Monday, March 25, 2013

"တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့"

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်ကွက်မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

မနေ့ညမှာတော့ တပ်ကုန်းမြို့နယ်အတွင်းကို အမည်မသိ လူအုပ်စုတွေဝင်လာပြီး ရွာသစ်ကြီးကျေးရွာ (အနော်ရထာရပ်ကွက်)၊ဓညဝတီရပ်ကွက်နဲ့ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားတယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့က အရာရှိတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာရှိတဲ့အတွက် နယ်မြေခံစစ်တပ်အကူအညီနဲ့ သွားရောက် ထိန်းသိမ်းနေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
From.....RFA
 

No comments:

Post a Comment