အမေရိကန် ဘော့စတွန်မြို့ မာရသွန်ပွဲမှာ လူသေဆုံး ခဲ့ရတဲ့ ပေါက်ကွဲမှုနှစ်ခု ဖြစ်ခဲ့တဲ့ အတွက်လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် လန်ဒန်မာရသွန်
အပြေးပြိုင်ပွဲလုံခြုံရေးကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ် သွားမှာ ဖြစ်ပေမယ့်ပွဲကိုတော့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။
ဘော့စတွန်က ပါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးသွားပြီး၊ အနည်းဆုံး ၁၄၀လောက်ဒဏ်ရာ ရရှိသွား ပါတယ်။ ဘော့စတွန် မာရသွန်ပွဲမှာ ဗြိတိန်က ၃၇၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ ပြိုင်ပွဲစာရင်း မှာ ဖေါ်ပြထား ပေမယ့်၊ ဗြိတိန် အပြေး သမားတွေ ထိခိုက်မှု ရှိမရှိ ဆိုတာတော့ မသိရသေးပါ။
ဗြိတိန် အားကစားနဲ့ ခရီးသွားလုပ်ငန်း အငယ်တန်း ဝန်ကြီး Hugh Robertson က လန်ဒန် မာရသွန်ပွဲ လုံခြုံရေး စိတ်ချဖို့ အတွက် အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားပါတယ်။
လန်ဒန်မာရသွန်ပွဲ ကျင်းပရေးအဖွဲ့ အမှုဆောင်ချုပ် Nick Bitel ကလည်း အစီအစဉ်အတိုင်းပွဲကို ကျင်းပသွားဖို့ အပြည့်အဝ ယုံကြည်တယ် လို့ ပြောပါတယ်။
BBC

No comments:
Post a Comment