Sunday, March 31, 2013

ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ

Photo: ရန်ကုန်မှာ စနစ်တကျ ကားရပ်ပါ 
Sunday, March 31, 2013

မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာ ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ ကိုယ်ပိုင်
ယာဉ်ရပ်နားရာ နေရာများအဖြစ် ရယူထားခြင်း တို့ကို အားလုံး ဖျက်မယ် လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။

စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြောပိတ်နေပြီ လို့ ဒီနေ့ အစိုးရသတင်းစာများမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြွေစေ့ပေါတဲ့ အမေရိကန်လို နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။

တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။ များများထည့် ကြာကြာရပ်ပေါ့။ 

ရဲလိုက်စစ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရ
ပါလိမ့်မယ်။

ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာတခါး
လက်ကိုင်မှာ ရဲက ထားသွားပါလိမ့်မယ်။

စည်ပင်သာယာရုံးကို ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး ပို့နိုင်ပါတယ်။
ဒဏ်ငွေမဆောင်ရင်တော့ အမှု ပိုကြီးလာမှာပါ။

အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ် မကျင့်သုံးနိုင်ပါဘူး။ ထိုင်းမှာလည်း အကြွေစေ့ ပေါများပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။

လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ် ဆိုတာ တွက်ချေကိုက်နိုင်မယ်မဟုတ်ပါ။

အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာဝင်ငွေ ထိခိုက်ပါပြီ။

ရွေးစရာနည်းလမ်း များများ မရှိလို့ ဒီလို လွှတ်ပေးလိုက်ဟန်တူပါတယ်။

ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့  ဆိုရင် ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ် ရပ်တတ်မှ ကားလိုင်စင်ထုတ်ပေးတာမျိုး
လို စည်းကမ်းတင်းကျပ်ဖို့လည်း လိုအပ်မယ်လို့ ယူဆပါတယ်။

စည်ပင်သာယာရဲ့ မေတ္တာရပ်ခံချက်နဲ့အတူ ဆက်စပ် ဖတ်ရှုသင့်တဲ့ သတင်းတပုဒ်ကတော့ ရန်ကုန်မန္တလေးကားလမ်းမှာ ကင်မရာတပ်တော့
မယ်  http://blog.irrawaddy.org/2013/03/blog-post_8932.html 
ဆိုတဲ့ သတင်းပါပဲ။

ကားမောင်းမယ် ဆိုရင် ကား၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်
ချက်တွေကို အနည်းနဲ့အများ သိထားတာ အကောင်းဆုံးပဲမဟုတ်လား။  
  
ဧရာဝတီ
မနက်ဖြန်က အစပြုပြ၊ီး ရန်ကုန်မှာယာဉ်ရပ်နားခကောက်ခံခြင်း၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာနေရာများအဖြစ် ရယူထားခြင်းတို့ကိုအားလုံး ဖျက်မယ် လို့ မြို့တော်စည်ပင်က ပြောလိုက်ပါပြီ။ စည်းကမ်းမဲ့သူတချို့ ကားရပ်ပုံ အချိုးမပြေတာကြောင့် ယာဉ်ကြောပိတ်နေပြီ လို့ ဒီနေ့ အစိုးရသတင်းစာ များမှာ တွေ့ရတဲ့ မြို့တော်စည်ပင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြွေစေ့ပေါတဲ့ အမေရိကန်လို နိုင်ငံမှာတော့ လမ်းဘေး မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်ရုံပါပဲ။

တမတ်စေ့ (၂၅ ဆင့်) ထည့်ရင် ၁၅ မိနစ်/နာရီဝက် စသဖြင့် ရပ်နိုင်ပါတယ်။ များများထည့် ကြာကြာ ရပ်ပေါ့။

ရဲလိုက်စစ်တဲ့အခါ ကိုယ်ဝယ်ထားတဲ့အချိန်ထက် ပိုရပ်ရင် ဒဏ်ရိုက်ခံရ ပါလိမ့်မယ်။

ဒဏ်ငွေဆောင်ဖို့ သတိပေးတဲ့စာရွက် (ticket) ကို ကားမှန်မှာ၊ ဒါရိုင်ဘာတခါးလက်ကိုင်မှာ ရဲက ထားသွား ပါလိမ့်မယ်။

စည်ပင်သာယာရုံးကို ကိုယ်တိုင်သွားပြီး ဒဏ်ငွေဆောင်နိုင်၊ စာတိုက်ကနေ ချက်လက်မှတ် ရေးပြီး ပို့နိုင်ပါတယ်။ ဒဏ်ငွေမဆောင်ရင်တော့ အမှု ပိုကြီးလာမှာပါ။

အကြွေစေ့ မရှိ/မသုံးတဲ့ မြန်မာပြည်မှာတော့ ဒီလိုစနစ်မကျင့်သုံးနိုင်ပါဘူး။ ထိုင်းမှာလည်း အကြွေစေ့ ပေါ များပေမယ့် မီတာတိုင်မှာ အကြွေစေ့ထည့်ပြီး ကားရပ်နားနိုင်တဲ့စနစ် မတွေ့ရပါ။

လမ်းဘေးမှာ ယာဉ်ရပ်နားခ ကောက်ခံဖို့ ၀န်ထမ်း/အလုပ်သမား ခန့်ထားရတယ်ဆိုတာ တွက်ချေကိုက်နိုင်မယ်မဟုတ်ပါ။

အခုလို ရန်ကုန် လမ်းဘေးမှာ အခမဲ့ ယာဉ်ရပ်နိုင်ပြီ ဆိုတော့ စည်ပင်သာယာဝင်ငွေ ထိခိုက်ပါပြီ။

ရွေးစရာနည်းလမ်း များများ မရှိလို့ ဒီလို လွှတ်ပေးလိုက်ဟန်တူပါတယ်။

ရန်ကုန်မှာ စနစ်တကျ ကားရပ်ကြဖို့ ဆိုရင် ပညာပေး/လှုံ့ဆော်တာတွေ လိုအပ်သလို အဲဒီလို တကယ် ရပ်တတ်မှ ကားလိုင်စင်ထုတ်ပေးတာမျိုး လို စည်းကမ်းတင်းကျပ်ဖို့လည်း လိုအပ်မယ်လို့ ယူဆပါတယ်။

စည်ပင်သာယာရဲ့ မေတ္တာရပ်ခံချက်နဲ့အတူ ဆက်စပ် ဖတ်ရှုသင့်တဲ့ သတင်းတပုဒ်ကတော့ ရန်ကုန်မန္တလေးကားလမ်းမှာ ကင်မရာတပ်တော့

မယ် http://blog.irrawaddy.org/2013/03/blog-post_8932.html
ဆိုတဲ့ သတင်းပါပဲ။

ကားမောင်းမယ် ဆိုရင် ကား၊ လမ်းစည်းကမ်းနဲ့ ပတ်သက်တဲ့ ထုတ်ပြန်
ချက်တွေကို အနည်းနဲ့အများ သိထားတာ အကောင်းဆုံးပဲမဟုတ်လား။

ဧရာဝတီ

No comments:

Post a Comment