဒေါက်တာဝင်းဝင်းမြင့်ကဆိုသည်။

ပိုးသတ်ဆေးများ သာမက မမှည့်သည့် သစ်သီးများကို မှည့်အောင်ဆေးများအသုံးပြုခြင်း၊ ဆိုးဆေးများ အသုံးပြုခြင်းနှင့် အရွယ်အစားကြီးရန်ဓါတုဆေးအသုံးပြုခြင်းများလည်းရှိကြောင်း သိရသည်။

‘အသီးအရွက် ဆေးတဲ့အရည်ဆိုပြီးတော့ သက်သက်လာတာရှိတယ်၊ အဲဒါကဈေးကြီးတော့လူတိုင်း မတတ်နိုင်ကြဘူး ၊ ရေနဲ့ဆေးတာကတော့ လူတိုင်းလုပ်နိုင်တယ်လေ၊အသီးအရွက်တွေကို စားခါနီးမှာ အနည်းဆုံး ရေနဲ့ ၃ခါ၊၄ ခါဆေးသင့်တယ် ’ ဟုဒေါက်တာဝင်းဝင်းမြင့်မှဆိုသည်

ထိုဓါတုဗေဒ ပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်း၊ ကင်ဆာရောဂါနှင့်ဟော်မုန်းဆိုင်ရာ ရောဂါ များဖြစ်နိုင်သည့်အပြင် စားသုံးသူများ၏မျိုးရိုးဗီဇကိုလည်း ထိခိုက်မှုရှိကြောင်းကိုလည်း သိရသည်။

ဟင်းသီးဟင်းရွက်များတွင် ဓါတုပစ္စည်းများသာမက ရောဂါပိုးများလည်းပါဝင်လာနိုင်သဖြင့် ရေဖြင့် သေ ချာစွာဆေးပြီးမှ စားသုံးခြင်းသည်အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း သိရသည်။

အသီးအရွက်များကို ရေမဆေးဘဲစားသုံးပါက E.Coli ကဲ့သို့ အစာအဆိပ်သင့်စေသည့်ရောဂါပိုးများ ၀င်ရောက်ပြီး ၀မ်းရောဂါများဖြစ်ပွားနိုင်ကြောင်းကိုလည်းသိရသည်။

၂၀၁၃ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ဖရွာတွင်ဖေဖေါ်ဝါရီလ အတွင်းက ဓါတုဗေဒဆေးများပါဝင်သောဟင်းသီးဟင်းရွက်များကိုစားသုံးမိခြင်းကြောင့် ပုဂ္ဂလိကစက်ရုံဝန်ထမ်း (၃၂)ဦး အစာ အဆိပ်သင့်မှုဖြစ်ပွားကာ (၂) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယခုအခါတွင် ထိုကဲ့သို့ ကင်ဆာဖြစ်စေနိုင်သောဓါတုဗေဒ ပစ္စည်းများကိုရှောင်ရှားလိုသူများအတွက် ပိုးသတ်ဆေး နှင့် ဓါတုဗေဒ ဆေးဝါးများအသုံးမပြုဘဲ စိုက်ပျိုးထားသော(Organic) အသီးအရွက် များ ဈေးကွက်အတွင်းသို့ရောက်ရှိနေသည်ဟုသိရသည်။

သို့သော် လူထု၏အခြေခံကျန်းမာရေး ဗဟုသုတနည်းပါးသည့်အပြင် ဈေးကွက်အတွင်းအဆိုပါ (Organic) အသီးအရွက်များဝင်ရောက်မှုမှာည်းပါးနေသေးကြောင်းသိရှိရသည်။

Myit Makha Mediagroup

No comments:

Post a Comment