Sunday, March 17, 2013

စေတနာ့ မဏ္ဍိုင်များသာဖြစ်စေလို…

 
နိုင်ငံတော်မှအရေးကြီးတဲ့ မဏ္ဍိုင်တွေ  ရဲ့ စတုထ္တနေရာကိုရယူထားကြတဲ့ မီဒီယာ  မဏ္ဍိုင်တွေအတွက် ရည်ရွယ်ချင်ပါတယ်။  အရင်ဆုံးပြောလိုသည်မှာ ကျွန်တော်ဝန်ထမ်း မဟုတ်ပါ။ ဂျာနယ်လစ်လဲ မဟုတ်ပါ။ ပြည်သူတစ်ဦးသာဖြစ်ပါသည်ဟု ၀န်ခံ လိုပါတယ်။ ကျွန်တော့်တစ်သက်လုံးဈေး ရောင်းပါတယ်။ ကျွန်တော့်၏ နား၊ မျက်စိများအားလုံးကိုစွင့်၊ ဖွင့်စေရန်
ကျွန်တော်ဂျာနယ်တော်တော်များများကို  အပတ်စဉ်မလွတ်တမ်းဖတ်ပါတယ်။ ကျွန်တော်အဓိကပြောလိုသည်မှာ ဂျာနယ်များတွင် ဖော်ပြရေးသားသူစာရေး  ဆရာတို့အား ကျွန်တော့်မေတ္တာဖြင့် အကြံပြုတောင်းပန်လိုခြင်းဖြစ်ပါတယ်။ ကျွန်တော်စာမရေးတတ်ပါ။ စာရေးဆရာ  တစ်ယောက်လဲမဟုတ်ပါချေ။ မည်သို့ပင်  ဆိုစေကာမူ ကျွန်တော်တို့မြန်မာနိုင်ငံတော်  ကြီးအတွက် တစ်ထောင့်တစ်နေရာမှ ကျွန်တော်အင်အားဖြည့်လိုပါတယ်။ စကားကြီး စကားကျယ်ပြောသည်ဟု မထင်စေလိုပါ။ နိုင်ငံတော်အတွင်းမှီတင်း နေထိုင်ကြသူအားလုံးတို့သည် ပြည်ထောင်စုသားနိုင်ငံသားများပင်ဖြစ်ပါတယ်။ ၀န်ထမ်းနှင့် ပြည်သူအကြားတွင် ခလောက်ဆန်ပမာသွေးခွဲနေမှုအား ကျွန်တော်မလိုလားပါ။
ဥပမာပြောရင် မောင်ညိုဆိုတဲ့ ကလေး တစ်ယောက်အကြောင်းပါ။
၁။ မောင်ညို တဇွတ်ထိုးလုပ်တတ်သည်။
၂။ သို့သော် သနားညှာတာတတ်သည်။
၃။ အဆော့မက်သည်။
၎။ သို့သော်သွက်သွက်လက်လက်ရှိသည်။
၅။ ဆိုးသည်
၆။ သို့သော်ဆိုဆုံးမလျှင် နာခံတတ်သည်။
အဲဒီလို မောင်ညို၏အကြောင်းကို ဖော် ပြလိုလျှင်အားလုံးကို မျှမျှတတဖော်ပြစေ လိုပါတယ်။ အကောင်းချည်းမြင့်တော့ (၂၊ ၄၊ ၆) အဆိုးချည်းမြင်တော့ (၁၊ ၃၊ ၅) အဲဒီလို ကောက်နုတ်ဖော်ပြလိုက်တဲ့ အခါ တစ်ဘက်က မောင်ညိုကို မမြင်ရ သေးသူအဖို့တော့ (၂၊ ၄၊ ၆) ပါ အချက် များချည်းသော်လည်းကောင်း၊ (၁၊ ၃၊ ၅) ပါ အချက်များချည်းသော်လည်းကောင်း  ရေးသားချက်အတိုင်း မြင်ကြမှာဖြစ်ပါ တယ်။ အဲလိုအချိန်မျိုးမှာ မောင်ညိုကို မြင်ရတဲ့အခါတိုက်တိုက်ဆိုင်ဆိုင်မြင်ရတဲ့ အချက်ကြောင့် မှန်ကန်တယ်လို့ တစ်ဘက်   သတ်ယူဆသွားတတ်ကြမယ်။ ဒါအပြင် အချက်အလက်အားလုံးကို