Friday, April 12, 2013

မိတ္ထီလာမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့သော ရွှေဆိုင်မှ တရားခံ သုံးဦးအား ပြစ်ဒဏ် အသီးသီး ချမှတ်


မတ် ၂ဝ ရက်က မိတ္ထီလာမြို့၌ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ တရားခံ သုံးဦးတို့အား ယနေ့ တွင် မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း သိရှိရ သည်။

ဖြစ်စဉ်မှာ
မတ် ၂ဝ ရက်က မိတ္ထီလာမြို့ ဈေးအရှေ့ဘက်ရှိ ဦးထွန်းထွန်းဦးနှင့် ဒေါ်မြင့်မြင့်အေးတို့ ပိုင်ဆိုင်သော နယူးဝိန့် စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ် ပြွန်ကောက်ရွာနေ ဦးခင်မောင်ဝင်း ၎င်း၏ ဇနီး ဒေါ်အေးနိုင်နှင့် ဒေါ်ညိုသန်း တို့ သုံးဦးသည် ရွှေဆံကုပ် တစ်ခုအား လာရောက် ရောင်းချရာ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး(ခ) အာရှစ်၊ ဇနီး မမြင့်မြင့်အေးနှင့် ဆိုင်လုပ်သား ညီညီ (ခ)မင်းအောင် တို့က ငွေကျပ် ၁ဝ၅ဝဝဝ ပေးမည်ဟု ပြောပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်း ယူသွားခဲ့ကြောင်း၊ ထို့နောက် ဈေးအတွင်းမှ ဆိုင်သို့ ပြန်လည်ရောက် ရှိချိန်တွင် ရွှေဆံကုပ်မှာ ပဲ့ေ နပြီး ဆိုင်ရှင် တို့က ငွေကျပ် ၅ဝဝဝဝ သာ ပေးတော့မည်ဟု ပြောဆိုရာမှ ဆိုင်ရှင် မိသားစုနှင့် ရွှေဆံကုပ် ရောင်းချသူ မိသားစုတို့ အချင်းများပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှု များ ဖြစ်ပေါ် ခဲ့ သဖြင့် ဦးခင်မောင် ဝင်းမှာ ပေါက်ပြဲဒဏ်ရာ တစ်ချက်နှင့် မျက်နှာဖူးရောင် ဒဏ်ရာများ ရရှိ ခဲ့သဖြင့် မိတ္ထီလာမြို့ အမှတ်(၂) ရဲစခန်းမှ(ပ) ၇၄/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/ ၃၂၅/၄၂၇/၁ ၁၄ဖြင့် အမှုဖွင့်ခဲ့ပြီး ဆိုင်ရှင် ဦးထွန်းထွန်းဦး အပါအဝင် သုံးဦးအား ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ကြောင်း၊ ဤဖြစ်စဉ်မှ အစပြု၍ မိတ္ထီလာ မြို့တွင် ပြဿနာများ ဖြစ်ပွားခဲ့ကာ ရုန်းရင်းဆန်ခတ် ပဋိ ပက္ခမှုများ ဖြစ်ပွား ခဲ့ ခြင်း ဖြ စ်ကြောင်း သိရှိရသည်။
အဆိုပါ ရွှေဆိုင်၏ အမှုကို အမှတ်(၂) ရဲစခန်းက အမှုဖွင့်ခဲ့ ပြီးနောက် ဧပြီ ၅ ရက် မှစတင်၍ မိတ္ထီလာ မြို့နယ် တရားသူကြီး ရုံးတွင် ပြစ်မှုကြီးအမှတ် ၁၁၇၈/၂ဝ၁၃ ဖြင့် ကြားနာ စစ်ဆေးခဲ့ရာ ယနေ့ အထိ အသိ သက်သေ ၁၃ ဦးတို့အား စစ်ဆေးခဲ့ပြီး မြို့နယ် တရားရုံးက တရားခံထွန်းထွန်းဦး(ခ)အာရှစ် ၂၃ နှစ်အား ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို အလုပ်နှင့်တကွ သီးခြားစီ ကျခံစေရန် လည်းကောင်း၊ အလုပ် သမား ညီညီ(ခ)မင်းအောင် ၂၁ နှစ်အား ပုဒ်မ ၃၈၂ အရ အလု ပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၃၂၄ အရ ထောင်ဒဏ်နှစ်နှစ် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်ကို သီးခြားစီ ကျခံစေရန် လည်းေ ကာင်း၊ ရွှေ ဆိုင်ပိုင်ရှင် မြင့်မြင့်အေး ၂၄ နှစ်အား ပုဒ်မ ၃၈၂ အရ ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၃၂၅/ ၁၁၄ အရ ထောင်ဒဏ် ငါးနှစ်နှင့် ပုဒ်မ ၃၂၄/၁၁၄ အရ ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း အ လုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်ကို သီးခြားစီ ကျခံစေရန် မြို့နယ် တရားရုံးက အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment