Thursday, April 18, 2013

အီရတ်တွင် အကြမ်းဖက်မှုများကြောင့် တစ်ရက်အတွင်း လူ ၂၁ ဦးကို သေဒဏ်စီရင်

အီရတ်နိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ဧပြီလ ၁၆ ရက်တွင် အမျိုးသား ၂၁ ဦးကို ကြိုးပေးကွပ်မျက်လိုက်ကြောင်း သိရသည်။
ယင်းသေဒဏ် စီရင်ခံရသူများသည် လုံခြုံရေး တာဝန်ရှိသူများနှင့် အရပ်သားများအား ပြန်ပေးစွဲခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများ၊ ဗုံးခွဲခြင်းများနှင့် သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့သူများ ဖြစ်သည်။ အချို့ သည် ဗုံးထောင်ခြင်း၊ ကားနှင့် မော်တော်ဆိုင်ကယ်များတွင် ဗုံးတပ်ဆင်ခြင်းတို့ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း အီရတ်တရားရေး ၀န်ကြီးဌာနက ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။

သေဒဏ်စီရင်ခြင်းအား တရားဝင် ဆိုင်းငံ့ထားရန် နိုင်ငံတကာမှ တောင်းဆိုမှုများအကြား အီရတ်တွင် အဆိုပါ သေဒဏ်စီရင်မှုများ အပါအ၀င် ယခုနှစ်အတွင်း သေဒဏ်စီရင်မှုပေါင်း ၅၀ ပြုလုပ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၀၀၃ ခုနှစ်တွင် အမေရိကန် တပ်ဖွဲ့များက ၀င်ရောက်ကျူးကျော်ခဲ့ပြီးနောက် အီရတ်တွင် သေဒဏ် စီရင်ခြင်းကို ရပ်ဆိုင်းထားခဲ့သော်လည်း ထို့နောက်ပိုင်း အီရတ်အစိုးရက သေဒဏ်စီရင်ခြင်းများကို ၂၀၀၅ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်းကလည်း သေဒဏ်စီရင်မှုပေါင်း ၁၂၉ ခုရှိခဲ့ကာ အီရတ်အစိုးရသည် သေဒဏ် စီရင်ခြင်းကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဟက်ဆန်အယ်လ်ရှမ်မရီက ပြီးခဲ့ သည့် မတ်လက အခိုင်အမာ ပြောကြားခဲ့သည်။

Ref:AFP

No comments:

Post a Comment