မသိဘဲ တစ်ချက်တည်းနှင့် အဲဒီလိုရော မဟုတ် လို့လားလို့မေးလိုက်တဲ့ လက်တစ်လုံးခြား  မေးခွန်းအားဖြေဆိုဖို့အလွန်ခက်ပါလိမ့် မယ်။ လိုရင်းကို ကြိုးစားပြောလိုပါတယ်။  ကျွန်တော်မှာ ဗဟုသုတများစွာ တိုးပွားရသည့်အတွက် မီဒီယာလောကအား အလွန်ကျေးဇူးတင်ရှိပါတယ်လို့ ပဏာမ  ပြောပါရစေ။ သို့ရာတွင် ကျွန်တော်တို့ လေးစားရပါသော အမေဒေါ်အောင်ဆန်းစုကြည်အား လေးစားအားကိုးချစ်ကြသည်  မကသူ၏စကားလုံးများကို လက်တွေ့ လိုက်နာကျင့်သုံးစေလိုပါတယ်။ “တစ်ဘက်  နားနှင့် မဆုံးဖြတ်ပါနှင့် နှစ်ဘက်နားထောင်  ပြီးမှ မိမိစိတ်အတိုင်း လုပ်သင့်တာကို ဆုံးဖြတ်ကြပါ”ဟု မိန့်ခဲ့သည့်အတိုင်း နိုင်ငံသားများဖြစ်ကြသော ၀န်ထမ်း၊ ပြည်သူ၊ မီဒီယာလောကသားတွေ အားလုံးတို့သည် မိမိရောက်ရှိနေသော  နေရာ၌သာမနေကြဘဲ ပြည်သူ့ဘက်၊ ၀န်ထမ်းဘက်၊ မီဒီယာဘက် အဘက်ဘက်  ကို ၀င်ရောက်ခံစား၍ ကိုယ်ချင်းစာစိတ်  ပြည့်ဝလျက် သုံးသပ်ဆင်ခြင်မှုကိုပြုစေလိုပါတယ်။ ထိုအထဲတွင် ၀န်ထမ်းနှင့် ပြည်သူအကြားအဆိပ်အတောက်ဖြစ်စေ မယ့် တစ်ဘက်ဘက်အတွေးအမြင်တွေနဲ့  လိုရင်းအချက်အလက်ကိုဆွဲနုတ်၍ ကျွန်တော်ဖော်ပြခဲ့သော မောင်ညို အကြောင်းဥပမာအတိုင်းမလုပ်ကြစေလို ပါ။ ပြည်သူအားကိုးသော မီဒီယာသည်  သိသင့်သိထိုက်သော ဗဟုသုတအချက် အလက်များကို မည်သူ့ကိုမျှ နစ်နာစေလို   သာစေလို ဆန်္ဒမပါဘဲ နိုင်ငံတော်အကျိုး  သက်သက်ကိုသာ အဓိကလိုလားသော  စိတ်စေတနာသန့်သန့်များဖြင့် ရေးသား  စေလိုပါတယ်။
တလောက ကျွန်တော့်ဆိုင်ကို အကောက်ခွန်ကို ၀န်ထမ်းတစ်ယောက်  ရောက်လာတယ်။ ကျွန်တော်လည်း ဂျာနယ်မှာ ဖတ်ရ မှတ်ရသလောက်သူ့ ကို ဆွေးနွေးမိတယ်။ အဲဒီတလောက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အကြောင်း  တွေပါတယ်။ သူ့ကိုမေးကြည်တော့မှ မေးမြန်းဖြေကြားကြတဲ့ အချက်အလက် တွေ တော်တော်များတယ်ဆိုတာသိရ တယ်။ တကယ်တမ်းဂျာနယ်မှာပါလာ တော့ လိုရင်းဆိုတာထက်ပြည်သူတွေကို  အဆိပ်သင့်စေမယ့်၊ ဌာနအချင်းချင်းအထင်  မြင်လွဲစေမယ့်လိုရင်းမျိုးကိုသာ ရွေးချယ်  ဖော်ပြကြတယ်ဆိုတဲ့ မှတ်ချက်ကို ကျွန်တော်ချမိတော့တာဘဲ။ အရင်က