Thursday, March 14, 2013

သတင်းထုတ်ပြန်မှု အားနည်းချက်ကြောင့် တပ်မတော်နှင့် ပတ်သက်သော သတင်းမှန်များ နောက်ကျမှ သိရ


၁၉၈၈ မတိုင်မီက မြန်မာနိုင်ငံ၏ မီဒီယာသည် စတုတ္တ မဏ္ဍိုင် ပီသသည့် အနေအထား တစ်ရပ်တွင် ရှိနေခဲ့ သည်။ နေ့စဉ် သတင်းစာ များနှင့် ဂျာနယ်တိုက်များမှ သတင်းဦး၊ သတင်းမှန်များကို အချိန်နှင့်အမျှ ဖော်ပြ ပေး ကြ သဖြင့် တပ်မတော်နှင့် ပြည်သူ အကြား သွေးကွဲစရာ၊ အချင်းများစရာ လည်းမရှိခဲ့ပေ။ သို့သော် ၁၉၈၈ နောက် ပိုင်း မြန်မာနိုင်ငံသားအချို့ ဒုက္ခသည်စခန်းများ သို့ ရောက်ရှိချိန်၊ ထိုမှ တစ်ဆင့် တတိယ နိုင်ငံ များ သို့ အခွင့်အရေးသမားများ ရောက်ရှိသွားသည့် အချိန်တွင် မြန်မာ့ မီဒီယာလောကသည် အစိုးရနှ င့် တပ် မတော် ကို အပုပ်ချသည့် အနောက်လေလှိုင်း များ၏ ၀ါဒဖြန့်မှုကြားတွင် နစ်မွန်းခဲ့ရသည်။

တစ်ချိန်တည်းတွင် ပြည်တွင်း မီဒီယာများမှလည်း အဆင့်အတန်း မမှီသည့် သတင်းများ၊ ပြည်တွင်း အုံကြွမှု ဖြစ်စေ ရန် ရည်ရွယ်သည့် အရေးအသားများကြောင့် ယခင် အစိုးရမှ မီဒီယာဆင်ဆာဖြင့် တင်းတင်း ကျပ် ကျပ် ကိုင်တွယ်ခဲ့ရသည်။ ဘီဘီစီ၊ ဗွီအိုအေ၊ အစရှိသည့် အနောက်မီဒီယာတို့၏ ထုတ်လွှင့်ချက်များကို သတင်း စာ ဆောင်းပါးများမှ တစ်ဆင့် ပြန်လည် ချေပခဲ့ရသည်။ ထိုအခြေအနေမှစ၍ မီဒီယာ လောကတွင် အစိုး ရ၊ တပ်မတော်နှင့် ပတ်သက်လာပါက အတိုက်အခံ ဆန့်ကျင်ဘက် အပုပ်ချ စကားလုံးများ သုံးပြီး ဖော်ပြ ရ မည် ဟူသော စည်းမျဉ်းတစ်ခု သတ်မှတ်ထား သည့်အလား ပြည်တွင်းပြည်ပ မီဒီယာများ လုပ်ေ ဆာင် လာကြ လေ သည်။

