ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အကျဉ်းသား ၃ဝဝဝ ကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ် ကျော်ကျော်ထွန်းက ပြောသည်။
ယခုလ ၁၉ ရက်တွင် ကျင်းပ သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးမြန်းချက်ကို ရဲချုပ်က ပြန်လည်ဖြေ ကြားရာ၌ အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ် သည်။
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရသည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက် ၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ထိုင်းတွင်ပြစ် ဒဏ်ကျခံရ သည့် မြန်မာ နိုင်ငံ သားဟုယူဆရသူများကို တရားစီရင်ပါက သက်ဆိုင်ရာ ပြည်ထဲရေး ဌာနကမြန်မာနိုင်ငံ သံရုံးသို့အကြောင်း ကြားပြီး မီဒီယာများ၏ဖော်ပြချက် များအရလည်းသိရှိရ၍ အကျဉ်းကျခံရမည့် သူများ ကို မြန်မာနိုင်ငံ ကောင်စစ်ဝန်က သွားရောက်တွေ့ ဆုံကာနိုင်ငံသားဟုတ်မဟုတ် သွား ရောက်စိ စစ်ပြီး စာရင်းမှတ်တမ်း တင်ကြောင်း ပြောသည်။ မြန်မာ နိုင်ငံတွင် အကျဉ်းကျနေသော ထိုင်းလူမျိုး အကျဉ်းသား ၁ဝ၂ ဦး ကို ၂ဝ၁၁ ခုနှစ်မတ်လ ၃ဝ ရက်မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့အထိနိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွှတ် ပေးခဲ့သည်။
ထိုင်းနိုင်ငံရှိ မြန်မာအကျဉ်းသားနှင့် ထိုင်းနိုင်ငံတွင် အကျဉ်းကျနေသော မြန်မာနိုင်ငံသားများအ တွက် ဆေးဝါးကုသခွင့်၊ တယ်လီဖုန်းဖြင့် မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများထံသို့ ဆက်သွယ်ခွင့်နှင့် ထိုင်းနိုင်ငံဘုရင်နှင့်မိဖုရားတို့၏ မွေးနေ့များတွင်အခါအားလျော်စွာပြစ်ဒဏ်လျှော့ချခွင့်ရရှိအောင် ထိုင်း ဘုရင့် တော်ဝင်နန်းတော် ပြစ်ဒဏ်လျှော့ပေါ့ရေးကော်မတီသို့ တင်ပြတောင်း ဆိုပေးကြောင်း ၎င်းကပြော သည်။
အကျဉ်းသား လဲလှယ်သည့် ဥပဒေသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီခြင်းမရှိဟု ဦးဇင်ယော် က ပြော သည်။အဆိုပြုလိုသည့် နိုင်ငံကမိမိတို့ လိုအပ်ချက်နှင့် ကိုက်ညီသောအချက်များကို တစ်ဖက်နိုင်ငံသို့ တင်ပြတောင်းဆိုပြီး တစ်ဖက်နိုင်ငံမှလည်း ၎င်းတို့၏ လိုအပ်ချက်များကို ပြန်လည်ညှိနှိုင်းတောင်း ဆို ကြောင်း၊ သဘောတူညီမှုရရှိပါကနှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေး ကို လက်မှတ်ရေးထိုးကြကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက မြန်မာ နိုင်ငံမှလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် မိမိတို့လိုအပ်ချက်များကို စိစစ်၍ ဆောင်ရွက်နေကြောင်း ပြောသည်။ ထိုင်းနိုင်ငံ တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သား ၂ ဒသမ ၄ သန်းကျော်ရှိ သည်ဟု အလုပ်သမား အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည်။
စိုင်းနောင်
Popular Myanmar News Journal

No comments:
Post a Comment