Monday, March 25, 2013

ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား

Photo: ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက
တိုင်တန်းမှု တောင်တွင်းကြီး၌ဖြစ်ပွား
Monday, March 25, 2013

မကွေးတိုင်းဒေသကြီး၊တောင်  တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူကအမှုဖွင့်ထားကြောင်း သတင်း ရရှိသည်။ 

(၁၅.၃.၂၀၁၃)ရက် ည(၉)နာရီအချိန်က ခင်တဲကျေးရွာနေ
ဒေါ်—–(၃၅)နှစ်သည် နေအိမ်တွင် သမီး——(၂)နှစ် အား အိမ်အလယ်ခန်းခြင်ထောင်  အတွင်း၌ နို့တိုက်နေစဉ် ခင်ပွန်း ဖြစ်သူကို—— သမီးဖြစ်သူ မ——–(၁၂)နှစ်၊သား——-(၇) နှစ်၊ မောင်——–(၁၀)နှစ်တို့ သည် အိမ်ရှေ့ခန်းတွင် တုံးလုံးလှဲ  လျက်တီဗွီကြည့်နေပြီး ထိုနေ့ည    (၉း၃၀)အချိန်ခန့်တွင် ဒေါ်—- သည် ကလေးနို့တိုက်ပြီး ခြင်ထောင် အပြင်ဘက်သို့ကြည့်စဉ် ခင်ပွန်းဖြစ်သူ ကို—–နှင့်သမီး ဖြစ်သူ——တို့အား စောင်ခြုံ လျက်တွေ့ရ၍ မသင်္ကာသဖြင့်     ခင်ပွန်းဖြစ်သူ ကို——-အား စောင်လှပ်ခိုင်းရာ ခင်ပွန်းဖြစ်သူ   သည် သမီး——-၏ မိန်းမကိုယ်  အင်္ဂါစပ်အားလက်နှင့်ကိုင်နေသည် ကို တွေ့ရပြီး သမီးဖြစ်သူ ၀တ်ထားသော ဘောင်းဘီအနီ ချွတ်ထားသည်ကိုတွေ့ရ၍သမီးဖြစ်သူ  အားမေးရာ ခင်ပွန်းဖြစ်သူမှ သမီး    မ——-ခြုံထားသော စောင်အတွင်းသို့ ၀င်လာပြီးဘောင်းဘီ အား ဆွဲချွတ်သဖြင့် ပေါင်အား ချိတ်လိမ် ထားရာ၊ဖခင်ဖြစ်သူမှ ဘောင်းဘီအား ခြေမနှင့်ညှပ်၍ ချွတ်သဖြင့် ကျွတ်သွားကြောင်း၊ သမီးဖြစ်သူမှ မိခင်ဖြစ်သူအားတိုင်မယ်ဟုပြောရာ တိုင်လျှင်ရိုက်မည်၊လင်မယားခြင်းကွဲမည်ဟုပြော ကြောင်းသမီးကပြော၍ သားအဖ အရင်းဖြစ်ပွားသည့် ကိစ္စဖြစ်နေသောကြောင့် မိခင်ဖြစ်သူ
ဒေါ်——မှ မွေးချင်းများအား သွား ရောက်တိုင်ပင်ပြီး (၁၉.၃. ၂၀၁၃)ရက် ညနေ(၅)နာရီအချိန်   ခန့်ကျမှ တောင်တွင်းကြီး ရဲစခန်း သို့ ခင်ပွန်းဖြစ်သူ ကို——အား     ဥပဒေနှင့်အညီအရေးယူပေးပါရန်      တရားလိုပြုလုပ် တိုင်တန်းခဲ့သည် ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍    ကို——(၃၈)နှစ် ဈေးရောင်း ခင်တဲကျေးရွာနေသူအား တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၅၈/  ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒုရဲ အုပ်သန်းဇော်မှဆက်လက် စစ် ဆေးနေကြောင်း သိရှိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်——-မှ  ၎င်း၏ခင်ပွန်းဖြစ်သူ ကို——နှင့်    ငယ်လင်ငယ်မယားဖြစ်ပြီး အိမ် ထောင်သက်(၁၄)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊၎င်းတွင် သား(၃)ဦး၊သမီး  (၂)ဦး၊ပေါင်းသားသမီး(၅)ဦးရှိ ကြောင်း၊ ၎င်းအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ပွန်းအပေါ်   လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ 
၎င်း၏သားသမီး(၅)ဦးအားလည်း လူ လားမြောက်သည်အထိ 
မိခင်ဖြစ်သူမှ ရုန်းကန်၊ကျွေးမွေးစောင့် ရှောက်သွားမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူအားလည်းရွံရွာ ကြောက်ရွံ့နေသဖြင့် ယခုအမှု
စစ်ဆေးသည့်အခါတွင် သက်ဆိုင်ရာတရားသူကြီးအား တင်ပြ
အကူအညီတောင်းခံ၍လင်မယားဖြစ် သူမှ တရားဝင် 
ကွာရှင်းပြတ်ဆဲမှုအား သက်ဆိုင်ရာတရားသူကြီး ထံတွင် တင်ပြအကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း၊(၂၀.၃. ၂၀၁၃)ရက်တွင် ညီအစ်ကိုမောင် နှမများအိမ်၌ ရင်ဖွင့်ပြောပြချက်အရ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News မကွေးတိုင်းဒေသကြီး၊တောင် တွင်းကြီးမြို့နယ်၊ခင်တဲကျေးရွာ တွင် ဖခင်ဖြစ်သူက အရွယ်မ ရောက်သေးသည့် သမီးအရင်း ဖြစ်သူအား မုဒိန်းမှုပြုကျင့်ရန် ကြံစည်သည်ဆိုကာ မိခင်ဖြစ်သူက အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