၂၀၀၆၊ ၂၀၀၇ ကာလမှ စတင်ပြီး အင်တာနက်တွင် သတင်းများအား ဘလော့ဂ်တွင် ဖော်ပြသည့် ပုံစံ ခေတ် စား လာခဲ့သည်။ ထို အင်တာနက် သတင်းများတွင် တပ်မတော်နှင့် ပတ်သက်၍ လက် လွတ်စပယ် ရေးသား ဖော်ပြချက်များ ရှိ သော် လည်း ထိရောက်သည့် သတင်းထုတ်ပြန်မှုများ မရှိသည့် အတွက် တပ် မတော်၏ ကိုယ်ကျိုးစွန့် လုပ်ဆောင် ချက်များကို ပြည်သူများ မမြင်မတွေ့ခဲ့ရဘဲ မီဒီယာတို့၏ ရေးသားချက် များကို အမှန် ထင်ခဲ့ကြသည်။သာဓက အားဖြင့် နာဂစ်ကာလအတွင်း နေ့မအိပ် ညမအိပ်အလောင်းကောင် များဆယ်ယူခြင်း၊ မြုပ်နှံသဂြိုဟ်ပေးခြင်း၊ ဒုက္ခသည်များအား စောင့်ရှောက်ခြင်း၊အဆောက်အဦများ ဆောက် လုပ် ပေးခြင်း၊ ဆေးဝါး၊ရေ၊ ရိက္ခာများ ပို့ဆောင် ပေးခြင်း တို့ကို ပြုလုပ်ပေးခဲ့သော်လည်း ထိုလုပ်ဆောင် ချက် များ သည် ပြည်သူများ အကြား ပျံ့နှံ့မှု မရှိခဲ့ပေ။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် လူမှုကွန်ယက် စာမျက်နှာများ အသုံးပြုမှု တွင်ကျယ်လာပြီး သတင်း မီဒီ ယာ တို့သည်လည်း လူမှုကွန်ယက်ဝက်ဆိုဒ်များသို့ ၀င်ရောက် နေရာယူလာကြသည်။ တစ်ချိန်တည်းမှာပင် အစိုး ရ သစ် တက်လာပြီး စာပေစိစစ်ရေး ဖျက်သိမ်းလိုက်သဖြင့် တပ်မတော်နှင့် သက်ဆိုင်သည့် မဟုတ် မမှန် သတင်း များ၊ တပ်မတော် ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သည့် ကောလဟာလများကို ဂျာနယ် စာ မျက်နှာများတွင် ထည့်သွင်း ဖော်ပြလာကြသည်။ အဆိုပါ ဂျာနယ်မီဒီယာများနှင့် ပြည်ပ အခြေစိုက် မီဒီယာ များ၏ အင်တာနက် စာမျက်နှာများတွင်လည်း သတင်းမှန်တွင် သတင်းလိမ်များ ရောထည့်ကာ ဖော်ပြ သည့် ပုံစံများ ပြုလုပ်လာ သဖြင့် တပ်မတော်နှင့် ပြည်သူအကြား အမုန်းပွားစရာများ ပိုမို ဖြစ်ပေါ် လာခဲ့သည်။

တပ်မတော်၏ သတင်းထုတ်ပြန်မှု အားနည်းချက်ကို အသိသာဆုံး ဖြစ်စေခဲ့သည်မှာ ကချင်ပြည်နယ် အ တွင်း ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲသတင်းများပင် ဖြစ်သည်။ Eleven,The Voice အပါအ၀င် ပြည် တွင်း မီဒီယာ များ၏ တစ်ဖက်သတ် ရေးသားချက်များကို အင်တာနက် သုံးသူများ မကျေမနပ်ဖြစ်ကာ ချေပ ရေးသား ကြသော် လည်း တပ်မတော်မှ ဖြေရှင်းခြင်း မရှိခဲ့ပေ။ စစ်ပွဲ ဖြစ်ပွားနေသည့် ဒေသအတွင်းမှ သ တင်း များကို မီဒီယာများမှ ဖော်ပြခြင်း မရှိသည့်အတွက် ဒို့တာဝန် အရေး(၃)ပါးကို ထိခိုက်လုနီးပါး အခြေ အနေ ထိ ဖြစ်ခဲ့ရသည့် အပြင် တပ်မတော်၏ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။

ကချင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးအတွက် အသက်စွန့်ပြီး ဆောင် ရွက်ခဲ့သော်လည်း မီဒီယာတို့၏ ဘက်လိုက် ရေးသားမှုများကြောင့် နိုင်ငံရေးအရ မဆွေးနွေးလျှင် စစ်ရေး အရ ဆက်လုပ်မည်ဟု ကေအိုင်အေတို့ စိန်ခေါ် ပြောဆိုခဲ့သည်များ ပျောက်ကွယ် ခဲ့သည်။ ကေ အိုင်အေ တို့၏ အလစ်အငိုက် တိုက်ခိုက်မှုများ၊ စစ်ရေး ပစ်မှတ် မဟုတ်သည်များကို ဖျက်ဆီး မီးရှို့မှုများ၊ လမ်း တံတား များကို မိုင်းခွဲ ဖျက်ဆီးမှု များလည်း မသိသာခဲ့ပေ။

