Friday, March 22, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ စာနယ်ဇင်းသမဂ္ဂမှ မတ်လ ၂၂ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန် လိုက်ပါသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက်၍မြန်မာ စာနယ်ဇင်း သမဂ္ဂ၏ သဘောထား ထုတ်ပြန်ချက်

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာ စာနယ်ဇင်း သမဂ္ဂ အနေဖြင့် လွန်စွာမှ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပြီး ပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်ရန် နှင့် တည်ငြိမ် အေးချမ်းမှု ပြန်လည်ရရှိရန် မျှော်လင့်ပါသည်။

ပဋိပက္ခများ အဆုံးသတ်ရန် အတွက် မီဒီယာများ၏ အခန်း ကဏ္ဍမှာ အရေးပါသော အနေအထားတွင် ပါဝင်နေပါသည်။ ပဋိပက္ခများအမြန်ဆုံး ချုပ်ငြိမ်း၍တည်ငြိမ် အေးချမ်းမှု ပြန်လည်ရရှိရန်အတွက် မီဒီယာများ အနေဖြင့် ထိန်းထိန်း သိမ်းသိမ်း ဖော်ပြပေးရန် မြန်မာ စာနယ်ဇင်း သမဂ္ဂ အနေဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Eleven Media Group

No comments:

Post a Comment