Friday, March 22, 2013

မိတ္ထီလာ ပဋိပက္ခအရေး ကုလသမဂ္ဂ ကြေညာချက် ထုတ်


မိတ္ထီလာမြို့တွင် မတည်မငြိမ် ဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ်က ကြေညာချက်တစောင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မတ်လ ၂၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ၊ အသက်အိုးအိမ်စည်းစိမ် ပျက်ဆီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ဌာနေကိုယ်စားလှယ်အနေဖြင့် စိုးရိမ်ပူပန်ကြောင်း ပါဝင်သည်။

ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တာဝန်ရှိသူများ အနေဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ရေး ကြိုးစားလုပ်ဆောင်ပေးကြပါရန်နှင့် လူ့အဖွဲ့အစည်းအသီးသီးအနေဖြင့် အပြန်အလှန်နားလည်မှု၊ သည်းခံ မှုတို့ဖြင့် ၄င်းဖြစ်ရပ်များ ရပ်တန့်သွားရေး ထိန်းသိမ်းကာကွယ်မှုများ ဦးစားပေးလုပ်ဆောင်သွားရန် တိုက် တွန်းထားသည်။

ဧရာဝတီ

No comments:

Post a Comment