ယခုနောက်ဆုံး ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့များ ဒေါ့ဖုန်းယမ်သို့ ရောက်ရှိနေသည့် အချိန်တွင် တပ် မတော် အနေဖြင့် ပထမ ခြံစည်း ရိုး၌ ဆက်မသွားရန် သတိပေးခြင်း၊ ထိုသတိပေး ချက်ကို လက်မခံ ကာ ခြံစည်း ရိုးကို ဖျက်၍ ဆက်သွားခြင်း၊ ဒုတိယ ခြံစည်းရိုး၌ ထပ်မံ သတိပေးသဖြင့် လမ်းပေါ်တွင် ရပ် နားခြင်း တို့ကို မီဒီယာများမှ ဖော်ပြမှု မပြုဘဲ တပ်မတော်မှ တားသည့် အတွက် ငြိမ်းချမ်းရေး အဖွဲ့များ ဒေါ့ ဖုန်း ယမ်တွင် ပိတ်မိ ဆိုသည့် သတင်းသာ အရင်ဆုံး ထွက်ပေါ် လာခဲ့သည်။ ထို့ပြင် တပ်မတော်မှ ဘုန်း ကြီး များ ကို ဆွမ်းကပ်ခြင်း၊ လူများ သွားနိုင်ရန်အတွက် မိုင်းများ ရှင်းလင်းပေးခြင်း၊ လုံခြုံရေးအတွက် ပြု လုပ်ထားရသော အတားအဆီး များ ကို ဖယ်ရှားပေးခြင်းတို့ ဆောင်ရွက်ခဲ့သော်လည်း ထိုသတင်းများ ပေါ် ထွက် မလာခဲ့ပေ။ ကူညီ ဆောင်ရွက် ပေးနေသည့် ၁ ပတ်တာကာလ အတွင်း မီဒီယာတို့မှ တစ်ဖက်စောင်း နင်း ရေးသား ဖော်ပြခဲ့ကြသည်။ တစ်ပတ် အကြာတွင်မှ တပ်မတော်မှ ကူညီပေးခဲ့သည် ဆိုသော သတင်း အမှန်များ ထွက်ပေါ် လာခဲ့သည်။

နိဂုံးချုပ် ဆိုပါလျှင် သတင်းထုတ်ပြန်မှု အားနည်းချက်ကြောင့် တပ်မတော်နှင့် ပတ်သက်သော သတင်း မှန် များ သည် နောက် ကျမှ ထွက်ပေါ်လာသည့်အတွက် အမှန်၊ အမှား ခွဲမရသည့် သတင်းများ ပြည်သူ အ ကြားတွင် အရင်ဆုံးပျံ့နှံ့ရသည်။အချို့ သတင်းဝက်ဆိုဒ်များတွင် သတင်း အချို့ ဖော်ပြနေသော်လည်း အ ချိန် နှင့် တစ်ပြေး ညီ မရှိ သဖြင့် တပ်မတော်နှင့် ပတ်သက်သော သတင်းမှန်သမျှ မီဒီယာတို့၏ ဖော်ပြချက် များ သည်သာ အတည် ဖြစ် နေတော့သည်။ ထိုသို့သော ဖြစ်ရပ်များကြောင့် တပ်မတော်အနေဖြင့် သတင်း ထုတ်ပြန်မှု ကဏ္ဍတွင် နည်းလမ်း အမျိုးမျိုးဖြင့် သတင်းမှန်များ ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ ရောက် ရှိနိုင်စေရန် စီစဉ် ဆောင်ရွက်သင့် ကြောင်း ရေးသားလိုက်ရပေသည်။
A.S.M(ငြိမ်း)
From -Facebook

No comments:

Post a Comment