ကရင်နီတို့ရဲ့
တံခွန်တိုင်ပွဲတော် ဟာ ထူးခြားတဲ့ ယဉ်ကျေးမှု ပွဲ လန်းသဘ င်ဖြစ်တဲ့အတွက်
ယခုဆိုရင် သြစတေးလျအမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်ပြီလို့
သြစတေးလျရောက်ကရင်နီ ကေးထျိုးဘိုးပွဲေ တာ် ဖြစ်မြောက်ရေး အဖွဲ့က ပြောပါတယ်။
သြစတေးလျ ကရင်နီကေးထျိုးဘိုး
ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ ခူးဌေးရယ်က… "ဒီသြစတေးလျ မှာကျနော်တို့
ကောင်စီ နဲ့နေတယ်။ ကောင်စီက ဘယ်လိုပြောလဲဆို နင်တို့ဟာက
ထူးဆန်းတယ်ပေါ့နော် သမိုင်းအရကြည့်မယ်ဆိုရင် ကြာပြီ ဘိုးဘွားခေတ်ကတည်းက
တခေတ်ပြီး တခေတ်ပေါ့ ဒီကေထျိုးဘိုးက တမူထူးဆန်းတယ်
သူများယဉ်ကျေးမှုနဲ့မတူဘူး အားပေးရမယ် ပြီးတော့နင်တို့ဟာက သြစတေးလျ
အမွေအဖြစ်နဲ့ ထားရမယ်ဆိုပြီး နေရာတွေပေးတယ် အခုဆိုကျနော်တို့ ကို
ဝီးထိုဒရစ်ပြည်နယ် ဂျီးလောင်းမြို့မှာ နေရာပေးထားတယ်ပေါ့နော်။ ဒီဧပြီလ၂၀၁၃
ကျရင် နောက်တချောင်းထပ်စိုက်မယ်ပြီးတော့ ယောက်တိုင်းက အဲဒီနေ့မှာတွေ့မယ်
အမှတ်သားတွေတွေ့မယ်ပေါ့ မိဘပြည်သူတို့က အားပေးပါ ကျနော်တို့
ဒီလိုလုပ်တာလည်းကျနော်တို့ အတွက်ပဲမဟုတ်ပါဘူး" လို့ပြောပါတယ်။
သြစတေးလျနိုင်ငံမှ ကရင်နီလူမျိုးများ ကေထျိုးဘိုးတိုင် စိုက်ထူနေကြစဉ် (ဓါတ်ပုံ - သြစတေးလျ ကေးထျိုးဘိုး ဖြစ်မြောက်ရေးအဖွဲ့)
အမျိုးသားလက္ခဏာနဲ့ သမိုင်းယဉ်ကျေးမှုကိုဆောင်တဲ့ တံခွန်တိုင်ပွဲကို ကရင်နီမျိုးနွယ်စုတွေဖြစ်ကြတဲ့ ကယား၊ ကယန်း၊ ကယောတို့ကနေ ယနေ့ထိတိုင် မိမိတို့ဘိုးဘွားအစဉ်အရ ကျင်းပ ပြုလုပ်နေ ကြပါတယ်။
ကယားပြည်နယ်မှာတော့ စုပေါင်းတံခွန်တိုင်ပွဲတော်ကို လွိုင်ကော်မြို့ချိကယ်အုပ်စု ထေးသမရွာမှာ အခမ်းအနားကို ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တိုင်တော်ကို ၁၃ ရက်နေ့မှာ ထူမယ်လို့ သိရပါတယ်။
Ktime
No comments:
Post a Comment