ကားသွားလို့ ရတဲ့ ဂုံးတံတားတော့ မဟုတ်ပါဘူး။ လူသီးသန့်သွားဖို့အတွက် တည်ဆောက်ပေးထားတဲ့ ဂုံးတံတား ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့ Pudong District မှာ တည်ရှိပြီး လမ်းငါးဆုံပေါ်မှာ
တည်ဆောက် ထားတာ ဖြစ်ပါတယ်။ လူစည်ကားရာ မြို့ လယ်ခေါင် အဝိုင်းလည်း ဖြစ်တဲ့
အတွက် ပတ်ပတ်လည်မှာ စားသောက်ဆိုင်၊ အအေးဆိုင် နဲ့အခြားသော အပန်းဖြေ
စရာနေရာများလည်း တံတားအထွက်တွေမှာ ဖန်တီးပေးထား ပါတယ်။
ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွင့်မှု လျော့နည်းဖို့နဲ့ သဘဝပတ်ဝန်းကျင်
လှပရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ။ ၂၀၁၁ ခုနှစ်က
တည်ဆောက်ခဲ့ပြီး ယနေ့မှာဆိုရင် ကမ္ဘာ့အလှဆုံး နဲ့ အထူးခြားဆုံး ဂုံးတံတား
များထဲမှာပါဝင်လာကြောင်း သိရပါတယ်။
From : yoyarlay

No comments:
Post a Comment