အချို့ဂျာနယ်တွေမှာဆိုရင် ဌာနတွေမှာ  တာဝန်ထမ်းဆောင်တဲ့ အကြီးအကဲတွေ ရဲ့ ရာထူးတွေကိုတောင် မှားယွင်းဖော်ပြ  ထားကြတာတွေ့ရတယ်။ ဒါဟာ အပေါ် ယံကြောနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ  ကို မလေ့လာဘဲ ရေးသားကြခြင်းဖြစ် တယ်လို့ယူဆတယ်။ ဒီလိုမှားယွင်းမှုမျိုး ကိုလည်း မှားပါတယ်လို့ဝန်ခံတဲ့စိတ်၊ ပြန်လည်တာဝန်ယူဖြေရှင်းတဲ့ အသိစိတ်ဓာတ်တွေ ကိန်းအောင်းမွေးမြူနိုင်ဖို့လဲလို  ပါလိ့မ်မယ်။ ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်  တစ်ခုကို နမူနာပြောပြပါဦးမယ်။ ၀န်ကြီး ဌာနတစ်ခုဟာ သိန်းပေါင်းများစွာ လာဘ်   စားထားပါတယ်လို့ ဂျာနယ်တစ်ခုက မှားယွင်းဖော်ပြခဲ့တာကို ဌာနကပြန်ပြီး တရားစွဲခဲ့လို့ အမှုဖြစ်ခဲ့ရတဲ့အဖြစ် တစ်ခု  ရှိခဲ့ဖူးတယ်။ နမူနာပြောတာပါ။ အချို့ရုံး  ဌာနတွေဟာ အဲဒီလိုပြန်ပြီးတရားစွဲနိုင်ဖို့  ဖြေရှင်းဖို့ အချိန်တောင်မပေးနိုင်ကြရ အောင် အလုပ်တွေများပြီး တာဝန်ကြီး လေးစွာ ထမ်းဆောင်နေရတယ်ဆိုတာ ပြည်သူတွေကလည်း ထဲထဲဝင်ဝင်သိဖို့လို ပါလိမ့်မယ်။ တကယ်တော့ မီဒီယာဆိုတာ   တိုင်းပြည်တာဝန်ကို တစ်ထောင့်တစ်နေ ရာက ထမ်းဆောင်နေကြတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ပိုပြီးအရေး  ကြီးတဲ့နေရာတစ်ခုပါ။ ဒီကဏ္ဍကနေ တိုင်းပြည်ကိုတိုးတက်မှုဖြစ်စေနိုင်သလို ပြာကျသွားတဲ့ အထိလဲ ဖြစ်စေနိုင်တယ်။  သတင်းတွေယူတဲ့အခါ လောဘဇောနဲ့  မဟုတ်ဘဲ စေတနာနဲ့သာ နိုင်ငံတော်ရဲ့ တာဝန်ကို မီဒီယာတွေက ထမ်းဆောင်  သွားမယ်ဆိုရင် အင်မတန်မင်္ဂလာရှိမှာ  အမှန်ပါပဲ။ သတင်းပေးကပြောတိုင်း စာရေးဆရာတွေက ရေးလိုက်တဲ့စာတွေ  ဟာ ရေးသူကိုယ်တိုင်ကိုယ်ရေးတဲ့ စာအပေါ်မှာ သေချာသိပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အကြောင်းအချက်နဲ့ အချင်း အရာမျိုးတွေဖြစ်မှလဲ စာရေးဆရာတို့ ဘက်မှာလဲ လိပ်ပြာလုံတဲ့ ခံစားမှုဖြစ်မှာ ပါ။ စာတစ်ခုကို နက်နက်နဲနဲမသိတဲ့ ဆရာတစ်ယောက်ကစင်ပေါ်တက်ရှင်းတဲ့ အခါတပည့်တွေစာမေးတော့ မိမိကိုယ်ကို  ယုံကြည်မှုနည်းနေတတ်သလိုပါဘဲ။ လောကမှာ မိမိကိုယ်ကို မှန်ကန်တဲ့ စိတ်ဓာတ်သန့်စင်မှုမျိုးလိုပါလိမ့်မယ်။
