Thursday, April 18, 2013

“ဘော်စတွန်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် သံသယရှိသူတစ်ဦး ဖမ်းဆီးရမိ”

   
boston bombing
ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ သံသယရှိသူအား ဗုံးပေါက်ကွဲရာ အနီးပတ်ဝန်းကျင်ရှိ စတိုင်းဆိုင်တစ်ခု၏ CCTV
ဗီဒီယိုမှတ်တမ်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဒုတိယဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် အိတ်တစ်လုံးကို ချထားခဲ့သည်ကို CCTV ဗီဒီယိုမှတ်တမ်း၌ တွေ့ရှိရသည်ဟု RT News တွင် ဖော်ပြသည်။ ရဲတပ်ဖွဲ့၏အဆိုအရ ဖမ်းဆီးခဲ့သည့် သံသယရှိသူမှာ အသားမည်းသူ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။


boston bombing

(ဗုံးပေါက်ကွဲရာနေရာတွင် တွေ့ရှိရသည့် ဖောက်ခွဲရေးပစ္စည်း အပိုင်းအစ)
From....Planet News

No comments:

Post a Comment