ကမ္ဘာ့ပေါ်တွင် ကိုးကွယ်သည့် ဘာသာကြီးအသီးသီးကို အကာနှင့် အနှစ်ဆိုပြီး ၂
ပိုင်းခွဲကြည့်မိသည်။ ဘာ သာတရား အဆောက်အဦများ၊ ကိုးကွယ်သူများ၊
ကိုးကွယ်သူများ၏ ပြုမူဆောင်ရွက်ပုံများကို အကာပိုင်းဟု သတ် မှတ်ပြီး
အနှစ်ပိုင်းတွင်တော့ ဘာသာတရား၏ အဆုံးအမသြ၀ါဒ၊ ကျင့်ကြံပုံများကို
သတ်မှတ်နိုင် သည်။
အကာအနေဖြင့် ကြည့်ပါက ဗုဒဘာသာနိုင်ငံများတွင် လူအများ၏ တစ်ဦးချင်းစီအလိုက် သဒ္ဒါတရား၊ ကိုး ကွယ် ဆည်းကပ်ပုံများသည် မြင်သူအပေါင်းကို နှစ်လိုကြည်ညိုဖွယ် ဖြစ်သော်လည်း အဖွဲ့အစုလိုက် ပေါင်း စု လုပ် ဆောင်မှုများတွင်တော့အခြားဘာသာများနှင့် ယှဉ်ကြည့်လျှင် အားနည်းနေသည့် အသွင်ဆောင်သည်။
ဘာသာတရား၏ အနှစ်သာရ အရဆိုလျှင် ခြိုးခြံခြွေတာခြင်း၊ တပ်မက်မှုတဏှာကို ပယ်ဖျက်ခြင်းတို့ကြောင့် ဗုဒ၏အဆုံးအမတရားတော်များကို ဆက်လက်ဖြန့်ဖြူးသည့် သံဃာတော်များ၏ ၀တ်ဆင်သည့် သင်္ဃန်း သည် နွမ်းပါးသည့် အသွင်ဆောင်သည်။ ဖိနပ်မပါ၊ မိုးမကာသည့် နေထိုင်ကျင့်ကြံမှုများနှင့် တောရဆောက် တည်ကာ တရားအားထုတ်သည်။ တောကျောင်းဆောင် တစ်ကိုယ်စာတွင် နေထိုင်ကာ မြတ်သော အကျင့်ကို ကျင့်ကြံကြသည်။ ထိုဆရာတော်သံဃာများကိုကြည့်၍ ဘာသာဝင်တို့ နှစ်လို ကြည်ညိုကြသည်။
ဗုဒ္ဒဘာသာသည်ကိုးကွယ်ရန် လွယ်ကူသည် ကျင့်ကြံရန် ခက်ခဲသည်။ ဤတွင် ကန်တော့ခြင်းမှ အစပြုလို သည်။ ဗုဒဘာသာတို့တွင် ကန်တော့ခြင်းအတွက် ထိခြင်း ၅ ပါးကဲ့သို့ အတိအကျ ပြဌန်းမှုရှိသော်လည်း ယနေ့ အခါတွင်တော့ မတ်တပ်လည်း ကန်တော့နိုင်သည်။ ပဆစ်တုပ်လည်း ကန်တော့နိုင်သည်။ တရားပွဲ တစ်ခု တွင် ကန်တော့ ဆိုသည့် အချိန်၌ ညီညာမှုသည် မရှိသည်ကိုလည်း မြင်ခဲ့ရသည်။ ကန်တော့ချိုး တစ်ခုပြီးတိုင်း ကန်တော့ကြသူ ရှိသည်။ မကန်တော့ ကြသူများလည်း ရှိသည်။ ဆရာတော် မှ ကန်တော့ ဆိုသည့် အချိန်တွင်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ကန်တော့ကြသည်လည်း ရှိသည်။ တရားပွဲ တစ်ခု၌ ဘယ်အချိန်တွင် ကန်တော့ရမည် ဆိုသည်ကို မသိသူများလာခြင်းပေလားဟု တွေးမိသည်။
