ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်း
သား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ တို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦး ကိုပြန်လည် တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် ယနေ့ နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့  အင်တာနက်စာမျက်နှာတွေ မှာ ရေးသားလှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရ တာဝန် ရှိသူတွေအနေနဲ့သတင်းအမှန်တွေကိုအချိန်တေ ပြးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။
အင်တာနက်မှာလည်း ရဲဇာနည်ဖေ့စ်ဘွတ် စာမျက်နှာနဲ့ မြန်မာအသံရုပ်မြင်သံကြားကနေ သတင်းတွေတောက်လျောက်လွှင့်သွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။
7Day News Journal

သား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ တို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦး ကိုပြန်လည် တွေ့ရှိပြီဖြစ်ကြောင်းနိုင်ငံပိ
မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခ
"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့  အင်တာနက်စာမျက်နှာတွေ
အင်တာနက်မှာလည်း ရဲဇာနည်ဖေ့စ်ဘွတ
7Day News Journal
No comments:
Post a Comment