မိတ္ထီလာခရိုင်အတွင်းလက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအဓိကရုဏ်း
ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လတ်တလော
ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှ အဓိကရုဏ်းအသွင်များ
ကူးစက်မှုမရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေး အင်အားကို
တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး သက်လွင်က ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ ဖြစ်သည့်
လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ တောင်ဒဂုံ၊
မြောက်ဒဂုံနှင့် သန်လျင် စသည့်မြို့နယ်များတွင် ဘာသာရေး အသွင်ဆောင်သည့်
အခြေအနေများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိ သည်။
“ဒီလိုဖြစ်စဉ်တွေမှာ ပြဿနာ မကြီးကြီးအောင် ဖန်တီးနေတဲ့ လူတွေက
အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ၊ ပညာမဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့်
ပြည်သူတွေအနေနဲ့ အသိဥာဏ်ရှိဖို့လိုအပ်တယ်။ ဒီလို ဆူပူမှုတွေ
ရန်ကုန်တိုင်းအတွင်း မဖြစ်စေဖို့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားတယ်။
ညပိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေတိုးမြှင့်ပြီး လုံခြုံရေး
ဆောင်ရွက်နေတယ်။ အကယ်၍ ဆူပူမှုတွေ ဖြစ် ပွားအောင် ပြဿနာ စတင်ပြီ ဆိုတာနဲ့
ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်း အသွင်ဖြစ်စဉ်များ
ဖြစ်ပွားနေသည်ဟု သတင်း များ ထွက်ပေါ်သည်နှင့် သက်ဆိုင်ရာမှ
အမြန်ဆုံးသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုနှင့် လုံခြုံရေး များ
ဆောင်ရွက်လျက်ရှိသည်။
From..Eleven
No comments:
Post a Comment