မြန်မာ့ဆက်သွယ်ရေးစာပို့လုပ်ငန်း  တွေမှာလဲ အလားတူတွေပါဘဲ။ ဥပဒေ တွေကို နားမလည်တစ်ဘက်နိုင်ငံကဥပဒေ  တွေ သေချာမသိဘဲ ကိုယ့်မြန်မာအချင်း ချင်းသူခိုးပါလို့ စွပ်စွဲပြောဆိုပြီး ရန်တွေ့ခံခဲ့ရတဲ့ ၀န်ထမ်းတွေရှိခဲ့ပါတယ်။ နောက်မှ အဖြစ်မှန်ကို သိတော့လဲ တောင်းပန်ပါတယ် တစ်ခွန်းတောင်မကြားခဲ့ရဘဲ အင်တာနက်ပေါ်မှာ ဖော်ပြခံခဲ့ ရတာတွေ ဖြစ်ခဲ့ကြဖူးတယ်။
အလားတူပဲ ဆေးရုံဆေးခန်းတွေမှာ လူနာတွေက ဆရာဝန်၊ ပါရဂူတွေကို အချိန်အကြာကြီး ထိုင်စောင့်ရတယ်။ ဆေးရုံထဲ၊ ဆေးခန်းထဲမှာ အဲယားကွန်း  ကအေး၊ ရောဂါကတက်၊ေ ၀ဒနာကနှိပ် စက်၊ ဆေးရုံဝန်ထမ်းတွေက အပေါက်ဆိုး၊လူတွေကလည်း အတင်းတိုးနေရတော့ ဆေးရုံဆေးခန်းတွေရဲ့ အခက်အခဲကို နားမလည်ကြတော့ဘဲ သမ္မတဆီတိုင် မယ်ဂျာနယ်မှာရေးဖို့သတင်းပေးမယ်၊ အင်တာနက်မှာတင်မယ်ဘဲ ကြွေးကြော် နေကြတော့တယ်။ ဘာကြောင့်လဲဆိုတော့  ဂျာနယ်တွေမှာ ဖော်ပြတဲ့သတင်းတွေက ဘယ်ဆေးရုံမှာ ဘယ်လိုဖြစ်လို့ သေသွားတယ်။ ဆရာဝန်အမှားလုပ်လို့သေသွား တယ်အစရှိသည်ဖြင့် ဖော်ပြကြတဲ့ သတင်းဆိုးတွေကြောင့်ပေါ့။ ဘယ်သူတွေ  ဖြင့် ကောင်းသွားလို့ဆိုတဲ့ အစရှိသည် ဖြင့် ဖော်ပြကြတဲ့ သတင်းဆိုးတွေကြောင့်  ပေါ့။ ဘယ်သူတွေဖြင့် ကောင်းသွားလို့ ဆိုတဲ့ ကောင်းသတင်းမျိုးတွေရှိနေ ရဲ့သား နဲ့ရော ရေမိကြပါသလား။ ဖတ်မိ ကြပါသလား။ “အကောင်းမဖော်၊ အဆိုး ကိုတင်မြှောက်အဘယ်လောက်ကြောက် စရာကောင်းဘိသနည်း”ဟုသာ ကျွန်တော်မျိုးငြီးတွားနေလိုက်ချင်တော့ တယ်ဗျို့။ ဥပမာတွေသိပ်မပေးတော့ဘူး ဗျာ။ တကယ်တော့ ဘယ်အကြောင်း အရာကိုပဲ ရေးရေဗဟုသုတတိုးချင်ကြလို့ ဂျာနယ်တွေလည်းရောင်းရမှာပါပဲ။ မိမိ စိတ်နှင့် မသင့်မြတ်၍ သတင်းပေးသော  ၀ိသမလောဘသားပြည်သူအချို့တို့ရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေကို မလေ့လာ ဘဲအပြစ်ဖို့ပေးပို့ကြသော တစ်ဘက်ဘက်  သတင်းများ၊ မကောင်းတာမမှန်တာတွေ   ကိုမှရေးရတာကျေနပ်နေသော စာရေး   ဆရာများ၊ အဲလိုအဆိပ်တက်စေတတ်တဲ့  အကြောင်းအရာတွေကိုမှ ဖော်ထုတ်ပေး ရတာ ကျေနပ်နေပါတယ်။ ပိုပြီးရောင်းရ ပါတယ်လို့ ယူဆသောဂျာနယ်ထုတ်ဝေသူ များ၊ မကောင်းတဲ့သတင်းတွေများများပါ မှ ကျေကျေနပ်နပ်ဖတ်ချင်သော စာဖတ် ပရိသတ်ပြည်သူများကို ကျွန်တော်မျိုးရဲ့ ခံစားချက်လေးမျှဝေပေးလိုက်ခြင်းပါ။
