Thursday, March 21, 2013

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့ လွိုင်ကော်တွင် ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး ဆွေးနွေး

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီးတို့ လွိုင်ကော်တွင် ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး ဆွေးနွေး
Thursday, 21 March 2013 

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်မှု တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ အကြီးအကဲ Mr. Rick Barton နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell တို့သည် မတ်လ ၂၀ ရက်နေ့က ကယားပြည်နယ်၊လွိုင်ကော်မြို့သို့ သွားရောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

၎င်းတို့၏ ပထမဆုံး ကယားပြည်နယ်ခရီးစဉ်အတွင်း ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လွိုင်ကော် တက္ကသိုလ် ကျောင်းသားများနှင့်လည်း တွေ့ဆုံစကားပြောခဲ့သည်။

''ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအ၀င် မြေမြှုပ်မိုင်းကိစ္စရပ်တွေ၊ ဒီမိုကရေစီ ဘယ်လောက် ခရီးရောက်နေပြီ ဆိုတာတွေနဲ့ ပတ်သတ်ပြီး နောက်ဆုံး အခြေအနေကို  ခြုံငုံပြောကြားခဲ့ပါတယ်''ဟု အမေရိကန်သံရုံးမှ
ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
    
Mr. Rick Barton နှင့် အမေရိကန် သံအမတ်ကြီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNPLF၊ 
KNSO၊ KNLP၊ KNPDP၊ KNDP အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်
တွေ့ဆုံကာ အမေရိကန်နိုင်ငံက မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ တွင် အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။

''အမေရိကန်အစိုးရက မြေမြှုပ် မိုင်းအန္တရာယ် ကာကွယ်ရေးနဲ့ ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရအဖွဲ့အစည်းတစ်ခုကို အကူအညီပေးဖို့ ရှိပါတယ်''ဟု အမေရိကန်သံရုံးမှ ဒုတိယပြည်သူ့ရေးရာ အရာရှိ မိုက်ကယ်ကွင်လန်းက ပြောကြားခဲ့သည်။

အမေရိကန် သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က ကယားတိုင်းရင်းသား အဖွဲ့အစည်းများကိုလည်း မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများ လုပ်ပေးမည်ဟု ကမ်းလှမ်းထားပြီး သဘော တူညီချက် ရထားကြောင်း သိရသည်။

မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း ညစ်ညမ်းမှု အဆိုးဆုံးသော နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် မတော်တဆ ထိခိုက်မှုအရေအတွက်မှာ ပဉ္စမမြောက် အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့က လွန်ခဲ့သည့် ဆယ်နှစ်အတွင်းတွင် မြန်မာနိုင်ငံ၌
မြေမြှုပ်မိုင်းကြောင့် ထိခိုက်(သို့) သေဆုံးသူ ၃၀၀၀ ခန့် မှတ်တမ်း တင်နိုင်ခဲ့ပြီး တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းမရှိသဖြင့် အမှန်တကယ် ထိခိုက်သူဦးရေမှာ အဆိုပါမှတ်တမ်းထက် များနိုင်ခြေရှိကြောင်း သိရသည်။

ဓာတ်ပုံ - အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ကယား အဖွဲ့အစည်းများ
ဆွေးနွေးနေစဉ် ( နွဲ့ယဉ်အေး)

Eleven Media Group အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ပဋိပက္ခဖြေရှင်းရေးနှင့် တည်ငြိမ်မှု တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ အကြီးအကဲ Mr. Rick Barton နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell တို့သည် မတ်လ ၂၀ ရက်နေ့က ကယားပြည်နယ် ၊လွိုင်ကော်မြို့သို့ သွားရောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် မြေမြှုပ် မိုင်းအန္တရာယ် ကာကွယ်ရေး အတွက် ဆွေးနွေး ခဲ့ကြသည်။

၎င်းတို့၏ ပထမဆုံး ကယားပြည်နယ်ခရီးစဉ်အတွင်း ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ်အတွင်းရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လွိုင်ကော် တက္ကသိုလ် ကျောင်းသားများနှင့် လည်း တွေ့ဆုံ စကားပြောခဲ့သည်။

''ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအ၀င် မြေမြှုပ်မိုင်း ကိစ္စရပ်တွေ ၊ ဒီမိုကရေစီ ဘယ်လောက် ခရီးရောက်နေပြီ ဆိုတာတွေနဲ့ ပတ်သတ်ပြီး နောက်ဆုံး အခြေအနေ ကို ခြုံငုံပြောကြားခဲ့ပါတယ်''ဟု အမေရိကန်သံရုံးမှပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Mr. Rick Barton နှင့် အမေရိကန် သံအမတ်ကြီးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ KNPP၊ KNPLF၊ KNSO၊ KNLP၊ KNPDP၊ KNDP အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ အမေရိကန်နိုင်ငံက မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေးလုပ်ငန်းများ တွင် အကူ အညီပေးရန် ကမ်းလှမ်းခဲ့သည်။

''အမေရိကန်အစိုးရက မြေမြှုပ် မိုင်းအန္တရာယ် ကာကွယ်ရေးနဲ့ ပညာပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အစိုးရအဖွဲ့အစည်းတစ်ခုကို အကူအညီပေးဖို့ ရှိပါတယ်''ဟု အမေရိကန်သံရုံးမှ ဒုတိယပြည်သူ့ရေးရာ အရာရှိ မိုက်ကယ်ကွင်လန်းက ပြောကြားခဲ့သည်။

အမေရိကန် သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့က ကယားတိုင်းရင်းသား အဖွဲ့အစည်းများ ကိုလည်း မြေမြှုပ်မိုင်းအန္တရာယ် ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲများ လုပ်ပေးမည်ဟု ကမ်းလှမ်းထားပြီး သဘော တူညီချက် ရထားကြောင်း သိရသည်။

မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း ညစ်ညမ်းမှု အဆိုးဆုံးသော နိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် မတော်တဆ ထိခိုက်မှုအရေအတွက်မှာ ပဉ္စမမြောက် အများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့က လွန်ခဲ့သည့် ဆယ်နှစ်အတွင်းတွင် မြန်မာနိုင်ငံ၌မြေမြှုပ်မိုင်းကြောင့် ထိခိုက်(သို့) သေဆုံးသူ ၃၀၀၀ ခန့် မှတ်တမ်း တင်နိုင်ခဲ့ပြီး တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းမရှိသဖြင့် အမှန်တကယ် ထိခိုက် သူဦးရေမှာ အဆိုပါမှတ်တမ်းထက် များနိုင်ခြေရှိကြောင်း သိရသည်။

ဓာတ်ပုံ - အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ကယား အဖွဲ့အစည်းများဆွေးနွေးနေစဉ် ( နွဲ့ယဉ်အေး)

Eleven Media Group

No comments:

Post a Comment