(၁၅.၃.၂၀၁၃)ရက် ည(၉)နာရီအချိန်က ခင်တဲကျေးရွာနေဒေါ်—–(၃၅)နှစ်သည် နေအိမ်တွင် သမီး——(၂)နှစ်အား အိမ်အလယ်ခန်းခြင်ထောင်အတွင်း၌ နို့တိုက်နေစဉ် ခင်ပွန်း ဖြစ်သူကို—— သမီးဖြစ်သူ မ——–(၁၂)နှစ်၊သား——-(၇) နှစ်၊ မောင်——–(၁၀)နှစ်တို့ သည် အိမ်ရှေ့ခန်းတွင် တုံးလုံးလှဲ လျက်တီဗွီကြည့်နေပြီး ထိုနေ့ည (၉း၃၀)အချိန်ခန့်တွင် ဒေါ်—- သည် ကလေးနို့တိုက်ပြီး ခြင်ထောင် အပြင်ဘက်သို့ကြည့်စဉ် ခင်ပွန်းဖြစ်သူကို—–နှင့်သမီး ဖြစ်သူ——တို့အား စောင်ခြုံလျက်တွေ့ရ၍ မသင်္ကာသဖြင့် ခင်ပွန်းဖြစ်သူ ကို——-အား စောင်လှပ်ခိုင်းရာ ခင်ပွန်းဖြစ်သူသည် သမီး——-၏ မိန်းမကိုယ် အင်္ဂါစပ်အားလက်နှင့်ကိုင်နေသည်ကို တွေ့ရပြီး သမီးဖြစ်သူဝတ်ထားသော ဘောင်းဘီအနီ ချွတ်ထားသည်ကိုတွေ့ရ၍သမီးဖြစ်သူအားမေးရာ ခင်ပွန်းဖြစ်သူမှ သမီး မ——-ခြုံထားသော စောင် အတွင်းသို့ ၀င်လာပြီးဘောင်းဘီအား ဆွဲချွတ်သဖြင့် ပေါင်အား ချိတ်လိမ်ထားရာ၊ ဖခင်ဖြစ် သူမှ ဘောင်းဘီအား ခြေမနှင့်ညှပ်၍ ချွတ်သဖြင့် ကျွတ်သွားကြောင်း၊ သမီးဖြစ်သူမှ မိခင်ဖြစ်သူအား တိုင်မယ်ဟုပြောရာ တိုင်လျှင်ရိုက်မည်၊လင်မယားခြင်းကွဲမည်ဟုပြော ကြောင်းသမီးကပြော၍ သားအဖ အရင်းဖြစ်ပွားသည့် ကိစ္စဖြစ်နေသောကြောင့် မိခင်ဖြစ်သူ
ဒေါ်——မှ မွေးချင်းများအား သွား ရောက်တိုင်ပင်ပြီး (၁၉.၃. ၂၀၁၃)ရက် ညနေ(၅)နာရီအချိန် ခန့်ကျမှ တောင်တွင်းကြီး ရဲစခန်း သို့ ခင်ပွန်းဖြစ်သူ ကို——အား ဥပဒေနှင့်အညီအရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့သည် ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကို——(၃၈)နှစ် ဈေးရောင်း ခင်တဲကျေးရွာနေသူ အား တောင်တွင်းကြီး မြို့မရဲစခန်းက (ပ)၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့်လှစ်ထားပြီး အမှုစစ် ဒုရဲ အုပ်သန်းဇော်မှ ဆက်လက် စစ် ဆေးနေကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒေါ်——-မှ ၎င်း၏ခင်ပွန်းဖြစ်သူ ကို——နှင့် ငယ်လင်ငယ်မယားဖြစ်ပြီး အိမ် ထောင်သက်(၁၄)နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊၎င်းတွင် သား(၃)ဦး၊သမီး (၂)ဦး၊ပေါင်းသားသမီး(၅)ဦးရှိ ကြောင်း၊ ၎င်းအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ပွန်းအပေါ် လုံးဝခွင့်မလွှတ်နိုင်ကြောင်း၊ ၎င်း၏သားသမီး(၅)ဦးအားလည်း လူ လားမြောက်သည်အထိ မိခင်ဖြစ်သူမှ ရုန်းကန်၊ကျွေးမွေးစောင့် ရှောက်သွားမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူအားလည်း ရွံရွာ ကြောက်ရွံ့နေ သဖြင့် ယခုအမှုစစ်ဆေးသည့်အခါတွင် သက်ဆိုင်ရာတရားသူကြီးအား တင်ပြအကူအညီတောင်းခံ၍ လင်မယားဖြစ်သူမှ တရားဝင် ကွာရှင်းပြတ်ဆဲမှုအား သက်ဆိုင်ရာတရားသူကြီး ထံတွင် တင်ပြအကူ အညီတောင်းခံသွားမည်ဖြစ်ကြောင်း၊(၂၀.၃. ၂၀၁၃)ရက်တွင် ညီအစ်ကိုမောင် နှမများအိမ်၌ ရင် ဖွင့်ပြောပြချက်အရ သိရှိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News

No comments:

Post a Comment