ကျွန်တော်မှားနေနိုင်သေးတယ်။ နောက်ထပ်နားတွေ မျက်စိတွေစွင့်ဖို့ လိုကောင်းလိုနေပါလိမ့်မယ်။ ကျွန်တော်  အဲဒီလောက်နည်းနည်းလေးဘာလို့ သိနေတာလဲဆိုတော့ ကျွန်တော်ကစတိုး ဆိုင်ဖွင့်ထားတယ်။ ကျွန်တော့်ဆိုင်မှာ လူပေါင်းစုံဝင်ထွက်တယ်။ ကျွန်တော့်မှာ  မိတ်ဆွေတွေလည်းပေါတယ်။ မိတ်ဆွေ  တွေကလည်း နိုင်ငံသားတွေဖြစ်တဲ့ ပြည်သူတွေ၊ ၀န်ထမ်းတွေ၊ စစ်ဘက်၊ ဆေးဘက်၊ ဆရာဝန်တွေအစုံပဲလေ။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုဘဲ “တစ်ဘက်နားနဲ့ ဘယ်ကိစ္စကိုမှ မဆုံးဖြတ်  ရဘူး။ ရှုထောင့်တစ်ခုထဲနဲ့ပဲ မရွေးချယ်   ရဘူး”လို့ ကျွန်တော့် အဖေကလဲ နာနာ လေးဆုံးမဖူးခဲ့တယ်ဗျ။ ဒီလိုပဲ ဆရာတော်   ဦးဇောတိကဆုံးမတဲ့” သူများဘ၀ကို နိမ့်ချ မှ မိမိဘ၀တိုးတက်မှာမဟုတ်ဘူး”ဆိုတဲ့ စကားကိုလဲ နှလုံးသွင်းနိုင်ကြဖို့လိုမယ်ထင်  တာဘဲဗျာ။ တကယ်ဆိုရင် အားနည်းချက်၊ အားသာချက်တွေကို မျှမျှတတဖြစ်စေဖို့  အဓိကကျတယ်။ ဆရာဝန်ကို ဝေဖန်ချင် ရင် ဆရာဝန်တွေရဲ့ စောင့်ထိန်းရမယ့်ကျင့် ၀တ်၊ စည်းကမ်းတွေဟာဘာတွေလဲဆိုတာ  အရင်လေ့လာ၊ ဌာနတစ်ခု၊ ၀န်ထမ်းတစ် ယောက်ကို ဝေဖန်မယ်ဆိုလုပ်ထုံးလုပ်နည်း  ဥပဒေကို အရင်လေ့လာ၊ ဖြစ်တတ်တဲ့ သဘောသဘာဝ၊ သူတို့ရဲ့ လုပ်ငန်းပိုင်း ဆိုင်ရာအခက်အခဲတွေကိုလေ့လာပြီးမှ သူများမှ ဝေဖန်ပြောဆိုကြစေလိုပါတယ်။
အဲဒီလိုတွေမဟုတ်ခဲ့တော့ အမှားတွေ  အထပ်ထပ်ဖြစ်၊ ပြည်သူတွေက အဟုတ်ထင်၊ အဆိပ်တွေတက်၊ တစ်ကွေ့ကြုံလာ   တဲ့အခါ ရင်ထဲကတွန်းလှန်ရန်သူလိုဆက် ဆံကြ၊ သူ့အကောင်းမမြင်၊ ငါ့အဆိုးထင် နဲ့ နိုင်ငံတော်မှာရှိတဲ့ ပြည်သူနဲ့ ၀န်ထမ်း လက်တကမ်းအလိုစစ်ခင်းသူနိုင်ငါရှုံးငြင်း ကြရင်းနဲ့ စစ်အေးတိုက်ပွဲတွေ ဘယ်အချိန်  ရပ်ပါ့မလဲဗျို့။ ဒီလိုမှမဟုတ်ဘဲ “ပြည်သူ ကလည်း ၀န်ထမ်းဘက်ကို စာနာ၊ ၀န်ထမ်း  ကလည်းပြည်သူကို ညှာတာနိုင်ဖို့၊ သွေး အဆိပ်တွေအစားအေးအရိပ်မေတ္တာရေ တွေသာ တွင်တွင်ဖျန်းပက်နိုင်ကြဖို့ မတတ်ကြတော့ဘူးလား။ မီဒီယာတို့ရေ”  လို့လည်းအော်ဟစ်ပစ်ချင်တော့တာဘဲ။ ပွင့်လင်းမြင်သာတဲ့ ခေတ်ကိုရောက်လို့ ဒိမိုကရေစီလမ်းကြောင်းပွင့်ပြီ လွတ်လပ် စွာရေးသားကြတော့ ဝေဖန်နိုင်ကြပြီဆို တာကို ကျွန်တော်နားလည်တာက “ရည်ရွယ်ချက်ပါပါထိခိုက်နစ်နာစေလိုခြင်း  သက်သက်” မဟုတ်ဘူးလို့ထင်မိပါတယ်။ ဘယ်နေရာက အားနည်းချက်ဖြစ်မလဲ အပြစ်ပုံချမယ်၊ အပြစ်ရှာကြမယ်ဆိုရင် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ မြေနိမ့်ရာ လှံစိုက်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဟာကွက်  တွေစောင့် ၀င်သမတာမျိုးတွေမလုပ်မိစေ ဖို့လိုမယ်ထင်တယ်။ သူများဘက်ကို အပုပ်များများချပြီးမှ ကိုယ့်ဘ၀တိုးတက် မှု လမ်းကြောင်းရှာတာရှက်တတ်မယ်ဆို ရှက်စရာပေါ့ဗျာ။
ကျွန်တော့်လိုရင်းဒီမှာဆုံးရမယ်ဆိုရင်  နိုင်ငံတော်တစ်ခုအတွင်းနေထိုင်ကြတဲ့သူ  အားလုံးဟာ တစ်နိုင်ငံထဲသားတွေပါပဲ။ နိုင်ငံသားအချင်းချင်းအဆိပ်သင့်အောင် မဟုတ်မမှန်တာကို လုပ်ကြံလို့ပဲဖြစ်ဖြစ်၊ မော်ကွန်းတင်ပြီးသား သမိုင်းမှတ်တမ်း တွေကို အထပ်ထပ်ကြမ်းအောင်ချေးခြောက်    တွေ ရေနူးလို့ပဲဖြစ်ဖြစ်၊ ပြည်သူ့နဲ့ ၀န်ထမ်း  ကြားအထင်မှား အမြင်မှားနဲ့ ရင်တွင်း စစ်ခင်းနေအောင်မရည်ရွယ်စေချင်ဘူး။ သတင်းပေးရှိတာနဲ့ မလေ့လာဘဲရေးမိတဲ့  အဖြစ်မျိုးနဲ့လည်း စာရေးဆရာတို့ သိက္ခာ   မကျစေလိုပါ။ “တိုင်းပြည်ကို တကယ်ချစ်   တယ်ဆိုစေတနာထားဆောင်ရွက်ချင်ကြ တယ်ဆိုတဲ့ စိတ်ဓာတ်ရှိချင်တယ်ဆိုတဲ့ စတုတ္ထမဏ္ဍိုင်ကြီးရဲ့ အနွယ်ပွားဂျာနယ် ကျော်စာရေးဆရာတို့၊ သတင်းပေးတို့ရေ၊  စာရေးဆရာမဟုတ်သတင်းပေးမဟုတ်သော   အကျွန်ုပ်မှ နိုင်ငံတော်အကျိုးရှေးရှုလို့ မည်သည့်ပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ  မရည်ရွယ်သော်လည်း အမုန်းခံကာ ရေးသားတင်ပြလိုက်ရသောကြောင့် အမိုက်အမဲလို့ယူဆခွင့်လွှတ်လိုက်ပြီး ဟုတ်သောအကြံ၊ မှန်သောအကျင့်ဖြင့် သာ မိမိဘ၀တိုးတက်မှုကိုရှာကြပါကုန် လော့။ ကဲ လွန်တာရှိရင် ၀န္တာမိပါဗျို့။
HotNewsJournal

No comments:

Post a Comment