Monday, March 25, 2013

ပြည်ပတွင် တိမ်းရှောင်နေသော ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း မူရှာရက် နေရပ်ပြန်လာ

Photo: ပြည်ပတွင် တိမ်းရှောင်နေသော ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း မူရှာရက် နေရပ်ပြန်လာ
Monday, March 25, 2013

ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း ပါဗက်ဇ်မူရှာရက် သည်
ပြည်ပတွင် လေးနှစ်ကြာ တိမ်းရှောင်နေရာမှ မတ် ၂၄ ရက်၌ ပါကစ္စတန်သို့  ပြန်လာခဲ့ကြောင်း သိရသည်။

ပြန်လာလျှင် သတ်ပစ်မည်ဟု တာလီဘန်တို့က ခြိမ်းခြောက် ထားသော်လည်း နိုင်ငံအား ကယ်တင်ရန်အတွက် အသက်
အန္တရာယ်ကို ရင်ဆိုင်သွားမည်ဟု  မူရှာရက်က ပြောကြားခဲ့သည်။

ကရာချီမြို့လေဆိပ်သို့ မူရှာရက် ရောက်ရှိလာစဉ် လူရာဂဏန်းမျှသာ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရပြီး လေဆိပ်မှ ထွက်ခွာစဉ် လုံခြုံရေးများက အကာအကွယ်ပေးခဲ့သော်လည်း အဓိက အဝေးပြေးလမ်းမတွင်မူ ကြိုဆိုသူမရှိခဲ့ကြောင်း သိရသည်။

မူရှာရက်သည် သူ၏ All Pakistan Muslim League ပါတီကို ဦးဆောင်ပြီး မေ ၁၁ ရက်တွင် ပြုလုပ်မည့် သမိုင်းဝင် အထွေထွေ
ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန်ပြန်လာခြင်း ဖြစ်သည်။ နျူကလီးယားပိုင်ဆိုင်ပြီး စစ်အုပ်ချုပ်ရေးကို ကာလရှည်ကြာ ကြုံတွေ့ခဲ့ရသော ပါကစ္စတန်တွင် ယင်းရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာ လွှဲပေးမည့် သမိုင်းဝင် ရွေးကောက်ပွဲဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

မူရှာရက် မပြန်လာမီတွင် ရွေးကောက်ပွဲများကို ကြီးကြပ်ပေးရမည့် ကြားဖြတ်အစိုးရအတွက် ၀န်ကြီးချုပ်အဖြစ် အငြိမ်းစား တရားသူကြီး မီယာဟာဇာခန်းခိုဆိုကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။

မူရှာရက်မှာ သမ္မတအဖြစ် ထမ်းဆောင်စဉ်က လုပ်ရပ်များကြောင့် အမှုများစွာ ရင်ဆိုင်နေရပြီး ယခုအချိန်အထိ နိုင်ငံတွင်း အငြင်းပွားဖွယ် ပုံရိပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

Eleven Media Group ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်ဟောင်း ပါဗက်ဇ်မူရှာရက် သည် ပြည်ပတွင် လေးနှစ်ကြာ တိမ်းရှောင်နေရာမှ မတ် ၂၄ ရက်၌ ပါကစ္စတန်သို့ ပြန်လာခဲ့ကြောင်း သိရသည်။
ပြန်လာလျှင် သတ်ပစ်မည်ဟု တာလီဘန်တို့က ခြိမ်းခြောက် ထားသော်လည်း နိုင်ငံအား ကယ်တင်ရန်အတွက် အသက်အန္တရာယ် ကို ရင်ဆိုင်သွားမည်ဟု မူရှာရက်က ပြောကြားခဲ့သည်။
ကရာချီမြို့လေဆိပ်သို့ မူရှာရက် ရောက်ရှိလာစဉ် လူရာဂဏန်းမျှသာ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရပြီး လေဆိပ်မှ ထွက်ခွာစဉ် လုံခြုံရေးများက အကာအကွယ်ပေးခဲ့သော်လည်း အဓိကအဝေးပြေးလမ်းမတွင်မူ ကြိုဆိုသူ မရှိခဲ့ကြောင်း သိရသည်။

မူရှာရက်သည် သူ၏ All Pakistan Muslim League ပါတီကို ဦးဆောင်ပြီး မေ ၁၁ ရက်တွင် ပြုလုပ်မည့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန်ပြန်လာခြင်း ဖြစ်သည်။ နျူကလီးယားပိုင်ဆိုင်ပြီး စစ်အုပ်ချုပ်ရေးကို ကာလရှည်ကြာ ကြုံတွေ့ခဲ့ရသော ပါကစ္စတန်တွင် ယင်းရွေးကောက်ပွဲမှာ ပထမဆုံး အကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွှဲပေးမည့် သမိုင်းဝင် ရွေးကောက်ပွဲဖြစ် လာ မည် ဖြစ်ကြောင်း သိရသည်။

မူရှာရက် မပြန်လာမီတွင် ရွေးကောက်ပွဲများကို ကြီးကြပ်ပေးရမည့် ကြားဖြတ်အစိုးရအတွက် ၀န်ကြီးချုပ် အဖြစ် အငြိမ်းစား တရားသူကြီး မီယာဟာဇာခန်းခိုဆိုကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရ သည်။

မူရှာရက်မှာ သမ္မတအဖြစ် ထမ်းဆောင်စဉ်က လုပ်ရပ်များကြောင့် အမှုများစွာ ရင်ဆိုင်နေရပြီး ယခုအချိန် အထိ နိုင်ငံတွင်း အငြင်းပွားဖွယ် ပုံရိပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

Eleven Media Group

No comments:

Post a Comment