Monday, March 25, 2013

ပဋိပက္ခများဖြစ်ပွားနေသည်ဟု ကောလဟာလများကြောင့် လူများစိတ်နှောင့် အယှက်ဖြစ်နေ


ရန်ကုန်(မဇ္ဈိမ)။ ။ မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တဝိုက်ရှိ ဆိုင် အများအပြားကို ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များပိတ်သိမ်းနေသည် ဟူသော ထွက်ပေါ်နေသော ကောလာဟလများကြောင့် လူအများကြားစိတ်အနှောက်အယှက် ဖြစ်နေကြောင်း ယုဇနပလာဇာတွင် ဆေးဆိုင်ဖွင့်ထားသူ တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းက ကျွန်မတို့ ဘာမှမကြားပါဘူး။ ဈေးမှာ ဆိုင်ပိတ်ထားတာတော့ နည်းနည်းရှိတယ်။ စိတ်အနှောင့်အယှက် ဖြစ်တယ်။ အဲလိုတွေ ကြားရတာကြောင့် ဈေးရောင်းရတာ သိပ်အဆင်မပြေနိုင်ဘူး ဟု ဆိုသည်။

ယနေ့မနက်ပိုင်းတွင် ထွက်ပေါ်နေသော ကောလဟလများကြောင့် လူအများ စိုးရိမ်စိတ် များ ဖြစ်ပေါ်နေ ကြကြောင်း ၊ လူများအကြား စိုးရိမ်စိတ် ဝင်နေခြင်းမှ လွဲ၍ အခြားသော ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း တာမွေရဲစခန်း တာဝန်ရှိသူတဦးပြောသည်။

အဆိုပါ တာမွေရဲစခန်းမှ တာဝန်ရှိသူက ဘာမှမဖြစ်ပါဘူး ။ ကောလဟာလတွေပါ။အခုလည်း လုံခြုံရေးတွေ အပြည့်ချထားပါတယ်။ အင်အားကတော့များတယ် ။ ကျွန်တော်တို့စခန်းရယ် နီးစပ်ရာမြို့နယ်က အင်အားတွေလဲ ပေါင်းထားပါတယ် ”ဟု ဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ မဇင်မာကလည်း “ကျွန်မတို့ အခုလေး တင် ဈေးကပြန် လာတာ ဘာမှမဖြစ်ပါဘူး။ ဆိုင်ပိတ်တယ်ဆိုတာ လည်း တော်တော် နည်းပါ တယ်။ အကုန်လုံးအေးဆေး ပါ” ဟု ဖြေကြားခဲ့သည်။

ယုဇနပလာဇာနှင့် မင်္ဂလာဈေး အစရှိသော ဈေးများမှာ ကောလဟာလများကြောင့် ညနေ သုံးနာရီ မတိုင်ခင်ကပင် စိုးရိမ်စိတ်နှင့် ပိတ်သွားကြသည်ဟု အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောသည်။

တဦးစ နှစ်ဦးစပိတ်ရာကနေအကုန်ပိတ်ကုန်တာ။ အရင်ကလဲ ကောလဟာလတွေ ကြားတော့ စောစောပိတ်ကုန်တာ။ အိမ်ခြံမြေဈေးကွက်လဲ အဲဒီလိုတွေ ကောလ ဟာလကြောင့် ဈေး ဆိုင်ရမဲ့ကိစ္စတွေလဲ ပျက်ကုန်တယ် ဟုမဇ္ဈိမသို့ ပြောသည်။

ထိုကောလဟာလများ ထွက်ပေါ်နေခြင်းသည် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွပ်ကဲရေးမှူး ဒုရဲအုပ်တဦးက ဆိုသည်။

သူ့အပိုင်းအလိုက် လုံခြုံရေးယူထားပါတယ်။ ကျွန်တော်တို့ဆီတော့ ဘာသတင်းမှ မတက်သေး ပါဘူး။ ကောလဟာလ သတင်းတွေပါ။ တဖက်မှာ သွေးထိုးတာတွေ ပါရင်ပါနိုင်ပါတယ် ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ နယ်မြေများအတွင်း လုံခြုံရေးများချထားကြောင်း အမှန်တကယ် ဖြစ်ပေါ်လာပါကလည်း နီးစပ်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ အကူအညီများ ယူ၍ ဖြေရှင်း မည်ဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်မှဖြေကြားခဲ့သည်။
မဇ္ဈိမ

No comments:

Post a Comment