တယ်လီဖုန်း SIM ကတ်များ ဧပြီလထဲတွင် ဈေးနှုန်းချိုသာ စွာဖြင့် ဖြန့်ဖြူရန်စီစဉ်နေပါကြောင်း၊ သို့ရာတွင် မည်သည့်ရက် တွင်ရောင်းမည်၊
မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်၊ မည်သည့် ပုံစံဖြင့် ဖြန့်ဖြူးမည်ကို
မသိရသေကြောင်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အိုင်တီဝန်ဆောင်မှုမှ
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၂၅ ရက်က ပြောကြားသည်။ ဧပြီလအတွင်း
ချထားပေးသည့် ဖုန်းအမျိုးအစား သုံးမျိုးရှိပြီး GSM၊ WCDMA နှင့် CDMA 800
MHz System များဖြစ်သည် ဟု သိရသည်။ ယခုဆက်လက် ချထားပေးမည့် SIM
ကတ်များအားလုံးတွင် အင်တာနက်အသုံးပြုမှုစနစ်ပါဝင်မည် ဖြစ်သော်လည်း
အင်တာနက် ကိုတစ်ခါတည်းဖွင့်ပေးထားရင် ဆက်သွယ်ဖို့အတွက်ပဲသုံးချင်တယ်။
အင်တာနက်ဆော့ဖ်ဝဲက ပိုက်ဆံ စားတယ်ဆိုပြီး ပြောကြာလာတာတွေရှိ တာကြောင့်
အင်တာနက် Setting ကိုပိတ်ထားမယ်။ အင်တာနက်အသုံးပြုချင်တယ်လို့
အကြောင်းကြားလာခဲ့ရင်တော့ ၂၄ နာရီအတွင်း ဖွင့် ပေးသွားမှာဖြစ် ပါတယ်။
နိုင်ငံတကာမှာလည်း အင်တာနက်အသုံးပြုမယ်ဆိုရင် အင်တာနက်အသုံးပြုမှု
ဝန်ဆောင်ခ သက်သက်တောင်းပါတယ်ဟု
၎င်းကပြောကြားသည်။ ဧပြီလအတွင်းထွက်ပေါ်လာမည့် တန်ဖိုးနည်း SIM ကတ်များ၏
ဈေးနှုန်းနှင့် ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်ကို အတိအကျသိရှိရခြင်းမရှိသေးသော် လည်း ခေါ်ဆိုနှုန်းများ ပြောင်းလည်းသွား မည်မဟုတ်ပါဟု
ဆက်သွယ်ရေး လုပ်ငန်း အိုင်တီဝန်ေ ဆာင်မှုမှ အင်ဂျင်နီ ယာ မှူး
ဦးအောင်ကျော်သက်က ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့်
WCDMA သုံးသန်းခန့်ကိုလည်းကောင်း၊ CDMA တစ်သန်းခန့်ကိုလည်းကောင်း
ချထားပေးပြီး ယနေ့အထိ Mobile ဖုန်း အသုံးပြုသူ
လေးသန်းခန့်ရှိကြောင်းသတင်းရရှိ သည်။
Myawady News
တယ်လီဖုန်း SIM ကတ်များ ဧပြီလထဲတွင် ဈေးနှုန်းချိုသာ စွာဖြင့် ဖြန့်ဖြူရန်စီစဉ်နေပါကြောင်း၊ သို့ရာတွင် မည်သည့်ရက် တွင်ရောင်းမည်၊
မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်၊ မည်သည့် ပုံစံဖြင့် ဖြန့်ဖြူးမည်ကို
မသိရသေကြောင်းဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အိုင်တီဝန်ဆောင်မှုမှ
အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မတ်လ ၂၅ ရက်က ပြောကြားသည်။ ဧပြီလအတွင်း
ချထားပေးသည့် ဖုန်းအမျိုးအစား သုံးမျိုးရှိပြီး GSM၊ WCDMA နှင့် CDMA 800
MHz System များဖြစ်သည် ဟု သိရသည်။ ယခုဆက်လက် ချထားပေးမည့် SIM
ကတ်များအားလုံးတွင် အင်တာနက်အသုံးပြုမှုစနစ်ပါဝင်မည်
Myawady News
No comments:
Post a Comment