Sunday, March 31, 2013

အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ

Photo: အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ
Sunday, March 31, 2013

မြောက် ကိုရီးယား နိုင်ငံသည် ယခုအခါ တောင် ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အခြေ အနေ တစ်ရပ် အတွင်းသို့ ဝင်ရောက် လာပြီ
ဖြစ်ကြောင်း မြောက် ကိုရီး

ယား အာဏာပိုင် များက ပြောကြား လိုက်ပြီး အမေရိကန် ပြည်ထောင်စု၏ အဓိက ပြည်မကြီး ကိုလည်း တိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား ကျွန်းဆွယ်ပေါ်
မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက မျက်ခြည် မပြတ်
စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ အပြီးတွင် ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်မှာ အပစ် အခတ် ရပ်စဲ
ရေး အတွက်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မဟုတ်သောကြောင့် 
ယင်းနှစ်နိုင်ငံသည် ဥပဒေ သတ်မှတ်ချက် အရ ဆိုရ ပါမူ စစ်ဖြစ်နေဆဲ 
အခြေ အနေတွင် ရှိနေသည်ဟု ဆိုနိုင် ပါသည်။ ယင်းအပစ် အခတ် ရပ်
စဲရေး သဘောတူ စာချုပ် ကိုလည်း မြောက်ကိုရီးယား အစိုးရက ဖျက်
သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာ ခဲ့သည်။

မြောက် ကိုရီးယား အစိုးရ အနေဖြင့် ဟာဝိုင်အီ၊ ဂူဟမ်ကျွန်း၊ တောင် ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်း များနှင့် အမေရိကန်
ပြည်ထောင်စု အတွင်း ရှိ ပစ်မှတ် များကို ဦးစွာ တိုက်ခိုက် သွားမည်ဟု
ကြေညာထားပြီး မြောက် ကိုရီးယား စစ်တပ်၏ မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့ကို လက်ရှိ အချိန်တွင် အသင့် အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး ထားပြီး ဖြစ်သည်။

မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု များသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် 
အတွင်း အမေရိကန် အစိုးရ က နျူကလီးယားဗုံး သယ် ဆောင်နိုင်သော
B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး နောက်ပိုင်း 
တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ယင်းသို့ ခြိမ်းခြောက် မှုများနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက
ပြစ်တင် ဝေဖန်ထားပြီး အမေရိကန် ပြည်ထောင်စုသည် မိမိကိုယ်
ကို သာမက မဟာမိတ် နိုင်ငံများ ကိုလည်း တိုက်ခိုက် ခံရခြင်း အန္တ
ရာယ်မှ ကာကွယ် နိုင်စွမ်း ရှိသည်ဟု  တုံ့ပြန် ပြောကြား ထားသည်။

မြင့်တက် လာသည့် တင်းမာမှုများ အပေါ် တရုတ်နှင့် ရုရှား အစိုးရ အဖွဲ့ များက စိုးရိမ် မကင်း ဖြစ်လျက် ရှိပြီး လက်ရှိ အနေ အထားသည် ''ထိန်း
မနိုင် သိမ်းမရ အခြေ အနေ'' သို့ ပြောင်းလဲ သွားနိုင် သောကြောင့် အထူး
ပင် စိုးရိမ်ဖွယ် ကောင်းသည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်
ရော့ဗ်က ပြောကြား ထားသည် ကို တွေ့ရသည်။

မြောက် ကိုရီးယား အစိုးရသည် တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတော အတွင်း မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့သို့ စစ် သည်နှင့် စစ်ဘက်သုံး ယာဉ်များ တိုးမြှင့် ချထား ခဲ့ကြောင်း
တောင်ကိုရီးယား မီဒီယာ များက ဖော်ပြ ခဲ့သည်။

စကတ် ဒုံးကျည်နှင့် ရိုဒိုဒုံးကျည် တို့သည် မြောက် ကိုရီးယား၏ အဓိက တာ တိုပစ်နှင့် တာလတ်ပစ် ဒုံးကျည်များ ဖြစ်ပြီး ယင်း ဒုံးကျည်များ ဖြန့်ချမှု အခြေ အနေ များကို ယခုအခါ တောင်ကိုရီး ယားနှင့် အမေရိကန် အစိုးရကအနီးကပ်
စောင့်ကြည့်လျက် ရှိသည်။

မြောက် ကိုရီးယား နိုင်ငံသည် နျူကလီးယား ထိပ်ဖူးအား ဒုံးကျည်တွင် တပ်ဆင် ပစ်ခတ် နိုင်ရန် နှစ်ပေါင်း များစွာ လိုအပ် နေသေးသည်ဟု
လေ့လာသူ အများ စုက ပြောကြား ထားသော်လည်း သမားရိုးကျ လက်
နက် များနှင့် ဒုံးကျည် အများ အပြားကို ပိုင်ဆိုင်ထား သည် ဟူသော အချက်မှာ ငြင်းမရ သောကြောင့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ ခေါင်း အေးအေးထား ဖြေရှင်းရန် လိုအပ်သည်ဟု ပင်တဂွန်မှ ပြောရေး ဆိုခွင့်ရှိ သူ ဂျော့လစ်တဲလ် က ပြောကြား ထား
ကြောင်း တွေ့ရ ပါသည်။ ။

