Friday, March 22, 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ
မိထ္ထီလာ-ကျောက်ပန်းတောင်းလမ်း ကျောင်းပန်းတောင်ဘက်က ၀င်လာသူများ အားလုံးကို ရဲတပ်ဖွဲ့ ၀င်များမှ စစ်ဆေးလျက်ရှိပြီး တုတ်၊ ဓားလက်နက်ကိုင်ဆောင် လာသူမှန်သမျှကို ဖမ်းဆီးစစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် သဲတော - ၀မ်းတွင်း ဘက်တွင်လည်း လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသူ အားလုံးမှာ တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး သွားလာနေကြောင်း မိထ္ထီလာမြို့သို့ ထပ်မံ ရောက်ရှိသွားသော Eleven Media Group သတင်းထောက်ကပြောပါသည်။

လက်ရှိအချိန်တွင် ပဋိပက္ခဖြစ်ပွားမှုနှင့် လူသေဆုံးမှုများအတွက် တရားခံတစ်ဦးကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဖမ်းဆီးနိုင်ရေး ကိစ္စရပ်များကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရပါသည်။
Eleven Media Group
 

No comments:

Post a Comment