Saturday, March 23, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်းအသွင် သတင်းများမှာ ကောလာဟလ များသာဖြစ်ပြီး ကူးစက်မှု မဖြစ်စေရန် ကြိုတင်စီမံထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ပြောကြား


မိတ္ထီလာခရိုင်အတွင်းလက်ရှိ ဖြစ်ပွားနေသောဘာသာရေးအဓိကရုဏ်း ဖြစ်စဉ်များနှင့်ဆက်စပ်၍ ရန်ကုန် တိုင်း ဒေသကြီးအတွင်း လတ်တလောထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများ သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မိတ္ထီလာခရိုင်မှအဓိကရုဏ်းအသွင်များကူးစက်မှု မရှိစေရန် ကြိုတင်စီမံ ထားကာ လုံခြုံရေးအင်အားကိုတိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသက်လွင်က “ဒီလို ဆူပူမှုတွေ ဖြစ်ပွားရခြင်းရဲ့အကြောင်းရင်းတွေထဲက အဓိကအချက်တစ်ချက်က နောက်ကွယ်ကနေ ကြိုးကိုင် လှုံ့ဆော်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရှိတယ်။ ဒါတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့လိုအပ်တယ်။ အခုရန်ကုန်တိုင်း အတွင်းမှာလည်း မိတ္ထီလာမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဆူပူမှုတွေ ဖြစ်တော့မယ်။ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်မှု လုံးဝမရှိဘူး။ ဒါတွေ က ကောလာ ဟလတွေသာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ ဖြစ်သည့် လှိုင်သာယာ၊ အင်းစိန်၊ လှိုင်၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် သန်လျင် စသည့်မြို့နယ်များတွင် ဘာသာရေး အသွင်ဆောင်သည့် အခြေအနေများ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

“ဒီလိုဖြစ်စဉ်တွေမှာ ပြဿနာမကြီးကြီးအောင် ဖန်တီးနေတဲ့ လူတွေကအလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ၊ ပညာမဲ့တဲ့သူတွေ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အသိဥာဏ်ရှိဖို့လိုအပ်တယ်။ ဒီလိုဆူပူမှုတွေ ရန်ကုန်တိုင်းအတွင်း မဖြစ်စေဖို့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားတယ်။ ညပိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေ တိုးမြှင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်။ အကယ်၍ ဆူပူမှုတွေ ဖြစ်ပွားအောင် ပြဿနာ စတင်ပြီ ဆိုတာနဲ့ ဥပဒေနဲ့အညီ ဖြေရှင်းသွားမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘာသာရေး အဓိကရုဏ်း အသွင်ဖြစ်စဉ်များ ဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်သည်နှင့် သက်ဆိုင်ရာမှ အမြန်ဆုံးသွားရောက်ပြီး စုံစမ်းစစ်ဆေးမှုနှင့် လုံခြုံရေးများ ဆောင်ရွက် လျက်ရှိသည်။

ref:EMG

1 comment:

  1. ကျုးကျော်သူတွေ နယ်ချဲ့တွေကို နယ်ချဲံ့နေတာကိုငြိမ်ခံ့ ငါသမတနဲ့ ဒေါ်စုကြည်
    တီုံနိုဘယ်စုရဖို့အေ၇းကြိးတယ် ဒါငါတီု့စိးပွားရှာနေတာ တိုင်းရင်းသားလူမျိုးတွေ
    ဆင်းရဲရ စိတ်ဆင်းရဲရနီမ်ပါးမှ မွတ်တွေနယ်ချဲံမူ သူတို့ဘုရားဆိုတဲံအတိုင်း
    ဖြစ်လာအောင်လုပ်ပေးရင်နိုဘယ်ဆုပေးမယ်ပြောထား တယ်ကုလားသမဂအဖွဲ့
    က စိးပွားရှာနည်းကို ပြောထားတယ်ပုံစံပဲ ဒါကြောင်ံသစာဖောက်သမတနိုင်ငံနဲ
    ဘာသာသာသနာ တိုင်းရင်းသားဘ)၀တွေတိုင်းပြည်ရာဇ၀င်တွေ ဒေါ်စုနဲံပေါင်း
    ပြိးစိးပွားရှာနေတာ ကိုယ်နိုင်ငံကိုယ်ရရာလက်နက်နဲ့ကာကွယ်နေတဲံ့ပြည်သူ
    တွေ ဘုန်းကြိးတွေကိုရာဇ၀တ်မူ့နဲ့အရေးယူနေတဲံဒေါ်စုကြည်တိုံ့ကိုမယုံဘူး
    မယုံတော်ံ့ဘူး သမတအဖွဲ့ကတိုင်းပြည်ကြိး ၀ိုင်းဝန်းဖျက်ပေးနေတာမွတ်တွေ
    နဲ့ စိးပွာရေူလုပ်ငန်းကြီးလုပ်နျွှေတဲ့ကုလသမဂ(ကုလာသမဂ)အဖွဲ့ကြိးမယုံကြည်
    ဘူး ဥိးသိန်းစိန် ဒေါ်စုကြည် မြန်မာပြည်မှာသူယုတ်လဃဏာနနဲ့ပြည်ံ့စုံပါတယ်
    သမိုင်းတွင်နေပါပြိ မို့..........................။

    ReplyDelete