Tuesday, April 23, 2013

ဘော်စတွန် ဗုံးခွဲမှု သံသယ တရားခံကို စစ်ဆေးမေးမြန်းရန် စောင့်ဆိုင်းနေရဆဲ

ဘော်စတွန် မာရသွန်ပြိုင်ပွဲ ဗုံးခွဲမှုနှင့် စပ်လျဉ်းသည့် သံသယ တရားခံကို မေးမြန်း စစ်ဆေးရန် အကြမ်း ဖက်မှု တိုက်ဖျက်ရေး အရာရှိများက အနေဖြင့် စောင့်ဆိုင်းနေရဆဲဟု သိရှိရသည်။

အသက်(၁၉)နှစ်ရှိ ဇိုခါဆာနေ့ဗ်ကို ဝါးတားတောင်းရှိ အိမ်တစ်လုံးနောက်ဘက် လှေအတွင်း ခိုအောင်းနေ စဉ် ဒဏ်ရာများနှင့် ဖမ်းဆီးရမိခဲ့ပြီး ဖြစ်သော်လည်း ဘော်စတွန် ရဲများအနေဖြင့် ၎င်းကိုစစ်ဆေးနိုင်ခြင်း မရှိသေးချေ။ လတ်တလောတွင် ဆာနေ့ဗ်သည် အသေဖမ်းဆီးရမိခဲ့သည့် အစ်ကိုဖြစ်သူအား သယ်ဆောင် လာသည့် ဘာ့သ်အစ္စရေး သာသနာပြု ဆေးရုံတွင် အနီးကပ် ကြပ်မတ်ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ဆာနေ့ဗ်သည် အသက်ရှင်နေဆဲ ဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဟု ယူဆရပြီး FBIကလည်း အသေးစိတ် အချက်အလက်များကို ကြေညာခြင်း မရှိသေးချေ။

ဆာနေ့ဗ်၏ စစ်ချက်ကို အမေရိကန်၏ ထိပ်ဆုံးအဆင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့များက ကိုင်တွယ် ရယူဖွယ်ရှိနေသည်။ ဆာနေ့ဗ်တို့ ညီအစ်ကို လက်ချက်ကြောင့် ကလေးငယ် (၁)ဦးအပါအဝင် လူ(၃)ဦး သေဆုံးကာ (၁၇၀)ကျော် ဒဏ်ရာများရရှိခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ဗုဒ္ဓဟူးနေ့ကလည်း ရဲအရာရှိတစ်ဦးကို ပစ်သတ်ကာ တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ကြောင်း စွပ်စွဲခံထားရသေးသည်။ အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန်ရှိသူများက (၂၀၁၂)ခုနှစ်တွင် ညီအစ်ကိုနှစ်ဦးအနက် အစ်ကိုဖြစ်သူ တာမာလန်ဆာနေ့ဗ် ရုရှားသို့ (၆)လကြာ သွားရောက်ခဲ့မှုသည် ယခုတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် ကွင်းဆက်မျိုး ဖြစ်နိုင်ရန် မျှော်လင့်နေပြီး ယင်းအချက်ကို အဓိက ဦးတည်စစ်မေးဖွယ် ရှိနေသည်။ ထိုစဉ်က တာမာလန်သည် အစ္စလာမ်မစ်စစ်သွေးကြွများ အဓိကလှုပ်ရှားသည့် နယ်မြေဖြစ်သော ဒါဂီစတန် သို့ ရောက်ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Source: Reuters

No comments:

Post a Comment