မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်
မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသူ (၅) ဦး ထပ်မံ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာ ရရှိသူ အရေ အတွက်မှာလည်း စုစုပေါင်း(၄၅) ဦးအထိ ရှိလာကြောင်း မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
နိုင်ငံပိုင် မီဒီယာများမှ ယမန်နေ့က ထုတ်ပြန်ခဲ့သော စာရင်းများအရ မတ်လ ၂၁ ရက်နေ့တွင် သေဆုံးသူ (၅) ဦးရှိခဲ့သဖြင့် မတ်လ ၂၀ ရက်နေ့မှ ယခု အချိန်အထိ ဖြစ်ပွား နေသော မိထ္ထီလာ ပဋိပက္ခတွင် သေ ဆုံးသူ (၁၀) ဦးရှိလာခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်အချိန်အထိ တရားဝင် ရရှိသော သတင်းများအရ သိရ ပါသည်။
"လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူ (၁၀) ဦး ရှိပါပြီ။ ဒဏ်ရာရသူက (၄၅) ဦးပါ။ အများစုက မီးလောင် ဒဏ်ရာ၊ ပြတ်ရှ ဒဏ်ရာ၊ တုတ်နဲ့ ရိုက်ခံရတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းတွေ က ဆေးရုံ ကို ရောက်လာတဲ့စာရင်း ဖြစ်ပါတယ်။ ဆေးရုံအနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ထိရောက်စွာ ကုသနိုင်ဖို့ ၀န်ထမ်းအင်အား၊ အရေးပေါ်နေရာတွေ တိုးချဲ့ပြီး ဆောင်ရွက်နေပါတယ်”ဟု မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
From......Eleven Media Group
No comments:
Post a Comment