Thursday, April 18, 2013

နယူးဇီလန်တွင် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင်ခွင့်ပြု

နယူးဇီလန်နိုင်ငံ လွှတ်တော်က လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင်ခွင့်ပြုသည့် ဥပဒေပြင် ဆင်ချက်အား ယနေ့ (ဧပြီ ၁၇၊ ဗုဒ္ဓဟူးနေ့) မဲခွဲဆုံးဖြတ် အတည်ပြုလိုက်သည်။ နယူးဇီလန်၏ ၁၉၅၅ ခုနှစ်က သတ်မှတ်ပြဌာန်းခဲ့သော လက်ထိပ်ထိမ်းမြားမှုဆိုင်ရာ ဥပေဒတွင် အဆိုပါပြင်ဆင်ချက်ကို ထည့်သွင်းမည်ဖြစ်သည်။

new zealand

(နယူးဇီလန်လွှတ်တော် အဆောက်အအုံရှေ့တွင် တွေ့ရသည့် လိင်တူချင်း လက်ထပ်ထိမ်းမြား မှု ထောက်ခံသူများ)

ယခုအပြောင်းအလဲအရ နယူးဇီလန်သည် အာရှပစိဖိတ်ဒေသအတွင်း လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင် ခွင့်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာပြီး ကမ္ဘာပေါ်တွင် ၁၃ နိုင်ငံမြောက် နိုင်ငံအဖြစ်လည်း စာရင်း ဝင်ခဲ့သည်။

new zealand

(နယူးဇီလန်လွှတ်တော် အဆောက်အအုံရှေ့တွင် တွေ့ရသည့် လိင်တူချင်း လက်ထပ် ထိမ်းမြား မှု ထောက်ခံသူများ)

ဥပဒေပြင်ဆင်ချက်အရ လာမည့် သြဂုတ်လမှစ၍ နယူးဇီလန်တွင် လိင်တူချစ်သူများ တရားဝင် လက်ထပ် ထိမ်းမြားနိုင်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဆွီဒင်၊ နယ်သာလန်၊ ကနေဒါ၊ အာဂျင်တီးနားနှင့် အိုက်စ်လန်းနိုင်ငံများ အပါအဝင် နိုင်ငံ ၁၂ နိုင်ငံတွင် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို တရားဝင် ခွင့်ပြု ထားကြောင်း RT News တွင် ဖော်ပြသည်။

From...PlanetNews

No comments:

Post a Comment