အနောက်တိုင်း ရုပ်ရှင်များကို ကြည့်မိသည့် အခါတွင်တော့ ရိုက်ကူးသူ ဒါရိုက်တာများသည် အခြားဘာသာ ၀င်များသည့် ပတ်သက်သည်များကို ရိုက်ကူးသည့်အခါ အထူးသတိထားကြသည်ကိုလည်း တွေ့ရသည်။ ဘာသာတရားတိုင်းတွင်ရှိသည့် ယုံကြည်မှုအကြောင်းကို ဖော်ပြနိုင်စွမ်းရှိကြသည်။ လူတိုင်းကိုယ်ကိုးကွယ် သည့် ဘာသာကို အကြွင်းမဲ့ယုံကြည်လက်ခံကြကြောင်း သိသာစေသည်။ ဂန္ဒီအကြောင်း ရေးထားသည့် စာအုပ်တစ်အုပ်တွင်မူ အိန္ဒိယ၌ ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်းဖြစ်စဉ်က သားနဲ့သမီး အသတ်ခံရသည့် ဟိန္ဒူဘာသာဝင်တစ်ဦးကဂန္ဒီအားထိုအကြောင်း ဒေါသနှင့်လာပြောစဉ်တွင် ဂန္ဒီကြီးမှသည်းခံဖို့ ပြော ခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ အခြား တစ်ဖက်တွင်လည်း ဘုရားသခင်က ကျွန်တော် တို့အတွက် အရာရာကို ဖန်ဆင်းသည် ဆိုသော အယူအဆကို ယုံကြည်လက်ခံသူများလည်း ရှိသည်။
ဘာသာတရား အချို့၏ ဘာသာရေး ခေါင်းဆောင်များသည် လူသတ်စစ်ပွဲများတွင် အခန်းကဏ္ဍ တစ်ရပ်မှ ပါဝင် ခဲ့ကြဖူးသည့် သာဓကများ ရှိသည်။ ထိုအပြုအမူများအတွက် ကင်းလွတ်မှုများလည်း ရှိသည်။ ဗုဒ္ဒဘာ သာတွင်မူ ထိုအပြုအမူအတွက် အားပေးခြင်းမရှိ။ အကြမ်းဖက်မှုသည် ဗုဒဘာသာ၏ အကာလည်း မဟုတ်၊ အနှစ်လည်း မဟုတ်ပေ။
ယနေ့ ၉၆၉ ဆိုသည်မှာ ဗုဒဘာသာ၏ တစ်ခေတ်ပြောင်းလဲလာသော အကာပင် ဖြစ်သည်။ ရည်ရွယ်ချ က် တွင် မည်သည့် အကြမ်းဖက်မှုမှ ပါဝင်ခြင်း မရှိ။ ၉၆၉ ကဲ့သို့သော အယူအဆကို ဘာသာတရား အသီးသီး တွင် ရှေး နှစ်ပေါင်း များစွာထဲက ကျင့်သုံးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဗုဒဘာသာဝင် လူပုဂ္ဂိုလ်များ ကလည်း ၉၆၉ ကဲ့သို့ ရည်ရွယ်ချက် ဆန်သည့် ကြိုးပမ်း အားထုတ်မှုများ ပြုလုပ်ခဲ့ကြဖူးသည်။
နိဂုံးဆိုရပါလျှင် ၉၆၉ ဆိုသည်ကား အနှစ်သာရ ကောင်းမွန်သည့် ဘာသာတရား တစ်ခု၏ အကာ ပင်ဖြစ် သည်။ ကောင်းမွန်သောအကာဖြင့်သာ အနှိုင်းမဲ့သောအနှစ်၏တန်ဖိုးကို မြင့်တက်စေမည်သာ ဖြစ်ေ ပတော့ သည်။
(တရားစခန်း ၀င်လာသူ တစ်ဦး၏ ပြောပြချက်ကို ရေးပေးခြင်းသာ ဖြစ်သည်။)

From....OppositEyE
No comments:
Post a Comment