နိုင်အောင်
မြ၀တီ မြောက် ကိုရီးယားနိုင်ငံသည် ယခုအခါ တောင်ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အခြေအနေတစ်ရပ်အတွင်းသို့ ဝင်ရောက် လာ ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအာဏာပိုင်များက ပြောကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စု၏ အဓိကပြည်မကြီးကိုလည်း တိုက်ခိုက် ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား ကျွန်းဆွယ်ပေါ်မှ တင်းမာမှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက မျက်ခြည် မပြတ်စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။ တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ အပြီးတွင် ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်မှာ အပစ် အခတ် ရပ်စဲရေး အတွက်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မဟုတ်သောကြောင့် ယင်းနှစ်နိုင်ငံသည် ဥပဒေ သတ်မှတ်ချက် အရဆိုရပါမူ စစ်ဖြစ်နေဆဲ အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင် ပါသည်။ ယင်းအပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် ကိုလည်း မြောက်ကိုရီးယားအစိုးရက ဖျက်သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာ ခဲ့သည်။

မြောက် ကိုရီးယားအစိုးရအနေဖြင့် ဟာဝိုင်အီ၊ ဂူဟမ်ကျွန်း၊ တောင် ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်း များနှင့် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပစ်မှတ်များကို ဦးစွာတိုက်ခိုက်သွားမည်ဟု ကြေညာ ထားပြီး မြောက်ကိုရီးယား စစ်တပ်၏ မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့ကို လက်ရှိ အချိန်တွင် အသင့် အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး ထားပြီး ဖြစ်သည်။

မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု များသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ်အတွင်း အမေရိကန် အစိုးရ က နျူကလီးယားဗုံး သယ် ဆောင်နိုင်သော
B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး နောက်ပိုင်းတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ယင်းသို့ ခြိမ်းခြောက်မှုများနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရကပြစ်တင်ဝေဖန်ထားပြီး အမေရိ ကန် ပြည်ထောင်စုသည် မိမိကိုယ်ကိုသာမက မဟာမိတ် နိုင်ငံများကိုလည်းတိုက်ခိုက်ခံရခြင်း အန္တရာယ်မှ ကာကွယ် နိုင်စွမ်း ရှိသည်ဟု တုံ့ပြန် ပြောကြား ထားသည်။

မြင့်တက် လာသည့် တင်းမာမှုများ အပေါ် တရုတ်နှင့် ရုရှားအစိုးရအဖွဲ့များက စိုးရိမ်မကင်း ဖြစ်လျက် ရှိပြီး လက်ရှိ အနေ အထားသည် ''ထိန်းမနိုင် သိမ်းမရ အခြေ အနေ'' သို့ ပြောင်းလဲ သွားနိုင် သောကြောင့် အထူးပင် စိုးရိမ်ဖွယ် ကောင်းသည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက် ရော့ဗ်က ပြောကြား ထားသည် ကို တွေ့ရသည်။

မြောက် ကိုရီးယား အစိုးရသည် တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတော အတွင်း မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့သို့ စစ် သည်နှင့် စစ်ဘက်သုံး ယာဉ်များ တိုးမြှင့် ချထား ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာ များက ဖော်ပြ ခဲ့သည်။

စကတ် ဒုံးကျည်နှင့် ရိုဒိုဒုံးကျည် တို့သည် မြောက် ကိုရီးယား၏ အဓိက တာ တိုပစ်နှင့် တာလတ်ပစ် ဒုံးကျည်များ ဖြစ်ပြီး ယင်း ဒုံးကျည်များ ဖြန့်ချမှု အခြေ အနေ များကို ယခုအခါ တောင်ကိုရီး ယားနှင့် အမေရိကန် အစိုးရကအနီးကပ် စောင့်ကြည့်လျက် ရှိသည်။

မြောက် ကိုရီးယား နိုင်ငံသည် နျူကလီးယား ထိပ်ဖူးအား ဒုံးကျည်တွင် တပ်ဆင် ပစ်ခတ် နိုင်ရန် နှစ်ပေါင်း များစွာ လိုအပ် နေသေးသည်ဟု လေ့လာသူအများစုက ပြောကြားထားသော်လည်း သမားရိုးကျ လက်နက် များနှင့် ဒုံးကျည်အများအပြားကို ပိုင်ဆိုင်ထား သည်ဟူသောအချက်မှာ ငြင်းမရ သောကြောင့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာမှုများနှင့် စပ်လျဉ်း၍ခေါင်းအေးအေးထား ဖြေရှင်းရန် လိုအပ်သည်ဟု ပင်တဂွန် မှ ပြောရေး ဆိုခွင့်ရှိ သူ ဂျော့လစ်တဲလ် က ပြောကြား ထားကြောင်း တွေ့ရ ပါသည်။ ။

နိုင်အောင်
မြ၀တီ

No comments:

Post a Comment