Friday, March 22, 2013

UEFA အား သူရဲဘောကြောင်လွန်းကြောင်း ဗန်ပါစီ ဝေဖန်


မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက UEFAသည် အမှန်ကို ထုတ်မပြောရဲသည့် သူရဲဘောကြောင်သူ များဟု ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်သည်။
ချန်ပီယံလိဂ်ပွဲစဉ်တွင် အငြင်းပွားဖွယ်အခြေအနေဖြင့် မန်ယူ အသင်း တောင်ပံလူ လူးဝစ်နာနီ ထုတ်ပယ်ခံရသော ကိစ္စတွင် UEFAက ဒိုင်လူကြီးဘက်မှ အကာအကွယ်ပေးခဲ့ခြင်းအပေါ်၌ နယ်သာလန် လက်ရွေးစင် ကစားသမားက မကျေမနပ် ဖြစ်နေသည်။ မန်ယူသည်
ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ (၁-၀)ဖြင့် အသာစီး ရနေချိန်၌ နာနီထုတ်ပယ် ခံရပြီး ပွဲအပြီးတွင် (၂-၁)နှင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသည်။ နာနီသည် ဘောလုံးကိုသာ ဦးတည် ရယူခဲ့သော်လည်း ၎င်းထံ ပြေးဝင်လာသည့် အယ်လ်ဗာရို အဘီလိုအာနှင့် ထိခိုက် မိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘောလုံးလောက လေ့လာသူအများစုက ယခုဖြစ်စဉ်တွင် တူရကီဒိုင် ကူညက်ကက်ကာကို ဝေဖန် ခဲ့ကြသော်လည်း UEFAကမူ ဒိုင်ဘက်မှရပ်တည်ခဲ့ရာ ဗန်ပါစီက UEFAမှာ အမှန်ကို ဝန်မခံရဲသည့် သတ္တိကြောင်သူများဟု တိုက်ရိုက် ပြစ်တင်လိုက်ခြင်း ဖြစ်သည်။ ဒတ်ခ်ျဝက်ဘ်ဆိုက် တစ်ခုနှင့် တွေ့ဆုံရာ၌ ဗန်ပါစီက "အဲဒီအနီကတ်က လုံးဝမျှတမှု မရှိဘူး။ အဝါကတ်တောင်မပြလို့ရတယ်။ နောက်ဆုံး ပြစ် ဒဏ်ဘောမပေးရင်တောင်ရတယ်" ဟု ပြောကြားခဲ့သည်။ ၎င်းက "နာနီဟာ အဲဒီအခြေအနေမှာ ဘာမှ ပြောင်းလဲလို့မရဘူး။ အဘီလိုအာနဲ့ တည့်တည့်တိုးမှာပဲ။ အဆိုးဆုံးကတော့ UEFAဟာ ဒိုင်ကို ထောက်ခံပြနေတာပါ။ သူတို့အင်မတန် သရဲဘောကြောင်တယ်။ သူတို့ မရိုးသားရဲတာ ဘာကြောင့်လဲ။ ဒိုင်ဟာ ဒီဖြစ်စဉ်ကို သေချာ မမြင်လိုက်ပါဘူးလို့ ဘာဖြစ်လို့ မပြောရဲတာလဲ" ဟု ဝေဖန်ခဲ့ သည်။

အဆိုးဆုံးကတော့ UEFA ဟာ ဒိုင်ကို ထောက်ခံပြနေတာပါ။ သူတို့ အင်မတန် သရဲဘောကြောင်တယ်။ သူတို့ မရိုးသားရဲတာ ဘာကြောင့်လဲ။ ဒိုင်ဟာ ဒီဖြစ်စဉ်ကို သေချာမမြင်လိုက်ပါဘူးလို့ ဘာဖြစ်လို့ မပြောရဲ တာလဲ..
၎င်းက မန်ယူနှင့် ရီးယဲလ်ကဲ့သို့ ထိပ်တန်းကလပ်နှစ်ခု ကစားသည့် ပွဲစဉ်တွင် လူသိနည်းသော ဒိုင်တစ်ဦးကို အသုံးပြုခဲ့သည့် UEFA ကိုလည်း လှောင်ပြောင်ခဲ့သေးသည်။ "ပွဲမစခင်တုန်းက ဒီလူဘယ်သူမှန်းတောင် ကျွန်တော် မသိဘူး။ လူသိပ်မသိတဲ့ ဒိုင်မျိုးက ဒီလိုပွဲကြီးတွေကို တာဝန်ယူရတာ တော်တော်ဆိုးပါတယ်။ တကယ်တော့ ပွဲချိန်(၁)နာရီလောက် ကျွန်တော်တို့ အသာ စီးရနေတယ်။ နည်းစနစ်လည်း မှန်ကန် တယ်။ နောက်တစ်ဂိုးသွင်းဖို့ ကြိုးစားနေချိန်မှာ အနီကတ် ပြခံလိုက်ရတာပဲ။ ဒီအနေအထားမှာ ကျွန်တော်တို့ ရီးယဲလ်ကို အန္တရာယ်ပေးဖို့ သိပ်ခက် သွားပြီလေ" ဟု ဗန်ပါစီက ပြောကြားသွားသည်။
Ref: Daily Mail

No comments:

Post a Comment