Monday, March 25, 2013

မျိုးသုဉ်း ပျောက်ကွယ်ခဲ့သော ဖားမျိုးစိတ် များအား သုတေသန ပညာရှင်များ ပြန်လည် အသက် သွင်းယူခဲ့

မျိုးသုဉ်း ပျောက်ကွယ်ခဲ့သော ဖားမျိုးစိတ် များအား သုတေသန ပညာရှင်များ ပြန်လည် အသက် သွင်းယူခဲ့

သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် နှစ်ပေါင်း ၃ဝ အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါး ဖားမျိုးစိတ် သန္ဓေလောင်း များကို ပါးစပ်မှ တစ်ဆင့်  မွေးဖွား စေသော ဖားမျိုးစိတ်အား ပြန်လည် အသက် သွင်းခြင်းဖြင့် သမိုင်း မှတ်တိုင်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံ Newcastle တက္ကသိုလ်မှ သိပံ္ပ ပညာရှင် များသည် ၁၉၈၃ ခုနှစ် အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် Platypus ဟု အမည်ရှိသော ဖားမျိုးစိတ် များ၏ မျိုးရိုးဗီဇ များကို ပြန်လည် အသက်သွင်းယူ နိုင်ခဲ့ပြီး ၎င်းစီမံကိန်းအား ''Lazarus Project" ဟုအမည် ပေးထားကြောင်း သိရသည်။

Platypus မျိုးစိတ်၏ သတ္တဝါ များသည် အထီးများနှင့် ပြင်ပသန္ဓေ အောင်ခြင်းများ ပြုလုပ် ခဲ့ပြီးနောက် ၎င်းတို့၏ ဥများကို အစာအိမ် အတွင်းသို့ မျိုချကာ ပါးစပ်မှ တစ်ဆင့် သန္ဓေသား လောင်းများအား မွေးဖွားခြင်း ဖြစ်သည်။

သုတေသီ များသည် ဓာတ်ခွဲခန်း၌ မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ဖားမျိုးစိတ် များကို ဖော်ထုတ်ခဲ့ပြီး ပြန်လည် ရှင်သန်နိုင်ရန် အတွက် သေဆုံးခဲ့သော ဆဲလ်များအား ပြန်လည် အသက် သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ၎င်းဖားများ၏ ဆဲလ်များကို အအေး ခန်းမတွင် ထိန်းသိမ်း ထားခဲ့ပြီး အနာဂတ် ကိုယ်ပွား ဖန်တီး စမ်းသပ်မှု များတွင်လည်း အသုံးပြု သွားမည် ဖြစ်ကြောင်း Lazarus  စီမံကိန်း ခေါင်းဆောင် ပါမောက္ခ ဗီကီဟာချာက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသုတေသန ပြုအဖွဲ့သည် ၁၉၇ဝ ပြည့်နှစ်တွင် အအေးခန်း တစ်ခုအတွင်း ထိန်းသိမ်းခဲ့သည့် တစ်သျှူးများမှ သက်ရှိ ကလပ်ဆဲလ် များအား ပြန်လည် ဖော်ထုတ် ခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းသည် ဇီဝဗေဒ ဆိုင်ရာ မဟုတ်ဘဲ နည်းပညာပိုင်း ဆိုင်ရာများ ဖြစ်သည့်အတွက် အလွန် ခက်ခဲစွာ လုပ်ဆောင် ခဲ့ရကြောင်း ဟာချာ က ပြောကြားခဲ့သည်။

http://bit.ly/ZOixhW သြစတြေးလျ နိုင်ငံမှ သုတေသန ပညာရှင် များသည် နှစ်ပေါင်း ၃ဝ အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါး ဖားမျိုးစိတ် သန္ဓေလောင်း များကို ပါးစပ်မှ တစ်ဆင့် မွေးဖွား စေသော ဖားမျိုးစိတ်အား ပြန်လည် အသက် သွင်းခြင်းဖြင့် သမိုင်း မှတ်တိုင်တစ်ခု တင်နိုင် ခဲ့ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံ Newcastle တက္ကသိုလ်မှ သိပံ္ပ ပညာရှင် များသည် ၁၉၈၃ ခုနှစ် အတွင်းက မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် Platypus ဟု အမည်ရှိသော ဖားမျိုးစိတ် များ၏ မျိုးရိုးဗီဇ များကို ပြန်လည် အသက်သွင်းယူ နိုင်ခဲ့ပြီး ၎င်းစီမံကိန်းအား ''Lazarus Project" ဟု အမည် ပေး ထားကြောင်း သိရသည်။

Platypus မျိုးစိတ်၏ သတ္တဝါ များသည် အထီးများနှင့် ပြင်ပသန္ဓေ အောင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ ဥများကို အစာအိမ် အတွင်းသို့ မျိုချကာ ပါးစပ်မှ တစ်ဆင့် သန္ဓေသား လောင်းများ အား မွေး ဖွားခြင်း ဖြစ်သည်။

သုတေသီ များသည် ဓာတ်ခွဲခန်း၌ မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ဖားမျိုးစိတ် များကို ဖော်ထုတ် ခဲ့ပြီး ပြန်လည် ရှင်သန်နိုင်ရန်အတွက် သေဆုံးခဲ့သော ဆဲလ်များအား ပြန်လည်အသက်သွင်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ၎င်းဖားများ၏ ဆဲလ်များကို အအေးခန်းမတွင် ထိန်းသိမ်းထားခဲ့ပြီး အနာဂတ်ကိုယ်ပွားဖန်တီးစမ်းသပ်မှုများတွင်လည်း အသုံးပြုသွားမည် ဖြစ်ကြောင်း Lazarus စီမံကိန်း ခေါင်းဆောင်ပါမောက္ခဗီကီဟာချာက ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းသုတေသန ပြုအဖွဲ့သည် ၁၉၇ဝ ပြည့်နှစ်တွင် အအေးခန်း တစ်ခုအတွင်း ထိန်းသိမ်းခဲ့သည့် တစ်သျှူးများမှ သက်ရှိကလပ်ဆဲလ်များအား ပြန်လည်ဖော်ထုတ်ခဲ့ကြောင်းသိရသည်။ အဆိုပါ စီမံကိန်း သည် ဇီဝဗေဒ ဆိုင်ရာမဟုတ်ဘဲ နည်းပညာပိုင်း ဆိုင်ရာများ ဖြစ်သည့်အတွက် အလွန်ခက်ခဲစွာ လုပ်ဆောင်ခဲ့ရကြောင်း ဟာချာ က ပြောကြားခဲ့သည်။

From....မြ၀တီ

No comments:

Post a Comment