Saturday, April 20, 2013

ဒီနေ့သည် သမ္မတကြီး မွေးနေ့

သူဟာ နှလုံးခုန်စက်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ သံမဏိလူသား..
သူဟာ ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးခဲ့ရကြောင်း ကိုရီးယားရောက် ပြည်သူတွေကို ရင်ဖွင့်ပြခဲ့ တဲ့ မာန်မာနကို နှိမ့်ချတတ်တဲ့ လူတစ်ယောက်..
သူဟာ မြန်မာ့နိုင်ငံရေးအတွက် စင်္ကာပူ အကြီးအကဲကို တွေ့ရဖို့ ထိုင်ခုံမှာ ထိုင်စောင့်ပေးဖို့ ၀န်မလေးခဲ့တဲ့ သူ့ထက် နိုင်ငံဂုဏ်သိက္ခာကို အလေးထားခဲ့တဲ့သူ..
သူဟာ နိုင်ငံတော်ရဲ့သမ္မတကြီးတစ်ဦးဖြစ်ပေမယ့် ရိုးရိုးတန်းလေယာဉ်ထိုင်ခုံမှာထိုင်ပြီး ပြုံးရယ်ခဲ့ တဲ့ နှစ်လို ဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်..
သူလိုလူ တစ်ယောက်အတွက် ကိုယ့်မွေးနေ့ကိုယ် သတိမရတတ်တဲ့ ကျွန်တော် မွေးနေ့ ဆုတောင်း ပေး လိုက်ပါတယ်။
 
Happy Birthday Mr. President

5 comments:

  1. ဟုတ်ပါတယ် လေးစားဂုဏ်ယူမိပါတယ် မြန်မာစစ်ခေါင်းဆောင်တွေထဲမှာတော့ သမတကြီးဦးသိန်းစိန်ဟာ စိတ်ဓါတ်ရေးရာမှာ အင်မတန်ကောင်းမွန်မြင့်မြတ်ပါတယ်ဆိုတာ သူလုပ်နိုင်သမျှလုပ်ပြခဲ့ပြီးသက်သေ့ပြခဲ့ပါပြီ အစွန်းနှစ်ဖက်ကြားက နိုင်သမျှထက်ပိုပြီးလုပ်ခဲ့ပြီးပါပြီ သမတကြီးသက်တော်ရာကျော်ရှည်ပါစေ

    ReplyDelete
  2. သမတကြီးဟာဖိအားတွေကြားက ပြည်သူတွေအတွက်အလုပ်လုပ်ပေးနေတာပါ နှစ်၅၀ကျော်လောက်ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့တိုင်းပြည်ကို ပြန်လည်တည်ထောင်နေတာ နားလည်ပေးကြပါ သမတကြီးသက်တော်ရာကျော်ရှည်ပါစေ

    ReplyDelete
  3. သမ္မတကြီးကိုလေးစားပါတယ်မွေးနေ့ကျန်းမာပါစေ

    ReplyDelete
  4. အောင်မြင်ပျော်ရွှင်သောငြိမ်းချမ်းသောဘဝကိုထာဝရရပါစေ

    ReplyDelete
  5. သမ္မတကြီး ကျန်းမာချမ်းသာပါစေ။ နိုင်ငံကို ဆက်လက်ဦးဆောင်ပြီး ခေတ်မီဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေ။

    ReplyDelete